YouTube မှတစ်ဆင့် ဝင်ငွေအများဆုံးရရှိတဲ့ ဘောလုံးအသင်းအဖြစ် လီဗာပူးလ်အသင်း ထိပ်ဆုံးမှာ ဦးဆောင်

YouTube မှတစ်ဆင့် ဝင်ငွေအများဆုံးရရှိတဲ့ ဘောလုံးအသင်းအဖြစ် လီဗာပူးလ်အသင်း ထိပ်ဆုံးမှာ ဦးဆောင်

လီဗာပူးလ်အသင်းဟာ YouTube ဆီကနေ လစဉ်ဝင်ငွေ ဒေါ်လာ (၆၅၀,၀၀၀) ကျော်ဖြင့် ဝင်ငွေအများဆုံးရရှိတဲ့ ဘောလုံးကလပ်အသင်းအဖြစ် ရပ်တည်နေတယ်လို့ ခန့်မှန်းချက်အသစ်များက ဖော်ပြလိုက်ပါတယ်။

ကြိုးကြာနီတို့ဟာ YouTube ရဲ့ ဘောလုံးအသင်းပိုင် Channel တွေထဲမှာ ဝင်ငွေအများဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့တာမှာ အသင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ ပုံရိပ်ကြီးမားလာခြင်းကို ဖော်ပြနေတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဝင်ငွေအများဆုံး ဘောလုံးအားကစား Channel (၂၀)စာရင်းမှာတော့ အဆင့် (၃)နေရာမှာ ရပ်တည်နေပြီး ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီးတီးအသင်းကတော့ အဆင့် (၆)နေရာမှာ ရှိနေပါတယ်။

Brandwatch ရဲ့ သုတေတနပြုလုပ်ချက်အရ YouTube ဟာ တစ်လကို ပုံမှန်အသုံးပြုသူ (၁.၉) ဘီလီယံကျော်ရှိနေတဲ့ နာမည်ကျော် လူမှုကွန်ရက်တစ်ခုဖြစ်ပြီး တစ်နှစ်လျှင် (၄၀) ရာခိုင်နှုန်းထိ အသုံးပြုသူ တိုးပွာလာမှုကြောင့် ဒီပလက်ဖောင်းကနေ တစ်လ ဝင်ငွေ ဒေါ်လာ (၁၀၀,၀၀၀) ကျော် ရရှိနေတဲ့ Channels တွေကို တွေ့မြင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဘောလုံးအားကစားဟာ YouTube မှာ လူကြိုက်များတဲ့ အကြောင်းအရာတွေထဲက တစ်ခုအဖြစ် ရှိနေတာလည်းဖြစ်ပါတယ်။

အားကစားမီဒီယာ Sky Sports Football က တခြား channel တချို့ထက် subscriber လုပ်သူ နည်းပေမယ့် YouTube ထံကနေ တစ်လလျှင် ဒေါ်လာ (၁)သန်းကျော် ရရှိအောင် လုပ်ဆောင်နိုင်ပြီး ဝင်ငွေအများဆုံး ဘောလုံးအားကစား Channel အဖြစ် ထိပ်ဆုံးက ရပ်တည်နေပါတယ်။

F2 Freestylers ကတော့ subsciber (၁၀.၈)သန်းနဲ့ Sky Sports ထက် (၆)ဆလောက် subscriber များပေမယ့် ဝင်ငွေပိုင်းမှာ တစ်လကို ဒေါ်လာ (၇၁၆,၁၅၇) နဲ့ ဒုတိယနေရာမှာ ရှိပါတယ်။

ဘောလုံးကလပ်အသင်းထဲမှာ လီဗာပူးလ်နောက် subscriber (၈.၁၅)သန်းရှိတဲ့ ဘာစီလိုနာက တစ်လ ဒေါ်လာ (၄၁၅,၀၀၀) နဲ့ ဝင်ငွေအများဆုံးရရှိတဲ့ အသင်းဖြစ်ပါတယ်။

ဘောလုံးအာကစား YouTube channels ထိပ်ဆုံး (၂၀) စာရင်းကို Sellfy.com ရဲ့ YouTube Money Calculator ကနေတဆင့် livefootballtickets.com က အချက်အလက်တွေကို ကောက်ယူခဲ့တာဖြစ်ပါတယ်။

Sellfy’s e-commerce ပလက်ဖောင်းကနေ ရောင်းချလို့ရတဲ့ ထုတ်ကုန်တွေရဲ့ ခန့်မှန်းဝင်ငွေနဲ့ YouTube channel ရဲ့ CPM ပေါ်မူတည်ပြီး ကြော်ငြာက တစ်ဆင့် ဖြစ်နိုင်ဖွယ် ဝင်ငွေတွေကို Sellfy က တွက်ချက်တာဖြစ်ပါတယ်။

ဝင်ငွေအကောင်းဆုံး ထိပ်ဆုံး (၂၀)စာရင်းမှာ ပရီးမီးယားလိဂ်မှ လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ အပါအဝင် ဘောလုံးအသင်း (၈)သင်းထိ ရှိနေပါတယ်။

ပီအက်စ်ဂျီအသင်းက ပြင်သစ်ရဲ့ လီဂူ-၁ မှ တစ်သင်းတည်းသော အသင်းအဖြစ် ပါဝင်ခဲ့ပြီး အလားတူပဲ စီးရီးအေမှ ဂျူဗင်တပ်စ်အသင်းသာ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ထိပ်ဆုံး (၂၀)စာရင်းမှာ ဘွန်ဒစ်လီဂါကလပ်အသင်းတွေ ရပ်တည်နိုင်ခြင်း မရှိပါဘူး။

ရီးယဲလ်မက်ဒရစ်က subscribers (၅.၁)သန်းနဲ့ တစ်လ ဒေါ်လ (၈၅,၀၀၀)ကျော် ဝင်ငွေနဲ့အတူ အဆင့် (၁၂)မှာ ရပ်တည်တာဖြစ်ပေမယ့် ပြိုင်ဘက် ဘာစီလိုနာထက် ဝင်ငွေ လေးပုံတစ်ပုံ လျော့နည်းနေပါတယ်။

YouTube မှာ ဝင်ငွေအများဆုံး ဘောလုံးအားကစား channels ထိပ်ဆုံး (၂၀) စာရင်း -

၁။ Sky Sports Football လစဉ်ဝင်ငွေ ဒေါ်လာ ၁,၀၆၀,၁၉၂
၂။ F2Freestylers - လစဉ်ဝင်ငွေ ဒေါ်လာ ၇၁၆,၁၅၇
၃။ လီဗာပူးလ် - လစဉ်ဝင်ငွေ ဒေါ်လာ ၆၆၃,၉၄၀
၄။ FIFATV - လစဉ်ဝင်ငွေ ဒေါ်လာ ၅၀၃,၈၇၀
၅။ ဘာစီလိုနာ - လစဉ်ဝင်ငွေ ဒေါ်လာ ၄၁၅,၅၅၂
၆။ မန်စီးတီး - လစဉ်ဝင်ငွေ ဒေါ်လာ ၂၂၂,၆၈၉
၇။ ချယ်လ်ဆီး - လစဉ်ဝင်ငွေ ဒေါ်လာ ၁၈၆,၁၄၆
၈။ အာဆင်နယ် - လစဉ်ဝင်ငွေ ဒေါ်လာ ၁၆၉,၃၁၇
၉။ The True Geordie - လစဉ်ဝင်ငွေ ဒေါ်လာ ၁၆၅,၃၀၅
၁၀။ UEFA - လစဉ်ဝင်ငွေ ဒေါ်လာ ၁၂၈,၀၃၃
၁၁။ ပီအက်စ်ဂျီ - လစဉ်ဝင်ငွေ ဒေါ်လာ ၁၂၁,၃၁၆
၁၂။ ရီးယဲလ်မက်ဒရစ် - လစဉ်ဝင်ငွေ ဒေါ်လာ ၈၅,၈၈၀
၁၃။ Football Daily - လစဉ်ဝင်ငွေ ဒေါ်လာ ၈၂,၅၁၆
၁၄။ ဂျူဗင်တပ်စ် - လစဉ်ဝင်ငွေ ဒေါ်လာ ၇၉,၆၅၂
၁၅။ WeSpeakFootball - လစဉ်ဝင်ငွေ ဒေါ်လာ ၆၂,၂၀၀
၁၆။ HeilRJ Football Channel - လစဉ်ဝင်ငွေ ဒေါ်လာ ၅၇,၉၂၀
၁၇။ COPA90 - လစဉ်ဝင်ငွေ ဒေါ်လာ ၃၉,၆၂၇
၁၈။ talkSPORT - လစဉ်ဝင်ငွေ ဒေါ်လာ ၂၀,၃၆၀
၁၉။ Slash Football - လစဉ်ဝင်ငွေ ဒေါ်လာ ၂၀,၃၆၀
၂၀။ The Football Republic လစဉ်ဝင်ငွေ ဒေါ်လာ ၈,၇၅၂

Ref; Liverpool echo

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly