နိုင်ငံ၏ စီးပွားရေး ပိုမိုဖွင့်လှစ်ပေးသွားမည်ဟု တရုတ်သမ္မတ ကတိပြု

နိုင်ငံ၏ စီးပွားရေး ပိုမိုဖွင့်လှစ်ပေးသွားမည်ဟု တရုတ်သမ္မတ ကတိပြု

နိုဝင်ဘာ ၅ ။    ။ တရုတ်နိုင်ငံရဲ့ စီးပွားရေးကို နိုင်ငံတကာနဲ့အကြား ပိုမို ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်းနဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေးစာချုပ်တွေကို ထောက်ခံအားပေးမှာဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် က နိုဝင်ဘာ ၅ ရက်မှာ ထုတ်ဖော်ကတိပြုလိုက်သွားပါတယ်။

တရုတ်သမ္မတဟာ ရှန်ဟိုင်းမြို့မှာ ကျင်းပတဲ့ ကုန်သွယ်မှု ပြပွဲတစ်ခုမှာ တက်ရောက်ဖွင့်လှစ်ခဲ့ပြီး တစ်ကမ္ဘာလုံးအနေနဲ့ နံရံတွေကို ဖြိုဖျက်ကြရမှာဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

သမ္မတ ရှီကတော့ ရှန်ဟိုင်းမြို့ သွင်းကုန်ပြပွဲတစ်ခုမှာ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ယင်းပွဲမှာ ပြင်သစ် သမ္မတ Emmanuel Macron လည်း တက်ရောက်ခဲ့ပါတယ်။

ဒါဟာ တရုတ် အစိုးရအနေနဲ့ ယင်းရဲ့ ပြည်တွင်း စျေးကွက်တွေကို ယခုထက် ထပ်မံ ဖွင့်လှစ်ပေးသွားဖို့ ဆန္ဒရှိတယ်ဆိုတာကို ထုတ်ဖော်ပြသသွားတာလည်း ဖြစ်ပါတယ်။

“ ကမ္ဘာ့ အသိုင်းအဝိုင်းအနေနဲ့ ပိတ်ဆို့ကာရံနေတဲ့ နံရံတွေကို ဖြိုချပစ်ရမှာပါ၊ နံရံတွေကို တည်ဆောက်ရမှာမဟုတ်ပါဘူး၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒနဲ့ တစ်ဖက်သတ်ကျမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြရပါမယ်၊ နောက်ပြီး ကုန်သွယ်ရေး အတားအဆီးတွေကို ဆက်လက်လျှော့ချသွားရပါမယ်” ဆိုပြီး သမ္မတရှီက ပြောသွားခဲ့ပါတယ်။

လက်ရှိမှာတော့ အမေရိကန်နဲ့ တရုတ်အကြား နှစ်ချီ ကုန်သွယ်ရေးစစ်ပွဲတစ်ခု ဖြစ်ထားခဲ့ပြီး ယခုအခါ နှစ်ဘက်အကြား တစ်စိတ်တစ်ပိုင်း ကုန်သွယ်ရေးသဘောတူညီချက်တစ်ခု ရဖို့ လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့လက ထုတ်ဖော်ထားခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required