AA က လူ ၉ ဦးကို ပြန်လွှတ်ပေး၊ နိုင်ငံခြားသားတစ်ဦး နှလုံးရောဂါဖြင့် သေဆုံး

AA က လူ ၉ ဦးကို ပြန်လွှတ်ပေး၊ နိုင်ငံခြားသားတစ်ဦး နှလုံးရောဂါဖြင့် သေဆုံး
Photo: AA

ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သူ ၁၀ ဦးအထဲမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဆက်လက်ဖမ်းဆီးထားပြီး နိုင်ငံခြားသားများအပါအဝင် ကျန် ကိုးဦးကို ယနေ့မနက်တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်ဟု သတင်းရရှိသည်။

သို့သော် ပြန်လွှတ်ပေးလိုက်သူများအနက်မှ အိန္ဒိယနိုင်ငံသားတစ်ဦးမှာ နှလုံးရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးဝှေ့တင်း၊ အိန္ဒိယ နိုင်ငံသား ငါးဦး၊ ဘာသာပြန် နှစ်ဦးနှင့် Speed Boat အမြန်ရေယာဉ်ငယ်မောင်းသူ နှစ်ဦးတို့မှာ ယမန်နေ့က ချင်းပြည်နယ်ပလက်ဝမှ ရခိုင်ပြည်နယ်ကျောက်တော်သို့ ကုလားတန်စီမံကိန်းပိုင် အမြန်ရေယာဉ်ငယ်နှစ်စီးဖြင့် အသွား လမ်းတွင် AA က ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။

သတင်းအပြည့်အစုံကို ဆက်လက်တင်ပြသွားပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly