ဒီဇင်ဘာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဗြိတိန်ဝန်ကြီးချုပ် မဲဆွယ်စည်းရုံး

ဒီဇင်ဘာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဗြိတိန်ဝန်ကြီးချုပ် မဲဆွယ်စည်းရုံး

နိုဝင်ဘာ ၇ ။         ။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်သည် လာမည့် ဒီဇင်ဘာ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုကို နိုဝင်ဘာ ၆ ရက်က စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းနေ့က ဘာမင်ဂမ်မြို့တွင် ကွန်ဆာတေးဗစ်ပါတီအပေါ် ထောက်ခံသူများအကြား ဘော်ရစ်ဂျွန်ဆင်က မဲဆွယ်စည်းရုံးမှု လုပ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

တစ်ဆက်တည်းမှာပင် တုန့်ဆိုင်းမှုများ ရှိနေခဲ့သည့် ပါလီမန်ကို ဖယ်ထုတ်ရန်နှင့် ဘရက်ဇစ် (Brexit) ကို ပြီးပြတ်အောင် လုပ်ဆောင်နိုင်ရေးအတွက် ရွေးကောက်ပွဲသစ်တစ်ရပ် မဖြစ်မနေ လိုအပ်ကြောင်း ဂျွန်ဆင်က ပြောသွားသည်။

အစဉ်အလာအားဖြင့် အတိုက်အခံ လေဘာပါတီ အင်အားစု၏ အမာခံနယ်မြေတွင် လုပ်ဆောင်ခဲ့သော မဲဆွယ်စည်းရုံးပွဲတွင် ဝန်ကြီးချုပ် ဂျွန်ဆင်က ဘရက်ဇစ်ကို သတ်မှတ်ရက်မတိုင်မီ ပြီးပြတ်အောင် လုပ်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုသွားသည်။

အဆိုပါ အီးယူနှင့် ခွာပြဲမည့် သဘောတူညီချက်ကို ပါလီမန်ကနေတဆင့် ပြီးပြတ်အတည်ပြုနိုင်ရေးနှင့် ဗြိတိန်ကို အီးယူအုပ်စုထဲကနေ လာမည့် ဇန်နဝါရီ ၃၁ ရက်မတိုင်မီ နုတ်ထွက်နိုင်ရေးအတွက် ၎င်းတို့ ကွန်ဆာတေးဗစ်ပါတီအတွက် အမတ်နေရာအများစု အနိုင်ရရန် လိုအပ်ကြောင်း၊ ယင်းအတွက်ကြောင့် မဲဆန္ဒရှင်များက မဲပေးကြရန် လိုကြောင်း ဂျွန်ဆင်က တိုက်တွန်းစည်းရုံးသွားခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required