အလယ်တန်းကျောင်းအုပ်ဆရာတစ်ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

အလယ်တန်းကျောင်းအုပ်ဆရာတစ်ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
ဓာတ်ပုံ -  အောင်ကျော်ဇင်(ရေစကြို)

မကွေ၊နိုဝင်ဘာ ၅။        ။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် အလယ်တန်းပြ ကျောင်းအုပ်ဆရာတစ်ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ရေစကြိုမြို့မရဲစခန်းက သိရသည်။

ရေစကြိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၃ ရက်နေ့ည ၉ နာရီအချိန်ခန့်က မူးယစ်ဆေးဝါး သတင်းအရ နယ်ထိန်းရဲတပ်ကြပ်ကြီး ဌေးမောင်၊ ရဲတပ်ကြပ် ရန်လင်းအောင်၊ ရဲဒုတပ်ကြပ် မင်းနိုင်ရဲဒုတပ်ကြပ် အောင်ဇော်လင်း၊ ရဲတပ်သား ပြည့်ဖြိုး၊ သတင်းရဲတပ်ဖွဲ့မှ ရဲဒုတပ်ကြပ် ဇော်ဝင်းထွန်း၊ အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်၊ ရာအိမ်မှူး ဦးတင်အေး တို့နှင့်အတူ အမှတ်(၇)နှစ်ထောင်ပြည့်ရပ်ကွက် လဝန်းသစ် လမ်းပေါ်တွင် စောင့်ဆိုင်းနေစဉ် အလယ်တန်းပြ ကျောင်းအုပ်ဆရာ ဝင်းထက်နောင်မှ လဝန်းသစ် လမ်း ဘယ်ဘက်ခြမ်းအတိုင်း တောင်မှ မြောက်သို့ လမ်းလျှောက်လာသည်ကို တွေ့ရှိရ၍ ခေါ်ယူစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ဝင်းထက်နောင်၏ ခန္ဒာကိုယ်၌ မူးယစ်ဆေးဝါးများ မတွေ့ရှိရသည့် အတွက် ဆက်လက်စစ်ဆေးမေးမြန်းဆောင်ရွက်ခဲ့ရာ လဝန်းသစ်လမ်းထိပ်၊ ယာဘက်ဘေးရေမြောင်း အနီးတွင် ဝှက်သိမ်းထားခဲ့သော ကွမ်းယာအိတ်အတွင်း မီးတိတ်အနက်ဖြင့် ပတ်လျက်ထည့်ထားသည့် WY စာတမ်းပါ စိတ်ကြွဆေးပြား ၆၇ပြား ၊ ၆.၇ဂရမ်ခန့် ကာလတန်ဖိုး တစ်ပြားလျှင်၅၀၀၀ကျပ်ခန့်နှုန်းဖြင့် တန်ဖိုးငွေ ၃၃၅၀၀၀ ကျပ်ခန့် တို့အား သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရေစကြိုမြို့ အမှတ်(၇)နှစ်ထောင်ပြည့်ရပ်ကွက်တွင် နေထိုင်သော ရေစကြိုမြို့နယ် သရက်ပင်ကန် ကျေးရွာအုပ်စု အ-လ-က ထန်းပင်ချောင်းကျေးရွာ၌ တာဝန်ထမ်းဆောင်နေသည့် အလယ်တန်း ကျောင်အုပ် ဆရာ ဦးဝင်းထက်နောင်အား ရေစကြိုမြို့မရဲစခန်းမှ မယ(ပ)၁/၂၀၁၉ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ တတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ - ၁၉(က)ဖြင့် အမှုဖွင့်လှစ်ကာ ဆက်လက်စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ရေစကြို မြို့မ ရဲစခန်းက သိရသည်။

 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly