လက်ဘနွန်မှာ ဆန္ဒပြသူတွေက အစိုးရကို ဆက်လက်ဖိအားပေး

လက်ဘနွန်မှာ ဆန္ဒပြသူတွေက အစိုးရကို ဆက်လက်ဖိအားပေး

ထရီပိုလီ၊ နိုဝင်ဘာ ၅ ။          ။ လက်ဘနွန်နိုင်ငံမှာ ဆန္ဒပြသူတွေဟာ တနင်္လာနေ့အဖွင့်မှာပဲ အဓိကလမ်းမကြီးတွေကို ပိတ်ဆို့ထားသလို အစိုးရဌာနအချို့ကိုလည်း တားမြစ်ပိတ်ဆို့ထားပါတယ်။

နိုင်ငံရေး ကတိကဝတ်တွေ ပျက်ကွက်ရာကနေ မကြုံစဖူး ဆန္ဒပြပွဲတွေ ဖြစ်ပွားပေါ်ပေါက်နေတာ ဖြစ်ပြီး အကြီးစား လူစုရုံးချီတက်မှုတွေနဲ့ အစိုးရကို ဆန့်ကျင်လျက် ရှိနေတာပါ။

ထိရောက်တဲ့ နိုင်ငံရေးစနစ် အလုံးစုံ ပြုပြင်ပြောင်းလဲရေးနဲ့ အကျင့်ပျက်ခြစားမှု အမြစ်ဖြတ်ရေးတွေအတွက် အောက်တိုဘာ ၁၇ ရက်ကစပြီး နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားပေါ်ပေါက်လာခဲ့တာဟာ အစိုးရအတွက် ခေါင်းခဲစရာပဲ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ဆန္ဒပြလှုပ်ရှားမှုတွေဟာ အစိုးရ နုတ်ထွက်ရေး ဖိအားပေးလာပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ပြီး အလုံးစုံ ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ ချွေးသိပ်တာကိုလည်း ပယ်ချလိုက်ကြပါတယ်။

တနင်္လာနေ့က ဆန္ဒပြသူတွေက ယုံကြည်အားထားရတဲ့ အစိုးရ ဖွဲ့စည်းပေးရေးအပါအဝင် ၎င်းတို့ တောင်းဆိုတာ မှန်သမျှ မလိုက်လျောမချင်း လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ဆက်လက်ဆင်နွဲသွားမှာဖြစ်ကြောင်း စိတ်ပိုင်းဖြတ်ရင်း ဆန္ဒပြစုရုံးမှုတွေကို ပြန်လည်စတင်လာတော့တာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required