လမ်းအသုံးပြုခ ကောက်ခံရေးဂိတ် တည်ဆောက်မှု ကျေးရွာသားများ အပြင်းအထန်ကန့်ကွက်နေ

လမ်းအသုံးပြုခ ကောက်ခံရေးဂိတ် တည်ဆောက်မှု ကျေးရွာသားများ အပြင်းအထန်ကန့်ကွက်နေ

မကွေး၊အောက်တိုဘာ ၃၀  ။            ။ မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ငဖဲမြို့နယ်၊ရင့်ရှည်ကျေးရွာအနီး ပုသိမ်၊မုံရွာကားလမ်းမ မိုင်တိုင် (၂၆၂) တွင် လမ်းအသုံးပြုခ ကောက်ခံရေးဂိတ် တည်ဆောက်နေမှုကို ရင့်ရှည်ကျေးရွာအုပ်စု ကျေးရွာပြည်သူများက ကန့်ကွက်နေကြကြောင်း သိရသည်။

အဆိုပါဂိတ်တည်ဆောက်မှုအား နေရာရွှေ့ပြောင်းတည်ဆောက်ပေးရန် တိုင်းဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ စာတင်တောင်းဆိုထားပြီး နေရာရွှေ့ပြောင်းမပေးပါက ဆန္ဒပြတောင်းဆို သွားမည် ဖြစ်ကြောင်း ကျေးရွာပြည်သူများကပြောသည်၊

“ပြသနာက ဒေသခံတောင်သူတွေ ကိုယ့်ယာခင်းထဲသွားတဲ့ ထွန်းစက် ထော်လာဂျီတွေကအစ လမ်းအသုံးပြုခ ကို ဥသျှင်ပင်အထိ ပေးနေရတယ်။ဒါကို မဖြစ်သင့်ဘူးဆိုပြီး သက်ဆိုင်ရာကို တင်ပြထားပါလျက် ဆက်ကောက် နေတယ်။ တောင်သူတွေအသုံးပြုနေတဲ့ လှည်လမ်းကို ကတ္တားချိန်တဲ့ နေရာအဖြစ်ဆောက်နေတယ်။ ဒေသခံ တောင်သူတွေ လှည်းလမ်းမရှိတော့ ယာခင်းတွေဆီသွားဖို့ ခက်ခဲဖြစ်နေ တယ်၊ ဝန်ကြီးချုပ်က မဖြေရှင်း ပေး သေးဘဲ အခုလိုဆက်ဆောက်နေရင် ဆက်မလုပ်ဖို့ ဆန္ဒပြတောင်းဆို သွားမယ်” ဟု ရင့်ရှည်ကျေးရွာတွင် နေထိုင်သော ဦးဝင်းသိန်းက ပြောသည်။
ထိုသို့ လမ်းအသုံးပြုခကောက်ခံရေးဂိတ် တည်ဆောင်မှုအတွက် အနီးနားရှိကျေးရွာများကို ကြိုတင်ခေါ်ယူ အသိပေးညှိနှိုင်းခြင်းမျိုး မရှိခဲ့ကြောင်း ဂိတ်တည်ဆောက်မှုကြောင့် ကျေးရွာနေပြည်သူများအတွက် သွားလာရေး အခက်အခဲရှိနေကြောင်း သိရသည်။

“တိုးဂိတ်ဆောက်နေတာကို ပြည်သူလူထုက ဆန္ဒမရှိဘူးဆိုတာ ကျွန်တော်သိပါတယ်၊ လမ်းဦးစီးဌာနအနေနဲ့ ဒီနေရာမှာ တိုးဂိတ်ဆောက်မယ်လို့ အကြောင်းကြားအသိပေးတာ မရှိပါဘူး။ နေရာရှင်းလင်းပြီးတဲ့အခါမှ ခေါ်ယူအသိပေးတာပါ။ ဒေသခံတွေကို ကြိုတင်ခေါ်ယူဆွေးနွေးတာမျိုးမရှိဘူး။ အခုအတိုင်ခံရပါလျက် ဖြေရှင်းမပြီးခင် ဆက်ဆောက်နေတာကတော့ သဘာဝမကျပါဘူး” ဟု ရင့်ရှည်ကျေးရွာအုပ်စုအုပ်ချုပ်ေရးမှူး ဦးအေးထွန်းက ပြောသည်။

ငဖဲမြို့နယ်၊လမ်းဦးစီးဌာနအနြေဖင့် တိုးဂိတ်တည်ဆောက်မှုအတွက် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူး များကို ခေါ်ယူအသိပေးညှိနှိုင်းခဲ့ကြောင်း ကျေးရွာရှိ လယ်ထွန်စက်များ၊ ကားများကို လမ်းအသုံးပြုခ တစ်ကြောင်းသာ ကောက်ခံရန် ညွန်ကြားထားကြောင်း အနီးနားရှိ ကျေးရွာများမှ လယ်ထွန်စက်၊ ကား  စသည်တို့၏ စာရင်းများကို ကောက်ယူကာ လမ်းဦးစီးဌာနသို့ ပို့ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးများကို တရားဝင်ပြောဆိုထားကြောင်း ငဖဲမြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ခံဒေါ်ဝင်းမာက ပြောဆိုသည်။

“ဒေသခံကျေးရွာတွေရဲ့ကုန်ထုတ်လမ်းအဆင်ပြေစေဖို့ လှည်းလမ်းကိုလည်း ဖောက်လုပ်ပေးဖို့ (Plan) ရှိပြီး သားပါ။ ရှင်းရှည်ကျေးရွာအုပ်စု ဒေသခံရွာသားတွေကလည်း နိုင်ငံတော်ရဲ့ အမျိုးသား၊ အကျိုးစီးပွား ဝင်ငွေ ရရှိရန် အခွန်ကောက်ခံခြင်းကို တားမြစ်ကန့်ကွတ်နေခြင်း သက်သက်မဟုတ်ပဲ ဒေသခံ ကျေးရွာသားများ အနီးအနားကို စိတ်အနှောက်ယှက် ကင်းစွာသွားလာနိုင်ရေး၊ လယ်ယာလုပ်ငန်းခွင်သုံး စက်ယန္တရာများ၊ မွေးမြူထားတဲ့နွား၊ ဆိတ်များအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး နေရာရွှေ့ ပြောင်းတည်ဆောက်ပေးရန် တောင်းဆိုခြင်းဖြစ်တယ်လို့ ကျွန်မတို့ သိရပါတယ်။ ရွေ့ပြောင်းပေးခြင်း မပေးခြင်းက ပြည်ထောင်စု ဆောက် လုပ်ရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန့်မူအပေါ် မူတည်ပါတယ်” ဟု တာဝန်ခံဒေါ်ဝင်းမာက ပြောသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly