ပင်လယ်ကွေ့ ရေကြောင်းသွားလာမှု ကာကွယ်ရန် အမေရိကန်က မဟာမိတ်များကို လေ့ကျင့်သင်ကြားပေးနေ

ပင်လယ်ကွေ့ ရေကြောင်းသွားလာမှု ကာကွယ်ရန် အမေရိကန်က မဟာမိတ်များကို လေ့ကျင့်သင်ကြားပေးနေ

နိုဝင်ဘာ ၆ ။         ။ ပင်လယ်ကွေ့ဒေသရှိ ပြဿနာရှိနေသည့် ရေလမ်းကြောင်းများကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် အမေရိကန်ရေတပ်က ယင်း၏ မဟာမိတ်များကို လေ့ကျင့် သင်ကြားပေးနေလျက် ရှိကြောင်း သိရသည်။

ဘာရိန်းနိုင်ငံ ပြင်ပ ပင်လယ်ကွေ့ ဒေသတွင် လုပ်ဆောင်သော နိုင်ငံတကာ ပင်လယ်ရေကြောင်း လေ့ကျင့်မှု IMX အတွင်း အမေရိကန်က ယင်း၏ နိုင်ငံတကာ မဟာမိတ်များကို လေ့ကျင့်သင်ကြားမှုများ လုပ်ဆောင်ပေးနေလျက်ရှိသည်။

အဆိုပါ ပင်လယ်ကွေ့ဒေသတွင် ပြီးခဲ့သည့် ကာလများအတွင်း ရေယာဉ်သင်္ဘောများ တိုက်ခိုက်ခံရမှုဖြစ်စဉ်များ ပေါ်ပေါက်ထားခဲ့ရာ ဒေသတွင်း တင်းမာမှုများလည်း မြင့်တက်ထားခဲ့သည်။

ယခုအခါ ဝါရှင်တန်အနေဖြင့် ယင်းပင်လယ်ကွေ့ဒေသတွင် အီရန်ကို ထိန်းချုပ်နိုင်ရန် အလို့ငှာ မိတ်ဆွေနိုင်ငံများနှင့်အတူ မဟာမိတ်ညွန့်ပေါင်းအုပ်စုထူထောင်ရန် ကြိုးပမ်းနေလျက် ရှိသည်။

ပြီးခဲ့သည့် မေလ နောက်ပိုင်း ပင်လယ်ကွေ့တွင် ကုန်စည်ကူးသန်းသည့် သင်္ဘောများ တိုက်ခိုက်ခံရမှုဖြစ်စဉ်များ ပေါ်ပေါက်ပြီးနောက် ယခု IMX လေ့ကျင့်မှုကို ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်တွင် စတင်လုပ်ဆောင်ခဲ့သည်။ ယင်း လေ့ကျင့်မှုသည် သီတင်းပတ် သုံးပတ် ကြာမြင့်မည်ဖြစ်သည်။

ပင်လယ်ကွေ့ဒေသ သင်္ဘောများ ဖမ်းဆီးခံရမှုဖြစ်စဉ်တွင် ဝါရှင်တန်နှင့် အခြား အနောက်အုပ်စု နိုင်ငံများက အီရန်အပေါ် အပြစ်ဖို့ထားသော်လည်း အီရန်ဘက်က ပြန်လည် ငြင်းဆိုထားခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required