သံဃာအပါးသုံးသောင်း ဆွမ်းဆန်လောင်းလှူပွဲအတွက် ကြက်ဥ အလုံးပေါင်း ခြောက်သောင်း လှူဒါန်း

သံဃာအပါးသုံးသောင်း ဆွမ်းဆန်လောင်းလှူပွဲအတွက် ကြက်ဥ အလုံးပေါင်း ခြောက်သောင်း လှူဒါန်း
(ဓာတ်ပုံ - အောင်ကိုဦး/မဇ္ဈိမ)

မန္တလေး နိုဝင်ဘာ ၁။               ။ မန္တလေးမြို့တွင်ပြုလုပ်မည့် သံဃာအပါးသုံးသောင်း ဆွမ်းဆန်လောင်းလှူပွဲအတွက် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်(မန္တလေးတိုင်းဒေသကြီး)က ကြက်ဥအလုံးပေါင်း ခြောက် သောင်းလှူဒါန်းပွဲကို နိုဝင်ဘာလ ၁ ရက် နံနက် ၁၀ နာရီ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ၆ထပ်ဆောင် အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

"ဒီကြက်ဥလှူဒါန်းပွဲကို အဓိကဆောင်ရွက်ရတဲ့ အခြေခံအချက်ကတော့ပြီးခဲ့တဲ့ နှစ်ကလည်း ထိုင်း-မြန်မာချစ်ကြည်ရေး သံဃာဆွမ်းဆန်စိမ်းလောင်းပွဲကြီးမှာလည်း ကျွန်တော်တို့ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်က ကြက်ဥလှူဒါန်းခဲ့ပါတယ်။ပြီးခဲ့တဲ့ နှစ်က နှစ်သောင်းကျော် လှူဖြစ်တယ်။ ဒီနှစ် မှာတော့ ကြက်ဥ ခြောက်သောင်းကြိုတင်လှူဒါန်းမှာဖြစ်ပါတယ်။"ဟု မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး)မှ ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်ကပြောသည်။

အဆိုပါ ဆွမ်းဆန်လောင်းလှူပွဲသို့ ကြက်ဥအလုံးပေါင်း ခြောက်သောင်းလှူဒါန်းခြင်းနှင့်အတူ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီမှသန့်ရှင်းရေး နေ့စားဝန်ထမ်းများအတွက် ကြက်ဥ ၄၃၂၀၀လုံး နှင့်မန္တလေးမြို့ပေါ်ဆေးရုံကြီးများ၊ဘိုဘွားရိပ်သာများ၊ဂေဟာများအတွက်လည်း ကြက်ဥများ ပေးအပ် လှူဒါန်းခဲ့သည်။

"စည်ပင်သာယာရေးကော်မတီရဲ့ မြို့တော်သန့်ရှင်းသာယာရေးဆောင်ရွက်ချက်တွေကို ကျွန်တော်တို့ အနေနဲ့ အသိအမှတ်ပြုအားပေးကူညီတဲ့အနေနဲ့ အခြေခံကျတဲ့ သန့်ရှင်းရေးဝန်ထမ်း နေ့စားဝန်ထမ်း လေးထောင်ကျော်အတွက်ကို ကြက်ဥလေးသောင်းကျော် လှူဒါန်းမှာဖြစ်ပါတယ်။ဒါအပြင် လူမှု ဝန်ထမ်းအောက်က ဂေဟာတွေကိုလည်း လှူပါမယ်။"ဟုပြောသည်။

သံဃာအပါးသုံးသောင်း ဆွမ်းဆန်လောင်းလှူပွဲကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ လာမည့် ဒီဇင်ဘာလ ၈ ရက်နေ့တွင် မန္တလေးမြို့ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းတွင် ပြုလုပ် သွားမည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required