အမေရိကန် သံရုံးစီးနင်းမှု နှစ် ၄၀ ပြည့် အီရန် ကျင်းပ

အမေရိကန် သံရုံးစီးနင်းမှု နှစ် ၄၀ ပြည့် အီရန် ကျင်းပ

တီဟီရန်၊ နိုဝင်ဘာ ၅။            ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရုပ်ပြောင်ပုံတူတွေနဲ့ အတူ အီရန်က လမ်းတွေပေါ် ဆန္ဒပြသူတွေဟာ တနင်္လာနေ့မှာ ဆန္ဒပြကြပါတယ်။

တီဟီရန်မြို့တော်က လမ်းတွေမှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ အမေရိကန်သံရုံးကို ဝင်ရောက်စီးနင်းမှု နှစ် ၄၀ ပြည့်မြောက်နေ့ကို ကျင်းပဆင်နွှဲကြတာလည်း ဖြစ်ပါတယ်။

အဲဒီ သံရုံးစီးနင်းမှုကြောင့် အမေရိကန်နဲ့ အီရန်အကြား သံတမန်ဆက်ဆံရေး အေးခဲသွားခဲ့ပြီး လက်ရှိ နှစ် ၄၀ အကြာမှာ အီရန်ခေါင်းဆောင်တွေရဲ့ အမေရိကန်နဲ့ နျူကလီးယားဆွေးနွေးပွဲကို ပယ်ချတဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပြီးလည်း ခုလို ဆန္ဒပြ ကျင်းပကြတာပါ။

၁၉၇၉ မှ ၈၁ အထိ ရက်ပေါင်း ၄၄၄ အကြာ အမေရိကန်သံရုံးကို စီးနင်းမှု ဖြစ်ပွားခဲ့တာပါ။

အီရန်ရဲ့ ခေါင်းဆောင် အလာတိုလက်ခိုမေနီကို သစ္စာခံတဲ့ ကျောင်းသားတွေဟာ အမေရိကန်သံရုံးကို စီးနင်းပြီး သံရုံးဝန်ထမ်းတွေကို ရက်ပေါင်း ၄၄၄ အကြာ ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အချိန်ကစလို့ အေးခဲသွားတဲ့ ဆက်ဆံရေး ရှိထားရာမှာ အီရန်ရဲ့ အင်အားကြီး နိုင်ငံခြောက်နိုင်ငံနဲ့ ချုပ်ဆိုတဲ့ နျူကလီးယား သဘောတူညီချက်ကနေ အမေရိကန်ဟာ မနှစ်က နုတ်ထွက်လိုက်ပြီးနောက်မှာ နှစ်နိုင်ငံကြား ဆိုးဝါးတဲ့ ဆက်ဆံရေး ဖြစ်တည်လာခဲ့တာပဲ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required