ဂျပန်မှာ တစ်ပတ် အလုပ်လုပ်ရက် (၄) ရက် စနစ် Microsoft စမ်းသပ်၊ ထုတ်လုပ်နိုင်စွမ်း ၄၀ ရာခိုင်နှုန်း မြင့်တက်

ဂျပန်မှာ တစ်ပတ် အလုပ်လုပ်ရက် (၄) ရက် စနစ် Microsoft စမ်းသပ်၊ ထုတ်လုပ်နိုင်စွမ်း ၄၀ ရာခိုင်နှုန်း မြင့်တက်

နိုဝင်ဘာ ၅။           ။ လက်ရှိ နိုင်ငံတကာမှာ တစ်ပတ်ကို အလုပ်လုပ်ရက် လေးရက် ထားရှိတဲ့ စနစ် ကျင့်သုံးတဲ့ အရွယ်အစားသေး ကုမ္ပဏီအရေအတွက်ဟာ တစ်ဖြည်းဖြည်း များလို့ လာနေပါတယ်။ ယခုအခါမှာလည်း Microsoft ကုမ္ပဏီမှာ မကြာသေးခင်က စမ်းသပ်မှုတစ်ခုရဲ့ ရလဒ်တွေအရ ယင်း တစ်ပတ် အလုပ်လုပ်ရက် လေးရက်စနစ်ဟာ အရွယ်အစားအကြီးဆုံး ကုမ္ပဏီကြီးတွေဆီမှာလည်း အလုပ်ဖြစ်နိုင်တယ်ဆိုတာကို ပြသနေလျက် ရှိပါတယ်။

ယင်းကုမ္ပဏီဟာ ယခုနှစ်နွေတုန်းက “Work Life Choice Challenge” လို့ ခေါ်တဲ့ ပရိုဂရမ်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါကတော့ ယင်းရဲ့ ရုံးတွေကို သြဂုတ်လမှာ အပတ်စဉ် သောကြာနေ့တိုင်းကိုပါ ပိတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဝန်ထမ်းအားလုံးကို အပတ်စဉ်အတိုင်း အားလပ်ရက် အပိုတစ်ရက် ထပ်ရသွားစေခဲ့တာဖြစ်ပါတယ်။

ရလဒ်တွေကတော့ မယုံနိုင်စရာပါ။ အလုပ်မှာ ကုန်ဆုံးရတဲ့ အချိန်ပမာဏကို သိသိသာသာ လျှော့ချလိုက်နိုင်တဲ့အခါမှာတော့ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ ရောင်းအားနှုန်းနဲ့ တိုင်းတာတဲ့ ထုတ်လုပ်နိုင်စွမ်းအားကတော့ ယခင်နှစ် အလားတူကာလနဲ့ ယှဉ်ရင် ၄၀ ရာခိုင်နှုန်းနီးပါး တက်လာခဲ့တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

အလုပ်ချိန် နာရီ လျှော့ချတဲ့အပြင် ဝန်ထမ်းတွေကို အစည်းအဝေးတွေမှာ၊ အီးမေးလ် ပြန်တဲ့နေရာတွေမှာ ကုန်ဆုံးတဲ့အချိန်တွေကို လျှော့ချဖို့ မန်နေဂျာတွေက တိုက်တွန်းခဲ့ပါတယ်။

အစည်းအဝေးတွေဟာ အများဆုံး နာရီဝက်ထက် မကျော်သင့်ဘူးလို့ ၎င်းတို့က အကြံပြုပါတယ်။

သက်ရောက်မှုတွေက ကျယ်ပြန့်ပါတယ်။ ယင်းနောက်ပိုင်း ဂျပန်မှာ ရှိတဲ့ Microsoft ဝန်ထမ်း ၂,၂၈၀ ရဲ့ ၉၀ ရာခိုင်နှုန်းကျော်လောက်ကတော့ ဒီလုပ်ဆောင်ချက်သစ်တွေကြောင့် သက်ရောက်မှု ရှိခဲ့တယ်လို့ ပြောကြားပါတယ်။

ဒါ့အပြင် အပတ်စဉ်အတိုင်း စောစောစီးစီး ရုံးပိတ်ခြင်းအားဖြင့် ကုမ္ပဏီအနေနဲ့ လျှပ်စစ်မီးလိုမျိုး အခြား ရင်းမြစ်တွေကိုလည်း ချွေတာနိုင်ခဲ့ပါတယ်။

ယခင်ကာလကြာကတည်းက ဂျပန်မှာ အလုပ်လုပ်ချိန် များလွန်းအားကြီးလို့ လူသေဆုံးစေတဲ့အထိ အခြေအနေတွေ ရှိခဲ့တဲ့အတွက် ယခုလို အစီအစဉ်မျိုးကတော့ အချိန်ကိုက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required