တောင်ဆူဒန်မှာ ရေကြီးရေလွှမ်းမှုကြောင့် လူ လေးသိန်းနီးပါး ဘေးလွတ်ရာ ရွှေ့ပြောင်း

တောင်ဆူဒန်မှာ ရေကြီးရေလွှမ်းမှုကြောင့် လူ လေးသိန်းနီးပါး ဘေးလွတ်ရာ ရွှေ့ပြောင်း

ဂျူဘာ၊ နိုဝင်ဘာ ၈ ။                           ။ တောင်ဆူဒန်နိုင်ငံ၌ မိုးသည်းထန်ပြီး ရေကြီးရေလွှမ်းမှု ဖြစ်ပွားနေရာ နေအိမ်များကို စွန့်ခွာပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းကြရသည့် ပြည်သူပေါင်း လေးသိန်းနီးပါး ရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားရေးရုံးက ထုတ်ပြန်သည်။

ရေကြီးမှုကြောင့် လူပေါင်း ၄၂၀၀၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းကြရပြီးနောက် နိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာထားသည်။

ထိုသို့ မိုးသည်းထန်ပြီး ရေလွှမ်းမှုများသည် တောင်ဆူဒန်နိုင်ငံတင်မက အရှေ့အာဖရိကတစ်ဝန်း ဘေးကြုံတွေ့နေရခြင်း ဖြစ်ပြီး သေဆုံးသူ ၅၀ ထက်မနည်း ရှိကြောင်း ကုလသမဂ္ဂက သတိပေး ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့တွေ တိရစ္ဆာန်အသေကောင်တွေ၊ အမှိုက်သရိုက်တွေ ရေမှာ ဘောလောမျောနေတာတဲ့အတူ နေနေရတာ ဖြစ်တယ်။”ဟု တောင်ဆူဒန်နိုင်ငံ ပီဘောမြို့က ဒေသခံတစ်ဦးက ပြောသည်။

အိမ်နီးချင်းဖြစ်သော အီသီယိုးပီးယားတွင်လည်း လူပေါင်း နှစ်သိန်းကျော်ထက်မနည်း နေရပ်ရွှေ့ပြောင်းရပြီး ကင်ညာနိုင်ငံတွင် လူပေါင်း ၁၇၀၀၀ ကျော် နေရပ်ရွှေ့ပြောင်းရကာ သေဆုံးသူက ၄၈ ဦး ရှိကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly