မက္ကဆီကိုမှာ လူသေများနေ့ အခမ်းအနား ကျင်းပ

မက္ကဆီကိုမှာ လူသေများနေ့ အခမ်းအနား ကျင်းပ

နိုဝင်ဘာ ၂။           ။ မက္ကဆီကိုမှာ လူသေများနေ့ အခမ်းအနားကို အစဉ်အလာမပျက် ကျင်းပခဲ့ပြီး မြို့တော် မက္ကဆီကိုစီးတီးမှာ ပြည်သူတွေ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

အဆိုပါ လူသေများနေ့ အခမ်းအနား ကျင်းပရာမှာတော့ မက္ကဆီကို ပြည်သူတွေဟာ သင်္ချိုင်းဂူတွေဆီ သွားရောက်ကြပြီး  ၎င်းတို့တွေရဲ့ သေဆုံးသွားကြပြီဖြစ်တဲ့ ချစ်လှစွာသော ဆွေမျိုးမိတ်ဆွေတွေရဲ့ အုတ်ဂူတွေကို သန့်ရှင်းပေးခြင်း၊ အလှဆင်ပေးခြင်းတို့ကို လုပ်ဆောင်ကြပါတယ်။

ယခုနှစ် အဆိုပါ လူသေများနေ့ အခမ်းအနားတွေကိုတော့ အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပနေလျက်ရှိပါတယ်။

ကွယ်လွန်သွားခဲ့သူတွေရဲ့ ဝိညာဉ်တွေဟာ ဒီ ကာလအတောအတွင်းမှာ ၎င်းတို့တွေရဲ့မိသားစုတွေဆီ လာရောက်လည်ပတ်ကြတယ်လို့ အယုံအကြည် ရှိကြပြီး အဆိုပါ ဝိညာဉ်တွေအတွက် အထူး ပွဲအခမ်းအနားတွေ၊ အစားအစာ၊ အချိုယမကာတို့နဲ့ အတူ ကြိုဆိုကြတယ်လို့ သိရပါတယ်။

ဒီ လူသေများနေ့ ပွဲတော် ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတစ်ဝန်းက မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေက စုစည်းပြီး သေဆုံးသွားကြတဲ့ ချစ်ခင်ရသူတွေအတွက် အမှတ်တယ အောက်မေ့သတိယပြီး ၎င်းတို့ ကောင်းရာမွန်ရာ ရောက်စေဖို့ ကူညီဆုတောင်းပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required