အမေရိကန်ဟာ အစ္စလာမ်ကမ္ဘာကို စစ်ဆင်နေပြီး အိုင်အက်စ်ကို ဖန်တီးခဲ့ဟု အီရန် စွပ်စွဲ

အမေရိကန်ဟာ အစ္စလာမ်ကမ္ဘာကို စစ်ဆင်နေပြီး အိုင်အက်စ်ကို ဖန်တီးခဲ့ဟု အီရန် စွပ်စွဲ

တီဟီရန်၊ နိုဝင်ဘာ ၄ ။                ။ အစ္စလာမ်ကမ္ဘာမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတိုင်းမှာ အမေရိကန်ဟာ ပါဝင်နေပြီး အိုင်အက်စ်လို အကြမ်းဖက်အဖွဲ့တွေနဲ့ အာဏာသိမ်းကြံစည်မှုတွေကို ဖန်တီးနေတယ်လို့ အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် စစ်ဦးစီးချုပ်က စွပ်စွဲပြောဆိုပါတယ်။

“ပြီးခဲ့တဲ့ နှစ် ၄၀ အတွင်း ဒေသတွင်းနဲ့ အစ္စလာမ်ကမ္ဘာမှာ ဖြစ်ပွားတဲ့ စစ်ပွဲတိုင်း အမေရိကန်ဟာ သွယ်ဝိုက်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ပါဝင်နေပြီး လူပေါင်း ၈ ဒသမ ၅ သန်းအထိ သေဆုံးခဲ့ရတယ်။”လို့ စနေနေ့က အီရန်စစ်ဦးစီးချုပ် ဟိုစိန်ဆာလာမီက ပြောပါတယ်။

အမေရိကန်ဟာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်ဆိုပြီး တစ်ဖက်မှာက ကမ္ဘာ့အနှံ့ စစ်ပွဲတွေရဲ့ အဓိက အစိတ်အပိုင်းဖြစ်နေကာ လက်နက်အကြီးစား တင်ပို့နေသူဖြစ်တယ်လို့ ဆာလာမီက ဆိုပါတယ်။

“အမေရိကန်ရဲ့ စစ်ရေးအင်အားဟာ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်အောင် အခွင့်အရေး မပေါ်လာအောင် ဖြစ်တယ်လို့ ပြောတယ်။ ဒါပေမယ့် ဖျက်အားပြင်းလက်နက်တွေကို ဆန့်ကျင်ပြောဆိုနေပေမယ့် အမေရိကန်ဟာ ကမ္ဘာမှာ ပထမဆုံး နျူကလီးယားပိုင် နိုင်ငံဖြစ်သလို ဒါကို အသုံးပြုခဲ့တဲ့ ပထမဆုံးနိုင်ငံလည်း ဖြစ်တယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။

အမေရိကန်ဟာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်နေပြီး လူ့အခွင့်အရေးကို ကာကွယ်နေတယ်လို့ ပြောပေမယ့် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအရင် သမ္မတဟောင်း အိုဘားမားရဲ့ လက်ထက်မှာ အိုင်အက်စ်အဖွဲ့ကို မွေးဖွားပေးလိုက်တယ်ဆိုတာကို ဝန်ခံထားကြောင်း ဆာလမီက အမေရိကန်သံရုံးမှာ ကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required