ဖိလစ်ပိုင် ငလျင်ကြောင့် လူ ၄ ဦးထက်မနည်း သေ၊ အဆောက်အအုံတွေ အကြီးအကျယ် ပျက်စီး

ဖိလစ်ပိုင် ငလျင်ကြောင့် လူ ၄ ဦးထက်မနည်း သေ၊ အဆောက်အအုံတွေ အကြီးအကျယ် ပျက်စီး

အောက်တိုဘာ ၃၁ ။               ။ ဖိလစ်ပိုင်တောင်ပိုင်းမှာ အောက်တိုဘာ ၃၁ ရက်က ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိ အားပြင်း ငလျင်တစ်ခု လှုပ်ခဲ့ပြန်လို့ အနည်းဆုံး လူ လေးဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆောက်အအုံတွေလည်း အကြီးအကျယ် ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

ဒါဟာ အဆိုပါ နိုင်ငံတောင်ပိုင်းမှာ သီတင်းပတ်အနည်းငယ်အတွင်း သုံးကြိမ်မြောက်အဖြစ် အားပြင်းငလျင်တစ်ခု ထပ်မံလှုပ်ခဲ့တာဖြစ်ပါတယ်။

ယခု ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိ ငလျင်ကတော့ မင်ဒါနာအိုကျွန်းမှာ လှုပ်ခဲ့တာဖြစ်ကြောင်း အမေရိကန် ဘူမိလေ့လာရေး အဖွဲ့က ထုတ်ပြန်ပါတယ်။

ငလျင်လှုပ်ချိန်မှာ ဒေသခံ ပြည်သူတွေ အထိတ်တလန့် ပြေးလွှားခဲ့ကြရကြောင်းလည်း သိရပါတယ်။

ပြီးခဲ့တဲ့အပတ်တွေကမှ လူသေဆုံးစေတဲ့ ငလျင်ကြီးနှစ်ခု လှုပ်ထားလို့ ထိခိုက်ပျက်စီးမှုတွေ ရှိထားနှင့်ပြီး အခြေအနေမှာ ယခုအခါ နောက်ထပ် ငလျင်တစ်ခု ထပ်မံ ကြုံတွေ့လိုက်ရတာဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required