ရွှေစက်တော်တွင် စွန့်ပစ်ရွှေလှောင်စက္ကူများအား ရွှေမိုက်ထုတ်ယူရာ ရွှေ၂၈ကျပ်သားကျော် ရရှိ

ရွှေစက်တော်တွင် စွန့်ပစ်ရွှေလှောင်စက္ကူများအား ရွှေမိုက်ထုတ်ယူရာ ရွှေ၂၈ကျပ်သားကျော် ရရှိ

နိုဝင်ဘာ ၇။            ။ ၂၀၁၉ ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော် အောက်ခြေတော်ရာနှင့် အထက်ခြေတော်ရာအတွင်း ဘုရားဖူးပြည်သူများ ရွှေသင်္ကန်းကပ်လှူရာမှ စွန့်ပစ်ရွှေလှောင်စက္ကူများအား ရွှေမိုက်ထုတ်ယူခဲ့ရာ သန့်စင်သောရွှေချိန် ၂၈ကျပ်သားကျော် ရရှိကြောင်း ဂေါပကအဖွဲ့ဘဏ္ဍာရေးမှူး (၁) ဦးအောင်ကြည်က ပြောသည်။

မန်းရွှေစက်တော်ဘုရားကြီးမှ ၂၀၁၇ခုနှစ်ဘုရားပွဲတော်ကာလအပြီး ရွှေလှောင်စက္ကူများမှ ရွှေမိုက်ထုတ်ယူခဲ့ရာ ရွှေချိန်၂၆ကျပ်သား ၇ပဲ ၅ရွေး ၁ခြမ်းရရှိခဲ့ပြီး၊၂၀၁၈ခုနှစ်ပွဲတော်ကာလအပြီး ရွှေလှောင်စက္ကူများ မှရွှေမိုက် ထုတ်လုပ်ခဲရာ ရွှေချိန်၂၉ကျပ်သား ၉ပဲ ၇.၂၅ရွေး ရရှိခဲ့ကြောင်း ဂေါပကအဖွဲ့ထံက သိရသည်။

ရွှေမိုက်ထုတ်ယူရန်အတွက် ရွှေလှောင်စက္ကူများ၊ ကော်ဇော၊ သစ်ဆေးပုံး၊ သုတ်တံ၊ ရွှံ့ရေ၊ဂွမ်းအလေးချိန်များကို ချိန်တွယ်ကာအောက်တိုဘာလ ၃၁ရက်နေ့မှ စတင်ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းကိုစတင်ဆောင်ရွက်ခဲ့ပြီး နိဝင်ဘာလ ၅ရက်တွင် ထုတ်ယူပြီးစီးခဲ့ကြောင်း သိရသည်။

“ဘုရားမှာ ပြည်သူတွေရွှေချပြီးသားစက္ကူ ရွှေလှောင်စက္ကူကို ရွှေမိုက်ထုတ်မယ်ဆိုရင် ပထမအဆင့်မှာ ရွှေလှောင်စက္ကူတွေနဲ့ကော်ဇေား၊သစ်ဆေးပုံးစတာတွေကို မီးရှို့ပြီးပြာချယူရတယ်၊ ဒီပြာတွေကိုခဲ၊ဗှိုက်၊လက်ချား သုံးမျိုးနဲ့ ရောသမမွှေပြီး ငါးပိသာ၊ ဆယ်ပိသာခန့် အတုံးတွေပြုလုပ်ပါတယ်၊ ဒါတွေကို ပေါင်းတဲ့အိုးထဲထည့်ပြီး မီးပြင်းပြင်းပေးတယ် သူ့ဒြပ်စင်ချောတွေဆင်းပြီးရလာတဲ့ချော်ခဲတွေကို ပြာ၊မြေနီနဲ့ရောစပ်ပြီး ဘိုက်ကွက် ရိုက်လိုက်ပါတယ်၊ နောက်မီးပေးပြီး အရည်ပျော် ခဲချိုးတွေထုတ်လုပ်တော့ အကျွတ်ရွှေ ဘိုက်ကျွတ်ရွှေ ရမယ်၊နောက်၂ရက် ၃ရက်လောက်ဆို သန့်စင်တဲ့ရွှေရရှိတာဖြစ်ပါတယ်” ဟု မုံရွာမြို့နေ ရွှေမိုက်ထုတ်လုပ်ပေးသူ ဦးသိန်းဇော်ကပြောသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ် တပိုတွဲလဆန်း(၅)ရက်နေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပလျှက်ရှိသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly