ပြည်ထောင်စုအဆင့် တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာန ထပ်မံ ဖွဲ့စည်းပေးရန်အဆို ရှုံးနိမ့်

07 November 2019
ပြည်ထောင်စုအဆင့် တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာန ထပ်မံ ဖွဲ့စည်းပေးရန်အဆို ရှုံးနိမ့်

ကျောင်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း တင်သွင်းခဲ့သည့် ပြည်ထောင်စုအဆင့် တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာန ထပ်မံဖွဲ့စည်းပေးရန် အဆိုကို မဲခွဲဆုံးဖြတ်ခဲ့ရာ ရှုံးနိမ့်သွားခဲ့သည်။ နိုဝင်ဘာ ၇ ရက်နေ့ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းဝေးတွင် ဦးသိန်းထွန်း ၏ အဆိုကို ကိုယ်စားလှယ် ၁၄ ဦးက ဆွေးနွေးပြီးနောက် အဆိုရှင်၏ သဘောထားနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ သဘောထား ကွဲလွဲနေသည့် အတွက် မဲခွဲဆုံးဖြတ်ရာမှာရှုံးနိမ့်ခဲ့ခြင်းလည်း ဖြစ်သည်။ ရိုက်ကူး၊ တည်းဖြတ်- အောင်မြတ်သူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required