မန္တလေး - ဗန်းမော် ကားလမ်း ကျောက်ကြီးကျေးရွာတွင် ခရီသည်တင်ယာဉ်တစ်စီးတိမ်မှောက် ၁၃ဦးသေဆုံး

မန္တလေး - ဗန်းမော် ကားလမ်း ကျောက်ကြီးကျေးရွာတွင် ခရီသည်တင်ယာဉ်တစ်စီးတိမ်မှောက် ၁၃ဦးသေဆုံး

မန္တလေး၊ နိုဝင်ဘာ ၅ ။           ။ မန္တလေး-ဗန်မော်ကားလမ်း သပိတ်ကျင်းမြို့နယ်၊ကျောက်ကြီးကျေးရွာအနီးတွင် နိုဝင်ဘာ ၅ရက် နံနက်ပိုင်းက ခရီးသည် ၄၂ ဦး လိုက်ပါလာသော ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး  ၁၃ဦး သေဆုံးခဲ့ကြောင်း သပိတ်ကျင်းမြို့နယ် ရဲစခန်းက သိရသည်။

“မော်လမြိုင် မဟာမြိုင်ဟိတဓရဓမ္မစကူးအဖွဲ့က အဖွဲ့ဝင်တွေ ဇလုံတောင်ကို ဘုရားဖူးသွားတဲ့ ကား မှောက်တာဖြစ်ပါတယ်။ သေဆုံးတာက သံဃာတော်နှစ်ပါး၊ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး ဆယ်ဦး စုစုပေါင်း ၁၃ဦး သေဆုံးခဲ့ပါတယ်”  ဟု သပိတ်ကျင်းမြို့နယ် ရဲစခန်းမှ တာဝန်ကျ အရာရှိတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့သည် ဘုရားဖူးရန်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေကူမြို့နယ်ရှိ တောရကျောင်းတစ်ခုသို့ ကထိန်ခင်းရန်အတွက် မော်တော်ယာဉ် သုံးစီးဖြင့် ထွက်ခွာလာစဉ် ယာဉ်တစ်စီးတိမ်းမှောက်ကာ ယာဉ်တစ်စီး ဘီးချော်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိမ်းမှောက်သည့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများမှာ သေဆုံးဒဏ်ရာရမှုများဖြစ်ပွားခြဲ့ခင်း ဖြစ်သည်။

ယခုဖြစ်စဉ်အတွက် ထိခိုက်ဒဏ်ရာရရှိသူများကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးလျက် ရှိကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီး)မှ ဥက္ကဌ ဦးလှိုင်မင်းဦးထံက သိရသည်။

ယခုဖြစ်စဉ် အတွက် ခရီးသည်တင်ယာဉ်မောင်းနှင်သော ယာဉ်မောင်းအား ပုဒ်မ ၃၀၄(က)၊ ၃၃၇/၃၃၈ ဖြင့် သပိတ်ကျင်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required