၂၀၀၈ ဖွဲ့စည်းပုံ ပြောင်းလဲပြင်ဆင်ရေး ဟု အသံဟလိုက်ရင် တရားစွဲခံနေရပြီလားဟု မေးခွန်းထုတ်

04 November 2019
၂၀၀၈ ဖွဲ့စည်းပုံ ပြောင်းလဲပြင်ဆင်ရေး ဟု အသံဟလိုက်ရင် တရားစွဲခံနေရပြီလားဟု မေးခွန်းထုတ်

 

၂၀၀၈ ဖွဲ့စည်းပုံ ပြောင်းလဲပြင်ဆင်ရေး ဟု အသံဟလိုက်ရင် တရားစွဲခံနေရပြီလားဟု ပြည်ထောင်စု ရှေ့နေများ နှင့် ဥပဒေ အထောက်အကူပြုသူများ အဖွဲ့ ဥက္ကဌ ဖြစ်သည့် တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က မေးခွန်းထုတ်လိုက်သည်။ ၂၀၁၉ ခုနှစ် ဧပြီလ ၃ ရက်နေ့က တနသာင်္ရီတိုင်းဒေသကြီး ကော့သောင်းမြို့ရှိ သုံး မိုင် ပြည်သူ ရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပြည်သူ့ဆန္ဒ လူထုထောက်ခံပွဲ တွင် ပါဝင်ဟောပြောခဲ့ကြသည့် ဖြစ်သည့် တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်၊ ကဗျာဆရာ စောဝေ နှင့် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင် တို့ကို ထောင်ဒဏ် နှစ် နှစ် အထိ အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်နိုင်သည့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် တပ်မတော် က တရားစွဲဆိုခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယခုကဲ့သို့ မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။ ရိုက်ကူး- ဟိန်းသက်ဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required