ဘုရာနီဘုရား ရပ်ကွက်ပြည်သူများက ဂေါပကအသစ်အား ဒေသခံများလက်မခံသဖြင့် ဆန္ဒထုတ်ဖော်

ဘုရာနီဘုရား ရပ်ကွက်ပြည်သူများက ဂေါပကအသစ်အား ဒေသခံများလက်မခံသဖြင့် ဆန္ဒထုတ်ဖော်

နိုဝင်ဘာ ၄။      ။ မန္တလေးမြို့ ၈၁လမ်း၊ ၂၁လမ်းနှင့် ၂၂လမ်းကြားရှိ ဘုရာနီဘုရားအနီးရှိ ရပ်ကွက်နေပြည်သူများ လက်မခံ သဖြင့် နိုဝင်ဘာ ၄ရက်နေ့ နံနက် ကိုးနာရီခန့်က အင်အား ၁၀၀ကျော်ခန့်ဖြင့် ဆန္ဒထုတ်ဖော်မှု တခုကိုပြုလုပ်ခဲ့ ကြောင်းသိရသည်။

ဆန္ဒထုတ်ဖော်မှုတွင် မဟန ညွှန်ကြားလွှာအမှတ် ၃၆ ဆန့်ကျင်သူ ပြည်သူရန်သူ၊ ဘက်လိုက်ဆောင်ရွက်နေ သော မယက အလိုမရှိ၊ မြို့နယ်သာသနာရေးမှူးပါ ၆ဦးနှင့် စိစစ်ဖွဲ့စည်းထားသော  ဂေါပကအဖွဲ့သစ် ဖျက်သိမ်း ပစ်၊ ဘက်လိုက်ဆောင်ရွက်စိစစ်ထားသော ခရိုင်သာသနာရေးမှူး အရေးယူပေး၊ ဘာသာ သာသနာတော်ကြီး အဓွန့်ရှည်ပါစေ စသည့်တို့ကို ဟစ်ကြွေးခဲ့ကြကြောင်းသိရသည်။

`` နေစရာရှိပြီးသားပါ၊ ရပ်ကွက်ဒေသခံ ထောက်ခံမှုနဲ့ ဂေါပကလုပ်ငန်းလုပ်နေတယ်၊ သာသနာ့ပြုလုပ်ငန်းတွေ ပြုလုပ်နေတယ်၊ ဘုရားနီဘုရားထဲမှာရှိတဲ့ စူဠာမဏိ(ဓာတ်ပေါင်း)စေတီတော်ကြီး နှစ် ၁၀၀ပြည့်ပွဲတော်ကို တောင်သူတို့သွားကန့်ကွက်ပါတယ် ၊ ကျွန်တော်တို့က အသိအမှတ်မပြုပါဘူး၊ ကျွန်တော်တို့မှာ သြဝါဒစရိယ ဆရာတော်တွေရှိတယ်၊ ကျွန်တော်တို့ စည်းမျဉ်းစည်းကမ်းတွေရှိတယ်၊ ဥပါသကာပြည့်စုံတဲ့ ဘုရား၊တရား၊သံ ဃာတည်းဟူသော ကိုးကွယ်ယုံကြည့်ကြတဲ့ ဥပါသကာပြည့်စုံတဲ့ ဂေါပကတွေဖြစ်တယ်၊ နောက်တခု သြဝါဒစရိ ယာဆရာတော်တွေလည်းရှိတဲ့အတွက် အင်္ဂါရပ်သုံးရပ်ပြည့်စုံတဲ့အတွက်ကျွန်တော်တို့သာ ဂေါပကအဖွဲ့ဝင်တွေ ဖြစ်ပါတယ်၊`` ဟု ဂေါပကအဖွဲ့ဝင်လည်းဖြစ် ဦးဆောင်ဆန္ဒဖော်ထုတ်သူဖြစ်သည့် ဦးခင်မောင်သဲကပြော သည်။

လက်ရှိအခြေအနေများအတွက် ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သူများက ဂေါပကအဖွဲ့အသစ် ဖွဲ့စည်းခြင်းအားလက် မခံသဖြင့် သက်ဆိုင်ရာထံသို့ စာတင်သွားမည့်အပြင် ဖြေရှင်းမပေးပါက ဆက်လက်ဆန္ဒဖော်ထုတ်သွားမည်ဖြစ် ကြောင်းသိရသည်။

ဒေသခံတစ်ဦးဖြစ်သည့် ပုလဲငွေရောင်ရပ်ကွက်နေထိုင်သူ ဒေါ်မာမာနွယ် `` သူတို့က ပိုက်ဆံရှိတယ်ဆိုပြီး ဂေါ ပအဖွဲ့လုပ်တာ ပိုက်ဆံရှိတိုင်းလုပ်လို့မရဘူး၊ ဒါက ပရဟိတအလုပ်၊ ဒီမှာက ကျွန်မတို့အရင်က ချုံနွယ်ပိတ်ပေါင်း  တွေနဲ့ မြတ်တောတွေပဲရှိတာ၊ ဒါကြောင့် ကျွန်မတို့နဲ့အတူတူလုပ်လာတဲ့သူကိုပဲလက်ခံမယ်၊ ကျွန်မတို့ပြောနေ တာတွေကို သက်ဆိုင်ရာက လက်မခံဘူးဆိုရင် ကျွန်မတို့ ဆက်လက်ဆန္ဒဖော်ထုတ်သွားမှာဖြစ်ပါတယ်``ဟု ပြောသည်။

ဂေါပကအသစ်ဖွဲ့စည်းခြင်းအတွက် အောင်မြေသာစံမြို့နယ် မြို့နယ် သံဃာမဟာနယကရုံးတွင် နိုဝင်ဘာ ၃ရက် နေ့ အသစ်၊ အဟောင်းများကို ဖိတ်ကြားပြီး လွှဲပြောင်းရယူရေးအတွက် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း၊ ဂေါပ ကအဖွဲ့ဟောင်းမှ မည့်သူတဦးတစ်ယောက်တက်ရောက်လာခဲ့ခြင်းမရှိသဖြင့် ဆရာတော်အား မည့်ကဲ့သို့ဆောင် ရွက်ရမည်ကို မေးမြန်းခဲ့ရာတွင် မြို့နယ်သံဃာမဟာနယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်မှ ဂေါပကအဖွဲ့အသစ် ဖွဲ့ စည်းဆောင်ရွက်နိုင်ရန်အတွက် အထက်သို့ တင်ပြပေးသွားမည်ဟုပြောကြားခဲ့ကြောင်း ဂေါပကအဖွဲ့သစ်နယက ဦးသိန်းအောင်ကပြောသည်။

`` ဂေါပကအဖွဲ့သစ်ရဲ့ လုပ်ငန်းတာဝန်တွေကို ဆက်လက်ဆောင်ရွက်ဖို့အတွက် အထက်ကိုတင်ပြပါမယ့်၊ ဓမ္မစက်နဲ့လုပ်ကိုင်လို့မရရင် အာဏာစက်နဲ့လုပ်ရပါ့မယ်လို့ မိန့်ကြားခဲ့ပါတယ်၊ ကျွန်တော်တို့လည်းကြားသိခဲ့ရပါ တယ်၊``ဟု ၎င်းကပြောသည်။

ဘုရားနီဘုရားကြီး၏ ဂုဏ်ဒြပ်၊ ဘုန်တန်ဖိုးထွန်းတောက်မှုနှင့် သင့်တင့်လျော်ညီသော ပွင့်လင်မြင်သာ ထင်ရှား စွာဖြင့် ဘာသာ၊သာသနာတော်အကျိုးကို  တိုးတက်ပြန့်ပွားစေရန် ကိုယ်ကျိုးမဖက် အမှန်တကယ် သာသနာပြု ဆောင်ရွက်နိုင်မည့်  ဂေါပကဥက္ကဋ္ဌဆရာတော်ဘုရားကြီး ဦးဆောင်ကြီးကြပ်မှုဖြင့် အမြန်ဆုံးဖွဲ့စည်းပေးနိုင်ရန်အ တွက် တင်ပြထားကြောင်းလည်းသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required