ရန်ပုံငွေအလွဲသုံးစားလုပ်မှုအတွက် ဒေါ်နယ်ထရမ့် ဒေါ်လာ ၂ သန်း ပြန်လည်ပေးဆောင်ရမည်ဟု တရားရုံး အမိန့်ချ

ရန်ပုံငွေအလွဲသုံးစားလုပ်မှုအတွက် ဒေါ်နယ်ထရမ့် ဒေါ်လာ ၂ သန်း ပြန်လည်ပေးဆောင်ရမည်ဟု တရားရုံး အမိန့်ချ

နိုဝင်ဘာ ၈ ။          ။ ဖောင်ဒေးရှင်း ရန်ပုံငွေ အလွဲသုံးစားမှုဖြင့် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်အနေဖြင့် ဒေါ်လာ ၂ သန်း ပြန်လည်ပေးဆောင်ရလိမ့်မည် ဖြစ်ကြောင်း နိုဝင်ဘာ ၇ ရက်တွင် နယူးယော့ခ် တရားရုံး တရားသူကြီးတစ်ဦးက အမိန့်ချမှတ်လိုက်သည်။

ဒေါ်နယ်ထရမ့်အနေဖြင့် ၎င်း၏ နိုင်ငံရေး၊ စီးပွားရေး အကျိုးစီးပွားကို ပံ့ပိုးရန်အလို့ငှာ ၎င်း၏ ယခင် ပရဟိတလုပ်ငန်း ရန်ပုံငွေများကို အသုံးပြုခဲ့သည့်အတွက် ယခုကဲ့သို့ ဒေါ်လာ ၂ သန်း ပြန်လည် ပေးဆောင်ရန် ညွန်ကြားလိုက်ခြင်း ဖြစ်သည်။

Trump Foundation ရန်ပုံငွေများကို အလွဲသုံးစား လုပ်ခဲ့မှုအတွက် သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ကန်ဒေါ်လာ ၂ သန်း ပေးဆောင်ရမည်ဖြစ်ကြောင်း နယူးယော့ခ် တရားသူကြီးတစ်ဦးက အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ထရမ့်အနေဖြင့် အကျိုးအမြတ်မယူ အဖွဲ့အစည်း အစုအဖွဲ့တစ်စုအပေါ် ထိခိုက်မှုများ ရှိစေခဲ့သည်အတွက် ယင်းအပေါ် ပြန်လည် ပေးဆောင်ရမည် ဖြစ်ကြောင်း နယူးယော့ခ် တရားရုံးချုပ် တရားသူကြီး Saliann Scarpulla က ပြောကြားသည်။

ဒေါ်နယ်ထရမ့်၏ Trump Foundation သည် ဥပဒေနှင့် မညီသော လုပ်ဆောင်ချက်များ လုပ်ဆောင်ထားခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်ကဆိုလျင်  ယင်းအဖွဲ့နှင့် ထရမ့် မဲဆွယ်အဖွဲ့အကြား မလျော်ကန်သည့် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြောင်း စွပ်စွဲကာ ယမန်နှစ် ဇွန်လက နယူးယော့ခ် ပြည်နယ် ရှေ့နေချုပ် Letitia James က တရားစွဲဆိုထားခဲ့သည်။

အဆိုပါ တရားစွဲဆိုမှုကြောင့်လည်း ထရမ့်အနေဖြင့် ၎င်း၏ ပရဟိတအဖွဲ့ Trump foundation ကို ပြီးခဲ့သည့် ဒီဇင်ဘာလက ပိတ်ခဲ့ရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly