ချီလီမှာ ဆန္ဒပြသူများနှင့် ရဲများအကြား ထိပ်တိုက်တွေ့ပြီး အပြန်အလှန် တိုက်ခိုက်

ချီလီမှာ ဆန္ဒပြသူများနှင့် ရဲများအကြား ထိပ်တိုက်တွေ့ပြီး အပြန်အလှန် တိုက်ခိုက်

နိုဝင်ဘာ ၆ ။            ။ ဆန္ဒပြပွဲများနှင့်အတူ မငြိမ်မသက်ဖြစ်နေသည့် ချီလီနိုင်ငံတွင် နိုဝင်ဘာ ၅ ရက်က ဆန္ဒပြသမားများနှင့် ရဲများအကြား ထိပ်တိုက်တွေ့ပြီး အပြန်အလှန် တိုက်ခိုက်မှုများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အစိုးရ၏ မအောင်မြင်သော စီးပွားရေး မူဝါဒများအပေါ် ရှုတ်ချရန် ရည်ရွယ်ပြီး ဆန္ဒပြလူအုပ်စုကြီးသည် မြို့တော် ဆန်တီယာဂိုတွင် ထပ်မံ စုဝေးခဲ့ကြစဉ် ယခုကဲ့သို့ ရုန်းရင်းဆန်ခတ် အခြေအနေများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအခြေအနေများအတွင်း ချီလီ သမ္မတ ဆီဘတ်ရှန် ပီညဲရားအား ရာထူးမှ နုတ်ထွက်ရန်လည်း ဆန္ဒပြသူများဘက်က တောင်းဆိုနေကြလျက် ရှိသည်။

သို့သော် သမ္မတ ပီညဲရားကမူ ၎င်းအနေဖြင့် ဖိအားပေးခံနေရသော်ငြား ရာထူးမှ နုတ်ထွက်မည် မဟုတ်ကြောင်း နိုဝင်ဘာ ၅ ရက်က ကြေညာသွားသည်။

ယင်းနိုင်ငံတွင် ဆင်းရဲချမ်းသာ ကွာဟမှု၊ လူမှုဆိုင်ရာ အခြေအနေများ ညံ့ဖျင်းမှု တို့အပေါ် ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်ထားခဲ့ပြီး လူသေဆုံးမှုများလည်း ရှိနေခဲ့သည်။

ယခုအခါ ယင်း ဆန္ဒပြပွဲများသည် သီတင်းပတ် သုံးပတ်အထိ ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required