ဂျပန် ဆိပ်ကမ်းတစ်ခုတွင် စံချိန်တင် ကိုကင်း ကီလို (၄၀၀) ကို ဖမ်းမိ

ဂျပန် ဆိပ်ကမ်းတစ်ခုတွင် စံချိန်တင် ကိုကင်း ကီလို (၄၀၀) ကို ဖမ်းမိ

နိုဝင်ဘာ ၈ ။         ။ ခန့်မှန်းခြေ ကန်ဒေါ်လာ ၇၃ သန်း တန်ဖိုးရှိ စံချိန်တင် များပြားသည့် ကိုကင်း ၄၀၀ ကီလိုဂရမ်ကို ဂျပန် အာဏာပိုင်များ ဖမ်းမိခဲ့ကြောင်း သိရသည်။

 အဆိုပါ ကိုကင်းများကို ကိုဘီမြို့ ဆိပ်ကမ်းတစ်ခုကို သက်ဆိုင်ရာက ဝင်ရောက်စီးနင်းခဲ့စဉ် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း ဂျပန် အကောက်ခွန် ဌာန ပြောရေးဆိုခွင့် ရှိသူတစ်ဦးက နိုဝင်ဘာ ၈ ရက်တွင် ပြောသည်။

အဆိုပါ စံချိန်တင် ကိုကင်းဖမ်းဆီးမှုကို ပြီးခဲ့သည့်လက လုပ်ဆောင်ထားခဲ့ခြင်းဖြစ်သော်လည်း နိုဝင်ဘာ ၈ ရက်ကျမှ အများကို ထုတ်ပြန်လာခြင်း ဖြစ်သည်။

အဆိုပါ ကိုကင်း ဖမ်းမိမှုနှင့် စပ်လျင်း၍ လက်ရှိတွင် စုံစမ်းစစ်ဆေးနေဆဲ ရှိသည့်အတွက် နောက်ထပ် အသေးစိတ်အချက်အလက်များ ထုတ်ပြန်နိုင်ခြင်း မရှိကြောင်း ဂျပန် တာဝန်ရှိသူများက ပြောသည်။

“ ဒါက ပမာဏနဲ့ ကြည့်ရင် စံချိန်တင် များပြားတဲ့ ပမာဏပါ” ဟု ပြောရေးဆိုခွင့် ရှိသူက အေအက်ဖ်ပီသို့ ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လက အီချီ စီရင်စုရှိ အခြား ဆိပ်ကမ်းတစ်ခုတွင် ဖမ်းမိရမိခဲ့သော ကိုကင်း ၁၇၇ ကီလိုထက် ယခု ဖမ်းမိမှုက အတော်ပင် ပိုမိုများပြားနေလျက် ရှိသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly