မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်ကို ကိုယ်တိုင်ခံဝန်ဖြင့် အာမခံပေး

မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်ကို ကိုယ်တိုင်ခံဝန်ဖြင့် အာမခံပေး
ဓာတ်ပုံ - (အဓိပတိ)

နိုဝင်ဘာ ၇ ၊မန္တလေး ။       ။ တပ်မတော်ကို ဂုဏ်သိက္ခာကျဆင်းထိခိုက်အောင် ပြောဆိုခဲ့သည်ဟုဆိုကာ တပ်မတော်အရာရှိတစ်ဦး၏ တရားစွဲဆိုခြင်း ခံထားရသည့် မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယာဝံ သာဘိဝံသကို နိုဝင်ဘာလ ၇ ရက် နံနက်ပိုင်းက ကိုယ်တိုင်ခံဝန်ဖြင့် ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက အာမခံပေးလိုက်သည်။

"ဒီကနေ့ရဲ့ လုပ်ဆောင်ချက်ကိုပြောရမယ်ဆိုရင် ဆရာတော် ရုံးရောက်တဲ့အတွက် ဆရာတော့ကို ကိုယ်တိုင်ခံဝန်ပေါ့ ။ ကိုယ်တိုင်အာမခံပေးထားပေးတယ်။" ဟု ပြည်ကြီးတံခွန်မြို့နယ်တရားရုံး သတင်းပြန်ကြားရေး အရာရှိ ဦးအောင်ကျော်ဦးကပြောသည်။

ဆရာတော်အား တရားစွဲဆိုရန်အတွက် တပ်မတော်သား အရာရှိတစ်ဦးက ပြည်ကြီးတံခွန်တရားရုံးတွင် အောက်တိုဘာလ ပထမအပတ်က ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

တရားရုံးဦးတိုက်လျှောက်ထားမှုအား ရဲတပ်ဖွဲ့သို့ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တရားရုံးက ချထားပေးပြီး စုံစမ်းစစ်ဆေးတွေ့ရှိချက်များအရ အသရေဖျက်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀ ဖြင့် တရားရုံးစွဲတင် ခဲ့ခြင်းလည်းဖြစ်သည်။

"နိုင်ငံကို ထိန်းကြောင်း ပဲ့ပြင်ဖို့ရာတာဝန် ဘုန်းကြီးတို့မှာရှိပြီးသားပါ၊ ဘုန်းကြီးတို့ကတော့ တိုင်းပြည်ကို ထိခိုက် နစ်နာအောင် လုပ်တဲ့ဟာမှန်သမျှ ထောက်ပြဝေဖန်တာတွေလုပ်သွားမယ် "ဟု မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသာဘိဝံသ က မိန့်ကြားသည်။

အမှုတွင် တရားလိုပြသက်သေ ငါး ဦးအား တရားရုံးတွင် တင်ပြထားပြီး နိုဝင်ဘာလ ၂၂ ရက်နေ့သို့ ထပ်မံရုံးချိန်း ပေးခဲ့ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly