ဆိုင်ကလုန်းမုန်တိုင်း ဘာဘ်ဘယ်ကြောင့် စပါးစိုက်တောင်သူအချို့ အခက်ကြုံ

ဆိုင်ကလုန်းမုန်တိုင်း ဘာဘ်ဘယ်ကြောင့် စပါးစိုက်တောင်သူအချို့ အခက်ကြုံ
U Chit Kyaw

နိုဝင်ဘာရ ၊ရန်ကုန်။           ။ ဆိုင်ကလုန်းမုန်တိုင်း ဘာဘ်ဘယ်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းသဖြင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ စပါးစိုက်တောင်သူအချို့ စပါးစိုက်ပျိုး ရိတ်သိမ်းရာတွင်  အခက်အခဲကြုံ တွေ့နေရသည်ဟု  တောင်သူအချို့က ပြောသည်။

နိုဝင်ဘာလ (၇)ရက်နေ့ မြန်မာစံတော်ချိန် မနက် ၅နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသော မုန်တိုင်းငယ်သည် အာကောင်းလာပြီး ဆိုင်က လုန်းမုန်တိုင်း ဘာဘ်ဘယ် အဖြစ်ရောက်ရှိကာ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးအချို့တွင်  မိုးကြီးလျက်ရှိသည်ဟု မိုးဇလက သတင်းထုတ်ပြန်ထားသည်။

ထိုသို့ အချိန်အခါမဟုတ်ဘဲ မိုးရွာသွန်းမှူများကြောင့် စပါးရိတ်သိမ်းရာမှာ ရိတ်လက်စပါးများ၊ ရိတ်မည့် စပါးများ အပင်လိုက်လဲကျခြင်း၊ ရေလွှမ်းခြင်း၊ စပါးအရေအတွက် ရိတ်သင့်သလောက် မရရှိခြင်း၊ စပါးအရည်အသွေး မပြည့်မှီခြင်း၊ ရိတ်သိမ်းပြီး စပါးများ လေလွင့်ခြင်းတို့ ကြုံနေရပြီး ဆက်လက်မိုးကြီးလာပါက စပါးစျေးပါကျနိုင်တယ်လို့ မှ တောင်သူ ဦးသိန်းအောင်က သုံးသပ်သည်။

“တကယ်လို့ မိုးက များလာမယ်ဆိုရင် အပျက်အစီး၊ အဆုံးအရှုံးများသွားနိုင်တဲ့ အနေအထားတော့ ရှိတယ်၊ မုန်တိုင်းဝင်ပြီဆိုရင်တော့ ဧရာဝတီအောက်ပိုင်းဒေသတွေမှာ စပါးပျက်ပြီ။ အထက်ပိုင်းဒေသတွေမှာ ရိတ်ပြီး သား တချို့ ပျက်စီးပြီး၊ မရိတ်ရသေးတာ တချို့ လဲမယ်ဆိုရင် အပျက်အစီးကြီးနိုင်တယ်၊ လက်ရှိမှာတော့ မုန်တိုင်း မဝင်သေးဘူး၊ တရက်၊ နှစ်ရက် ထပ်စောင့်ကြည်ရမယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ  လယ်သမား ဦးသိန်းအောင်ကပြောသည်။

အခြေခံစပါးစျေး တင်း(၁၀၀)လျှင် ကျပ် ငါးသိန်း  သတ်မှတ်ထားသော်လည်း  မိုးစိုစပါးများကို Dryerနှင့်  ပြန်ခြောက်အောင်လုပ်ပြီး ဝယ်ယူရသဖြင့် လယ်သမားများနှင့် စျေးညှိနှိင်းဝယ်ယူကြောင်း  မိဘဂုဏ်ရည် ဆန်စက်ပိုင်ရှင် ကိုမျိုးသက်က ပြောသည်။

ယခုနှစ်အတွင်း အချိန်အခါမဟုတ် မိုးရွာခြင်းများကြောင့် ယခင်နှစ် မိုးစပါးထွက်နှုန်းထက် (၃၀)ရာခိုင်နှုန်းလျော့ကျနိုင်ေကြာင်းလို့ စိုက်ပျိးရေးပညာရှင်များက ခန်မှန်းထားသည်။

နိုဝင်ဘာလ (၇)ရက်နေ့ မြန်မာစံတော်ချိန် မနက် ၅နာရီခွဲအချိန် တိုင်းထွာချက်များအရ ဧရာဝတီတိုင်းဒေသကြီးအတွင်း နှစ်ရက်အတွင်း မိုးဆက်လက်ရွာသွန်းပြီး ရွာရန် ရာနှုန်းပြည့် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly