ဆီးရီးယား အရှေ့မြောက်ရှိ မြန်မာ ဆေးတပ်သားတစ်ဦး မော်တာကျည်မှန်၍ သေဆုံးဟု NGO ပြော

ဆီးရီးယား အရှေ့မြောက်ရှိ မြန်မာ ဆေးတပ်သားတစ်ဦး မော်တာကျည်မှန်၍ သေဆုံးဟု NGO ပြော
Zau Seng, at far right, with Joseph, Dave, and David after successful rescues this week in Syria. Photo: Free Burma Rangers (FBR)

တူရကီလိုလားသော တပ်ဖွဲ့များက ပစ်ခတ်လိုက်သည့် မော်တာကျည်ကြောင့် ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အစိုးရမဟုတ်သောအဖွဲ့အစည်းအတွက် အလုပ်လုပ်နေသူ မြန်မာနိုင်ငံသား ဆေးတပ်သားနှင့် ဓာတ်ပုံဆရာတစ်ဦး သေဆုံးသွားခဲ့ကြောင်း အဆိုပါအဖွဲ့က ပြောကြားချက်အရ သိရသည်။

တူရကီတပ်ဖွဲ့များနှင့် ၎င်းတို့၏ ရုပ်သေးတပ်ဖွဲ့များက လွန်ခဲ့တဲ့လအတွင်း နယ်စပ်ဖြတ်ကျော်ကာ ဆီးရီးယားမြောက်ပိုင်းရှိ ကာဒ့်တိုက်ခိုကရေးသမားများကို တိုက်ခိုက်ခြင်းကြောင့် ရာနှင့်ချီပြီး သေဆုံးမှုများရှိခဲ့ကာ ထောင်ပေါင်းများစွာသော လူထုကြီး နေအိမ်စွန့်ခွာထွက်ပြေးရမှှုများရှိခဲ့သည်။

တူရကီနှင့် ဆီးရီးယားအစိုးရ၏ အဓိက မဟာမိတ်ဖြစ်သော မော်စကို၏ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုတစ်ခု အောက်တိုဘာ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ပြီးနောက် တိုက်ခိုက်မှုများ အတော်လေးလျော့ ပါးသွားသော် လည်း  ကြိုကြားတိုက်ခိုက်မှုလေးများတော့ ရှိနေဆဲဖြစ်သည်။
မြန်မာပြည်လွတ်မြောက်ရေးရိန်းဂျား (Free Burma Rangers- FBR) ၏ အပြောအရ မြန်မာပြည်မှ သူတို့၏ တပ်ဖွဲ့ဝင်တစ်ယောက်သည် တူရကီစစ်တပ်၏ ပတ်ခတ်လိုက်သော မော်တာကျည်ကြောင့် တနင်္ဂနွေနေ့က သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

“ ဓာတ်ပုံဆရာလည်းဖြစ်တဲ့ မြန်မာပြည်သား ဆေးတပ်သားတစ်ယောက် ယနေ့ ကျဆုံးသွားသည်” ဟု တယ်လ် တမာမြို့ မြောက်ဘက်ရှိ အဖွဲ့ ခေါင်းဆောင် ဒေးဗစ် ယူဘန့်ခ်က ကြေညာချက်တွင် ပြောသည်။

မော်တာကျည်သည် “ ကျွန်တော်တို့ ပုံမှန်စုဝေးပြီး ဒဏ်ရာရသူတွေကို ပြုစုပေးတဲ့ ရှေ့တန်းဒဏ်ရာရ စုကောက်မြေကို ထိမှန်ခဲ့တယ်” ဟု အမေရိကန်စစ်ပြန်က ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အီရတ်တပ်ဖွဲ့တစ်ခုလည်း ဒဏ်ရာရသွားခဲ့သည်ဟုဆိုသည်။

ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်အဖွဲ့၏ ဆီးရီးယားပြည်တွင်းရှိ သတင်းအရင်းအမြစ်များကို ကိုးကား၍ပြောကြားရာတွင် အဆိုပါ တိုက်ခိုက်မှုသည် ရာရှီဒီယာ ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

ကာဒ့်တို့ဦးဆောင်သော ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားရာတွင် အနီးအနားတစ်ဝိုက် တိုက်ပွဲငယ်များ ဖြစ်ပွားလျှက်ရှိသည်ဟု ဆိုသည်။
“ တယ်လ် တမာ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ မူစတယ်ဖာ ဘာလီက အေအက်ဖ်ပီသို့ ပြောသည်။

အမေရိကန်ပြည်ထောင်စု လွန်ခဲ့တဲ့လက ကြေညာရာတွင် အစ္စလာမ်မစ်နိုင်ငံထူထောင်ရေး ဂျီဟာဒ့်အုပ်စုကို တိုက်ခိုက်နေခဲ့သော ကာဒ့်တို့ကို နှစ်ပေါင်းများစွာ အားကိုးအားထားပြုပြီးသောအခါမှ ၎င်း၏တပ်ဖွဲ့များ ဆီးရီးယားမြောက်ပိုင်းမှ ဆုတ်ခွာနေခဲ့သည်ဟုဆိုသည်။

ဝါရှင်တန်၏လုပ်ရပ်က အမေရိကန်တပ်များထွက်သွား၍ လစ်ဟာသွားသော နေရာကိုဖြည့်ရန် တူရကီစစ်တပ်ကို ထိုးစစ်ဆင်မှုများဖြစ်စေခဲ့ပြီးနောက် တစ်ပိုင်းတစ်စ ကိုယ်ပိုင်အုပ်ချုပ်ရေးရထားသော ကာဒ့်အာဏာ ပိုင်တို့ကိုလည်း ဒမတ်စကတ်အုပ်စုနှင့် ပြန်လည်ချဉ်းကပ်သွားစေခဲ့သည်။

ယူဘန့်သည် FBR ကို မြန်မာနိုင်ငံတွင် ၁၉၉၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး သမ္မာကျမ်းစာထဲမှ အပိုဒ်တစ်ခုဖြစ်သော ဆင်းရဲသားများအတွက်  “သတင်းကောင်းများဟောပြောပို့ချမှု” နှင့် “ အဖိနှိပ်ခံများ လွှတ်ပေးရန်” တို့ကို ဆောင်ပုဒ်အဖြစ် အသုံးပြုနေခဲ့သည်။

ယခုနှစ်အစောပိုင်းက အဆိုပါအဖွဲ့အသည် IS များ နောက်ဆုံးထိန်းထားရာ ဆီးရီးယား အရှေ့ဖျားဒေသမှ လူပေါင်း ထောင်ပေါင်းများစွာကို ရွှေ့ပြောင်းပေးရာတွင် ကူညီပေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required