ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဘယ်လောက်ထိ ခရီးရောက်ပြီလဲ

By မျိုးသန့်(မဇ္ဈိမ)
29 October 2019
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဘယ်လောက်ထိ ခရီးရောက်ပြီလဲ

မင်္ဂလာပါ မဇ္စျိမ ပရိသတ်များခင်ဗျာ ။ ကျွန်တော်တို့ အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ မဇ္စျိမ Exclusive Interview အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျာ။ ဒီကနေ့မှာတော့ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင်ဖြစ်တဲ့ ဆရာဦးအောင်ကြည်ညွန့်ကို တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။ ဆရာဟာ ဆိုလို့ရှိရင် NLD ဗဟိုအလုပ်အမူဆောင် ကော်မတီဝင်လည်း ဖြစ်ပါတယ်ခင်ဗျာ။

မေး။                 ။  NLD ရွေးကောက်ပွဲ ဝင်တဲ့အခါမှာ ဥပမာဆို ၃ ချက်ပေါ့နော်၊ ကျွန်တော်မှတ်မိသလောက် ကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ တိုင်းပြည်ငြိမ်းချမ်းရေး၊ အစရှိသည်အားဖြင့် တစ်စိုက်မတ်မတ် ကိုင်စွဲလာပြီးတော့ ဖွဲ့စည်းပုံ ပြင်ဖို့ကို ရွေးကောက်ပွဲ ဝင်ခဲ့တယ် ပေါ့နော်၊ ဆိုတဲ့အခါကျတော့ အခု လွှတ်တော် သက်တမ်းမှာ အန်ကယ့်ရဲ့အရေးကြီးအဆိုကနေ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ခြေလှမ်းကို စတယ်ပေါ့နော် ၊  ဖွဲ့စည်းပုံပြင်ဖို့ အတွက် အရေးကြီးအဆိုတင်ရတဲ့ ရည်ရွယ်ချက်လေး နည်းနည်းပြောပြပေးပါဦး။

ဖြေ ။                 ။ဖွဲ့စည်းပုံအခြေအနေရဲ့ အနေအထားမျိုးက စတင်ပြီးတော့ ဖွဲ့စည်းပုံကြီးကို ရေးဆွဲပြီးတော့ အတည်ပြု အကောင်အထည်ဖော်ခဲ့တဲ့ အချိန်အခါတုန်းက၊ ဒါအခု ပြည်သူလူထု ရွေးချယ်ပြီးတော့ ရွေးကောက်တင်မြှောက်တဲ့ နိုင်ငံတော် တစ်ရပ်ပေါ်ပေါက်လာရေးအတွက်၊ မပေါ်ပေါက်လာခင်တည်းက ရေးဆွဲခဲ့တာပေါ့နော်၊ ရေးဆွဲခဲ့တဲ့ အခြေအနေတွေ အချိန်အခါတွေမှာ ဘယ်လိုရည်ရွယ်ချက်တွေ ဘာတွေရှိလဲဆိုတာ ရေးဆွဲခဲ့တဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပါပါတယ်။ အဲ့ဒီအခြေအနေ အကြောင်းအရာတွေကလည်း လက်ရှိအခြေအနေနဲ့ မကိုက်ညီနိုင်တော့တဲ့ မကိုက်ညီတဲ့ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် တကယ်တမ်း ပီပြင်စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီ ဖြစ်ရေးအတွက်ကို လိုအပ်ချက်တွေ အားနည်းချက်တွေ ရှိနေတယ်ဆိုတာကို ရှေးမဆွကတည်းက တွေ့ခဲ့ရတယ်၊ တွေ့ခဲ့ရတယ်ဆိုတော့ အန်ကယ်တို့ NLD အနေနဲ့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မြန်မာနိုင်ငံကို တကယ်ပဲ စစ်မှန်တဲ့ ပါတီစုံ ဒီမိုကရေစီ စနစ် ကျင့်သုံးနိုင်ရေး အတွက်ကို ရှေ့နောက်မညီညွှတ်တာလေးတွေ၊ နောက်ပါတီစုံ ပေါ်ပေါက်ရေးအတွက် လိုအပ်နေတာတွေ နောက်နိုင်ငံသားတွေရဲ့တန်းတူအခွင့်အရေး ရရှိနိုင်မှုအတွက် လိုအပ်နေတာတွေ၊ နောက်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်တဲ့မှာ ဆိုရင်လည်းပဲ ဒါ တရားမျှတတဲ့ လွတ်လပ်ပြီးတော့ ရွေးကောက် ပြုလုပ်တဲ့ ရွေးကောက်ပွဲတွေ ဒါတွေ ရှိဖို့ လိုတယ်၊ နောက်အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဆိုတဲ့နေရာမှာလည်းပဲ တကယ်တော့ အပြန်အလှန် ထိန်းကျောင်း ညှိနှုင်းတဲ့နေရာမှာ ပိုမိုပြီးတော့ ဘယ်လို အစု အဖွဲ့တွေက အသာယူထားတယ်၊ ဘယ်လို အစုအဖွဲ့တွေက အသာယူထားခြင်း မရှိစေရဘူးဆိုတဲ့ တကယ်တမ်း နိုင်ငံတော်က လိုအပ်နေတဲ့ ပြည်သူတွေ လိုအပ်နေတဲ့ ပြည်ထောင်စု အတွက်လည်း အရေးတကြီးလိုအပ်နေတဲ့ဟာတွေကို ပြင်ဆင်သင့် ပြင်ဆင်ထိုက်တဲ့အချိန်အခ ရောက်ပြီလို့ သုံးသပ်တဲ့အတွက်ကြောင့် ပြင်ဆင်တာပါပဲ ။

မေး။                 ။ အခုဆိုရင် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ၄၅ ဦး ပါဝင်တဲ့ ပူးပေါင်းကော်မတီ ကနေ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်ကနေပြီးတော့မှ အတည်ပြုပြီးတော့ အခုဆိုရင် ပြင်ဆင်ရေး ဥပဒေကြမ်း တစ်ရပ်ကို ဒါရေးဆွဲပြီးတော့မှ လုပ်ဖို့ရှိနေပြီပေါ့နော်၊ အဲ့ဒီတော့ ကျွန်တော်သိချင်တာက ဒီဥပဒေကြမ်းကို လွှတ်တော်ကို တင်သွင်းမယ့် process က ဘယ်လိုမျိုးလဲ၊ ဘယ်လောက်ကြာနိုင်သေးလဲ ဆိုတာသိချင်ပါတယ်။

ဖြေ။                  ။ဒီ process အနေနဲ့ကတော့ ပြောရတာရှင်းပါတယ်၊  အဓိကက ဘာလဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ မှာ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ ဆိုပြီး ပုဒ်မ ၄ခုပဲ ရှိပါတယ်၊ အနှစ်သာရအားဖြင့် ဒီပုဒ်မ တွေက ဘာလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကိုပြင်ဆင်မယ်ဆိုရင် ဘယ်လိုပြင်ရမလဲ ဥပဒေကြမ်းနဲ့ပဲ ပြင်ရမယ်။ ဘယ်မှာပြင်ရမလဲ ပြည်ထောင်စု လွှတ်တော်မှာပဲ ပြင်ရမယ်၊ ဘယ်သူတွေက ပြင်ရမလဲ ဆိုရင် ပြည်ထောင်စုလွှတ်တော် ၂၀ % က လက်မှတ်ရေးထိုးပြီးတော့မှ တင်ရမယ် ဆိုတဲ့ ပုံစံရှိပါတယ်၊ ရှိတော့ အန်ကယ်တို့ စဉ်းစားတာက Nld အတွက် အခုတင်မယ်ဆိုရင် NLD က ၆၀% ရှိပါတယ် ၅၀% ကျော်တယ် ၊ အဲ့ဒီတော့ NLD အနေနဲ့ ပြီးခဲ့တဲ့ သက်တမ်းတုန်းကလည်း ပထမအကြိမ် သက်တမ်းတုန်းကလည်းပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ကြံ့ခိုင်ရေးပါတီက ဦးဆောင်ပြီးလုပ်တဲ့အခါကျတော့ အတိုက်အခံ ပါတီ တစ်ရပ်အနေနဲ့ အန်ကယ်တို့လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါတယ်၊ အဲ့ဒီတော့ ကိုယ့်ဘက်က တင်ပြသင့် တင်ပြထိုက်တာကို သူ့သွားတဲ့ စီးကြောင်းနဲ့ မူဘောင်အတိုင်းပဲ အန်ကယ်တို့က လိုက်ခဲ့ကြတာပေါ့နော် အဲ့ဒီတော့ ဒီနေရာမှာလည်း တကယ်တမ်းကျတော့ NLD တစ်ရပ် အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကို ကောက်ပြီးတော့ ရွေးပြီးတော့ တင်လိုက်မယ်ဆိုရင် သိပ်ခက်ခဲမူမရှိပါဘူး ၊ ဥပဒေကြမ်းလည်း အကြမ်းဖျင်း ပြင်ဆင်ထားပြီးတာတွေ ရှိသလို ပါတီဝင်အရ အနေအထားနဲ့ဆို ဒီလွှတ်တော်တွေထဲမှာရှိတဲ့ ကိုယ်စားလှယ် အနေအထားနဲ့ ဆိုလည်း ၂၀ % က လွယ်လွယ်ကူကူ လည်းရှိနေတယ် ၊ သို့ရာတွင် ဒီလိုဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ အခါမှာတော့ အခုလွှတ်တော်ထဲမှာဆိုရင် နိုင်ငံရေးပါတီ ၁၄ ခု ရှိတယ်ပေါ့နော် ကိုယ်စားလှယ် အနည်းအများတော့ ကွာတာပေါ့ အစုအဖွဲ့ အနေနဲ့ဆိုရင် တစ်သီး ပုဂ္ဂလရှိတယ် တပ်မတော်သားအစုအဖွဲ့တွေရှိတယ် ၊ အဲ့ဒီတော့ ဒီလိုဆိုရင် ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေး ဥပဒေကြမ်း တစ်ရပ်ကို အကုန်လုံး ပူးပေါင်းပြီးတော့ ညှိနိူင်းပြီးတော့ ပြင်ဆင်လို့ ရနိုင်ရင် ဘယ်သူတွေရဲ့ ဘယ်လိုဆန္ဒတွေရှိသလဲ ဆိုတဲ့ အနေအထားမျိုးတွေ ရှိနိုင်အောင် လွှတ်တော်ထဲမှာ ရှိတဲ့လူတွေလည်း Inclusive ပေါ့နော်၊ ဒီလို ပါဝင်ကြရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒါပူးပေါင်း ကော်မတီတစ်ရပ်ဖွဲ့စည်းသင့်ပါတယ် ဆိုပြီးတော့ အန်ကယ်တို့က တင်ပြခဲ့တာပါ ၊ ဆိုချင်တဲ့ အင်မတန် အရေးကြီးတဲ့ နိုင်ငံရေး ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို အန်ကယ်တို့ ဖြစ်စေချင်တာက တစ်စုတစ်ဖွဲ့ ဒါမှမဟုတ်ရင် တစ်ပါတီကပဲ ဦးဆောင်တယ် ဆိုတာမျိုးထက် ပြည်ထောင်စု လွှတ်တော်ကြီးကနေ ကမကထပြုပြီး ဆောင်ရွက်နိုင်ခဲ့တယ်ဆိုပြီး ကောင်းလိမ့်မယ်လို့ အန်ကယ်တို့က ရည်ရွယ်တာပါ၊ အဲ့ဒီတော့ အဲ့လို ရည်ရွယ်တဲ့ အတွက်ကြောင့်မို့လို့ အရေးကြီးအဆိုနဲ့အတူ လွတ်တော်ထဲမှာရှိတဲ့ ပြည်ထောင်စု လွတ်တော် ကိုယ်စားလှယ်တွေနဲ့အတူ သင့်လျှော်တဲ့ ကိုယ်စားလှယ်နဲ့ ပြင်ဆင်ရေး ပူးပေါင်းကော်မတီပေါ့နော်၊ အဲ့ဒါလုပ်ဖို့ တင်ခဲ့တာပါ ၊ တင်ခဲ့တာလည်း လွှတ်တော်ကြီးရဲ့ အဆုံးအဖြတ်အရ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ် ၊ ဒါကြောင့်မို့လို့ ၄၅ ဦး ကော်မတီ လုပ်ငန်းလည်း စနေပါပြီ ။ ပထမ အဆင့်မှာတုန်းကတော့  ဘာလဲဆိုတော့ ဒီထဲမှာပါဝင်တဲ့ ပါတီအသီးသီး အစုအဖွဲ့ အသီးသီးကနေပြီးတော့ ဘယ်သူတွေက ဘာတွေပြင်ဆင်လဲ ဆိုတော့ ဘာမှအကန့်အသတ်မရှိဘဲနဲ့ စိတ်ကြိုက် ပြင်ဆင်ချက်တွေ အကုန်လုံးကို စုစည်းပြီးတော့ ဖော်ပြတာပါ၊ ဖော်ပြတဲ့အခါကျတော့ အခုသိတဲ့အတိုင်းပဲ ၃၇၆၅ ချက်ရတယ်ပေါ့ ၊ တကယ်တော့ ၃၇၆၅ ချက်က စိုးရိမ်စရာတော့ မဟုတ်ဘူး ဘာဖြစ်လို့လဲဆိုတော့ အချို့က ရှေ့က ပုဒ်မ တစ်ခုမှာ အပိုဒ်တစ်ပိုဒ်ကို ပြင်လိုက်ရင် အဲ့ဒီလိုပြင်လိုက်တဲ့ ပုဒ်မ ကြောင့်မို့လို့ နောက်ပုဒ်မတွေမှာ လိုက်ပြင်တော့ အရေအတွက်တွေက များသွားတာ ၊ ဒီလိုအနေအထားမျိုးရှိပါတယ်၊ အဲ့ဒီတော့ ဒုတိယ အဆင့် ရောက်လာတာပေါ့နော်၊ အဲ့ဒီတော့ အခုအဲ့ဒီအချက်ကနေပြီးတော့ ပြန်လုပ်ရမှာကတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ အရ လွှတ်တော်ထဲကို တကယ်တင်မယ်ဆိုရင်တော့ ဒီ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၂၀% ကနေပြီးတော့ ဥပဒေကြမ်းနဲ့ တင်ရမယ် ၊ အဲ့ဒီဥပဒေကြမ်းသည် တစ်စုတစ်ဖွဲ့တည်း ကနေဆိုတဲ့ပုံစံမျိုးအစားပေါ့နော် ၄၅ ဦး ကော်မတီကနေ ရေးဆွဲလိုက်တဲ့ ဥပဒေကြမ်းတစ်ရပ် ပြုစုပြီးလို့ရှိရင် အဲ့ဒီ ဥပဒေကြမ်းကို ၂၀% နဲ့ လွှတ်တော်ကို တင်ပေးရမှာပေါ့နော် ၊ အဲ့ဒီတင်ပေးနိုင်မယ့် အခန်း ၁၂ အရ ဆက်သွားမယ့် ဥပဒေကြမ်း တစ်ခု ရရှိရေး အတွက်အခု ၄၅ ဦး ကော်မတီက ညှိနိုင်းနေတဲ့ အနေအထားမျိုးရောက်နေပါပြီ။

မေး။                 ။ကျေးဇူးတင်ပါတယ်။  ခုနက ပြောသွားတဲ့အထဲမှာ အချက်ပေါင်း ၃၇၆၅ ချက် ဆိုတဲ့အခါကျတော့ ဒါပြင်ဖို့ပေါ့လေ၊ ပြီးတော့ အဲ့ဒီထဲမှာလည်း ခုနကပြောသလိုပဲ Sequence တွေပေါ်မှာ လိုက်ပြီးတော့ ချိန်ညှိရတဲ့ဟာတွေ ဆိုတော့ ဒီလိုမျိုးများသွားတာပေါ့နော် ။ များသွားတဲ့အခါမှာ ဒီ ၃၇၆၅ ချက်ထဲမှာ အဓိက Focus လုပ်နေတာ ဘယ်အချက်တွေ ဖြစ်မလဲ။

ဖြေ။                  ။ ဒီနေရာမှာကတော့  နိုင်ငံရေးပါတီတိုင်း တင်ပြနေတဲ့ အချက်တွေကတော့ Focus တွေက တော်တော်များများ စုံနေတော့ အများကြီးတင်လာကြတာပေါ့ ၊ အခု NLD အနေအထားနဲ့ သွားနေတဲ့ အခါကျတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၅ ဦးကော်မတီပေါ့နော်၊ ဒီကော်မတီမှာ ဥပဒေကို ဖွဲ့စည်းတဲ့အခါမှာလည်း သူက ဒီ ဖွဲ့စည်းမိန့်မှာ ဘာတွေပါလဲဆိုတော့ ဒီဖွဲ့စည်းခြင်း ဉီးတည်ချက်ပါတယ်၊ တာဝန်ပါတယ်၊ လုပ်ပိုင်ခွင့်ပါတယ်၊ နောက်ပြီးတော့ လုပ်ထုံးလုပ်နည်းတွေပါတယ် ၊ ရပိုင်ခွင့်တွေနဲ့ သက်တမ်းတွေပါတယ် ၊ အဲဒီနေရာမှာ ဉီးတည်ချက်က ဘာကို ဦးတည်မှာလည်းဆိုရင် စောစောက ပြောခဲ့သလိုပဲ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ပါတီစုံ ဒီမိုကရေစီ ဖြစ်ဖို့ လိုလာတယ် ၊ နောက်မြန်မာနိုင်ငံ ရဲ့ အနေအထားမျိုးမှာ ဆိုရင်ဒီမိုကရေစီကို သွားဖို့ရာအတွက် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ရှေ့နောက် ညီညွှတ်မူမရှိတာတွေ ၊ နောက်တိုင်ရင်းသားတွေ နိုင်ငံသားတွေ အပါအဝင် တစ်ဦးချင်းရဲ့ ညီညွတ်မူမရှိတာတွေ၊ နောက်ဒီမိုကရေစီလမ်းကြောင်းကို သွားတဲ့အခါမှာ တစ်ချို့နေရာတွေမှာ အခုအခံဖြစ်စေနိုင်တဲ့ အချက်အလက်တွေ ဒါလေးတွေ ပါတယ်၊ အဲ့ဒီအချက်အလက်တွေကိုလည်း ကြည့်ဖို့ဆိုပြီးတော့ ပါတယ်၊ ပါတဲ့နေရာမှာ ဘာလဲဆိုတော့ တကယ်တမ်းသွားရမယ့် ဦးတည်ချက်တွေ နဲ့ စဉ်းစားပြီးတော့လည်း ဒီဖွဲ့စည်းပုံမှာဖော်ပြထားပါတယ်၊ ဦးတည်ချက်က ဘာလဲဆိုတော့ အခု လက်ရှိရှိနေတဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အခြေအနေအရပ်ရပ်ပေါ့ မြန်မာနိုင်ငံမှာ လက်ရှိရှိနေတဲ့ စည်းလုံးညီညွတ်မူ အခြေအနေတွေ၊ နိုင်ငံတော်ရဲ့ လက်ရှိရှိနေတဲ့ နိုင်ငံရေး စီးပွားရေး လူမူရေး အခြေအနေတွေ၊ နောက်ပြည်တွင်း ငြိမ်းချမ်းမူနှင့် တရားဥပဒေစိုးမိုးမူ အခြေအနေတွေ၊ နောက်စီးပွားရေးလူမူရေး ဆိုတဲ့ကဏ္ဍ အခြေအနေတွေ၊ နောက်မြန်မာနိုင်ငံ ပြည်သူတွေရဲ့ လက်ရှိ ရှိတဲ့ နိုင်ငံရေးဒီရေ ရဲ့ အဆင့်အတန်းတွေ၊ သမိုင်းကြောင်းတွေ ပေါ့နော် ။ ဒီအပေါ်မှာမူတည်ပြီးတော့ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ဦးတည်ပြီးတော့ သွားကြဖို့၊ နောက် အဲ့ဒီနေရာမှာလည်းပဲ သာမန်အားဖြင့်ဆို သိပ်အကျိုးမများဘဲနဲ့ အငြင်းပွားဖွယ်ကိစ္စမျိုးထက် တကယ်တမ်း ပြည်သူလူထုနဲ့ အများပြည်သူက လိုလားကြတဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ အနေအထားမျိုးတွေကိုလည်း ဦးတည်ပြီး သွားကြဖို့ဆိုတဲ့ ဦးတည်ချက်နဲ့ သွားနေပါတယ်၊

မေး ။  ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်တဲ့အခါမှာပေါ့လေ ၊ နှစ်ဖက်ခေါင်းဆောင် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီဖက်က တပ်မတော်ကာကွယ်ရေး ဉီးစီးချုပ်ရယ် ညှိနှိုင်းလို့ အဆင်ပြေမယ်ဆိုရင် ချောချောမွေ့မွေ့ဖြစ်မယ်လို့ သုံးသပ်သူတွေလည်းရှိတယ်ပေါ့။ အခုကျတော့ သိတ်ပြီးတော့အဆင်မပြေလို့ ဒီလိုမျိုး အရေးကြီးအဆို တင်ပြီးတော့ လွှတ်တော်ထဲမှာ ပြင်ဆင်ဖို့အထိ ကြိုးစားလာရတယ်လို့ သုံးသပ်ချက်တွေလည်း ရှိတဲ့အခါကျတော့ ဒီအပေါ်မှာရော ဘယ်လိုပြောချင်လဲ။

ဖြေ။                 ။ဒီသုံးသပ်ချက်ကတော့ မဟုတ်ဘူး ၊ ဆိုချင်တာက အခုနိုင်ငံရဲ့ ခေါင်းဆောင်ပေါ့နော် ၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သူတို့ဆွေးနွေးတာ မပြေလည်တော့မှ အရေးကြီး အဆိုတင်တယ်ဆိုတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး ၊ ဘာလဲဆိုရင် ဒီအရေးကြီး အဆိုတင်တယ်ဆိုတာ မြန်မာနိုင်ငံရဲ့ အနေအထားအရဆိုရင် အားလုံးသိတဲ့အတိုင်းပဲ မြန်မာနိုင်ငံရဲ့ ရှေ့ဆက်သွားရမယ့် ခရီးစဉ်အတွက်ဆိုရင် တစ်ဖက်ကလည်း ငြိမ်းချမ်းရေး ညီလာခံကြီးကျင်းပနေတယ် ၊ လက်နက်ကိုင်အဖွဲ့အစည်း အနေနဲ့ ဆိုရင်လည်း NCA လက်မှတ်ရေးထိုးတဲ့ အဖွဲ့၊ မရေးထိုးတဲ့အဖွဲ့နဲ့ တကယ်တမ်း ငြိမ်းချမ်းရေးညီလာခံကြီးလည်းလုပ်နေတယ်၊ အဲ့ဒီတော့ ငြိမ်းချမ်းရေးညီလာခံကြီးလုပ်နေတော့ ငြိမ်းချမ်းရေး ညီလာခံကြီးကနေ ရလာတဲ့ ငြိမ်းချမ်းရေး ညီလာခံရဲ့ ပြည်ထောင်စု သဘောတူညီချက်တွေလည်း သူက အပိုင်းလိုက် အပိုင်းလိုက်နဲ့ လွှတ်တော်မှာတော့ အတည်ပြုထားတယ်။ အခုဆိုရင် အပိုင်း ၁နဲ့ ၂ ရပြီပေါ့နော်၊ အဲ့ဒီတော့ တစ်ပိုင်းက အဲ့ဒါလုပ်နေတယ်၊ လုပ်နေတော့ လုပ်နေတဲ့ ဒီ Process ကြီးပြီးသွားမယ်ဆိုရင်လည်း အဲ့ဒီမှာဘာရှိလဲဆိုတော့ NCA တစ်နိုင်ငံလုံး အပစ်အခက်ရပ်စဲရေးစာချုပ်ပေါ့၊ NCA လက်မှတ်ထိုးတဲ့အထဲမှာလည်း ဘာပါလဲဆိုတော့ တစ်ချိန်မှာ ပြည်ထောင်စု ညီလာခံကြီးကနေပြီးတော့ သဘောတူညီချက်တွေ အပြည့်အစုံ ရပြီးပြီဆိုရင် လွှတ်တော်မှာ အဲ့ဒီဟာကို အတည်ပြုပြီးတဲ့အခါကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် လိုအပ်တဲ့ ဥပဒေကို ပြင်ဆင်ဖို့ ဆိုတာလည်း ပြဋ္ဌာန်းထားတယ်၊ တစ်ပိုင်းကလည်း အဲ့ဒီဟာသွားနေတယ်၊ အဲ့ဒီလိုသွားနေတော့ လောလောဆယ်ဆိုရင် တတိယအကြိမ် ပင်လုံညီလာခံပြီးတဲ့အခါမှာ နောက်ဆက်သွားတဲ့ ညီလာခံကတော့ လောလောဆယ် သူတို့က ကြိုးစားနေကြတယ် ညှိနိူင်းနေကြတဲ့ အခြေအနေမျိုးမှာလည်း ရှိလာတယ်၊ အဲ့ဒီတော့ ဒီလိုရှိလာတော့ အဲ့ဒီမှာနည်းနည်းလေး ဆောင်ရွက်ရတဲ့ နေရာမှာ ကျန်နေတဲ့ဟာလည်း ဟုတ်ပြီ ဒီလိုဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ မူဘောင်ထဲကနေပြီးတော့ လွှတ်တော်ကနေပြီးတော့ ပြင်ဆင်သင့် ပြင်ဆင်ထိုက်တာလေးတွေကို ပြင်ဆင်ပေးလိုက်မယ်ဆိုရင် တစ်ဖက်က ငြိမ်းချမ်းရေးညီလာခံအတွက်လည်း အကျိုးရှိမယ် ရှေ့ဆက်သွားရမယ့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကိုလည်း  ပိုပြီးချောမွေ့ဖို့တော့လိုပြီ ၊ ဆိုတဲ့အနေအထားမျိုးကြောင့် တင်လိုက်တာပါ။ လူကြီးချင်းဆွေးနွေးတာ မပြေလည်လို့ ပြေလည်လို့အပေါ်မှာ အခြေခံတာမဟုတ်ပါဘူး ။ အဲ့ဒီဟာကျတော့ အန်ကယ်တို့လည်း လက်လှမ်းမမှီဘူးပေါ့ ။

မေး။                 ။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အင်မတန်မှ ပြင်ရခက်အောင် တမင်တကာ လုပ်ထားတယ် ဆိုတဲ့ အတွေးအခေါ် အယူအဆတွေ လည်းကျယ်ကျယ်ပြန့်ပြန့်ရှိတာပေါ့နော် ၊ ဆိုတဲ့အခါကျတော့ ကျွန်တော် မေးချင်တာက တကယ်လို့ဒီလိုမျိုး   ဥပဒေကျမ်းတင်လိုက်ပြီဆိုရင်တောင်မှ တပ်မတော်ကနေ ထောက်ခံမူရဖို့ အလားအလာ အားနည်းတာပေါ့နော်၊ မရှိသလောက်ကို ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ ဒီလွှတ်တော် သက်တမ်းအတွင်းမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အလားအလာက ဘယ်လောက်ထိ ချောချောမွေ့မွေ့ ဖြစ်နိုင်မလဲ ။

ဖြေ ။                ။ တကယ်တမ်းကျတော့ နိုင်ငံရေးအနေအထား ဖြစ်တဲ့အတွက် အင်မတန်ချောမွေ့တဲ့ လမ်းကြောင်း ၊ ချောချောမွေ့မွေ့ ဖြစ်လိမ့်မယ်လို့တော့ ပြောလို့မရဘူး ၊ဒါကတော့ ပကတိအခြေအနေပဲ ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံအခု သွားနေတဲ့ လမ်းကြောင်းကလည်း ဘယ်တုန်းကမှလည်း မချောမွေ့ခဲ့ဘူး။ အဲ့ဒီတော့ မချောမွေ့လို့ မသွားဘူးဆိုတော့လည်း မဖြစ်ဘူး၊ အဲ့ဒီတော့ မချောမွေ့ဘူးဆိုတာကို သိတယ် ။ ဒါကြောင့်မို့လို့ မချောမွေ့တဲ့ကြားထဲမှာဘဲ ဒီလိုဖြစ်ပေါ်လာတဲ့ အခုအခံတွေ စိန်ခေါ်မူတွေကို ဘယ်လိုညှိနိူင်းသွားကြမလဲ၊ ဘယ်လိုကျော်လွှားသွားကြမလဲဆိုတဲ့ အနေအထားမျိုးနဲ့ သူကသွားရတာ၊ အဲ့ဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကတော့ ဒီမြန်မာနိုင်ငံရဲ့ အခြေခံဥပဒေကတော့ အလွန်ခက်ခဲတဲ့ ပြင်ဆင်ရေးဆိုတာတော့ အားလုံးကမ္ဘာကသိတယ်၊ အဓိကရဲ့ အနှစ်သာရကို သွားကြည့်လိုက်ရင်လည်း အန်ကယ်မြင်တာကတော့ အချက် ၁ချက်ပဲ အဲ့ဒီဟာက ဘာလဲဆိုတော့လွှတ်တော်ထဲမှာ ရွေးကောက်တင်မြှောက်ခံ မဟုတ်ဘဲနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သဘောထားနဲ့ပေးတဲ့ တပ်မတော်သား လွတ်တော်ကိုယ်စားလှယ် ၂၅ % ရှိတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့အခါကျတော့ ပြင်ဆင်ချင်ရင် ၇၅ % ကျော်ရမယ်လို့ သူကပြဋ္ဌာန်းထားလိုက်တဲ့ အဓိပ္ပာယ်က ဘာလဲဆိုတော့ တပ်မတော်က ဗီတိုအာဏာရသွားတာပဲ၊ သူကသဘောမတူရင် ပြင်လို့မရဘူးဆိုတဲ့ အနေအထားမျိုးမှာ  ဖြစ်တယ် ၊ အဲ့ဒီတော့ ဒီလိုအချိန်အခါမျိုးနဲ့ ဒီအခြေအနေမှာဆို ဒါဟာ ဖြေလျော့ဖို့ကောင်းပြီလို့ တွက်တယ် ။ အဲ့ဒီတော့ ဒါကိုပြင်ဆင်တဲ့ အခါမှာ ၇၅ % ကျော်ဆိုတာကိုပြင်မလား၊ ဒါမှမဟုတ်လို့ရှိရင်  ၇၅% ကျော်မှာ အခက်အခဲ ဖြစ်နေတာက တပ်မတော်က ၂၅ % ယူထားလို့သာ၊ တကယ်လို့တပ်မတော်ကနေ ၂၅ % ထက်လျော့ပြီး ယူခဲ့မယ်ဆိုလို့လည်းပဲ ၇၅ % ဆိုတာဟာ ခက်ခဲပေမယ့်လို့ မပြင်နိုင်လောက်အောင်တော့ မဖြစ်တော့ဘူးပေါ့ ၊ အဲ့ဒီတော့ ဒီလိုဟာမျိုးဟာ အခုဒီအချိန်မှာတော့ အရေး အကြီးဆုံး စတင်ပြင်ဆင်ဖို့ကောင်းတဲ့ အနေအထားလို့ တွက်တယ်ပေါ့နော်။

မေး ။                ။ ဆိုတော့ အခုဆိုရင်တော့ ကြိုးစားနေပြီပေါ့နော်  ၊ အခု ၄၅ ဦးကော်မတီမှာလည်း အများကြီးပေါ့နော်၊ ပါတီနိုင်ငံရေး Background မတူတဲ့လူတွေ၊ ဘက်ပေါင်းစုံကလူတွေ ပါလာတယ်ဆိုတဲ့ အခါကျတော့ process ကတော့ အလုပ်တော်တော် လုပ်ကြမယ်လို့ ထင်ပါတယ် ။ အဲံဒီဟာလေးလည်း ကျွန်တော့်ကို နည်းနည်း ရှင်းပြပေးပါဦး။

ဖြေ။                 ။ ဒီဒုတိယ process ကျတော့ ဘာဖြစ်မလဲဆိုရင် ဒီဥပဒေမူကြမ်း တစ်ရပ်ကို ရေးရတော့မယ်၊ ရေးရမယ်ဆိုရင် ဥပဒေ မူကြမ်းတစ်ရပ်မှာ ပြင်ဆင်တဲ့ ဥပဒေ တစ်ခုဟာဆိုရင် ၂ခု ၃ခုကလည်းရေးလို့မရဘူး။ အဲ့ဒီတော့ တူညီတဲ့ ဘယ်လိုတူညီတဲ့ ပြင်ဆင်ချက် ပုဒ်မမျိုး ထွက်လာမလဲဆိုတာကိုတော့ စတင် ညှိနိူင်းနေပြီပေါ့နော်၊ အဲ့ဒီနေရာမှာ အခက်အခဲ ဖြစ်လာနိုင်တာက ဘာလဲဆိုတော့ အန်ကယ်တို့ မြင်တာက တစ်ချို့ ကိစ္စရပ်တွေက အခု ၂၀၁၈ ခုနှစ်ဘောင်အတွင်းမှာ သွားတဲ့အခါမှာ ဘယ်ဟာ အရေးကြီးဆုံးလည်း ဟို သာမန်အားဖြင့်ဆို အငြင်းပွားဖွယ် ကိစ္စရပ်မျိုးတွေ သိပ်အကျိုးမရှိဘဲနဲ့ အငြင်းပွားဖွယ်ကိစ္စရပ်မျိုးတွေ သွားတာထက် ထိရောက် ထိုက်တန်တဲ့ ဒီအရေးကြီးတဲ့ ပုဒ်မလောက်ကို ပြင်လိုက်နိုင်မယ်ဆိုလို့ရှိရင် အဆင်ပြေလောက်မယ်လို့ ကျွန်တော်တို့ကတွက်တယ် ၊ အဲ့ဒီတော့ အဲ့ဒီအတွက်တော့ တို့က ညှိနိူင်းရမှာပေါ့ ၊ ညှိနှိုင်းရတဲ့ အနေအထားမှာ ဘယ်လောက်ထိ အောင်မြင်မလဲ မအောင်မြင်မလဲ ဆိုတဲ့အနေအထားမျိုးကတော့ ကြိုးစားရုန်းကန်ကြည့်ရမှာပဲ။

မေး။                 ။ဟုတ်ကဲ့ ကျေးဇူးပါ နောက်တစ်ခုကတော့  NLD က ဖွဲ့စည်းပုံ ပြင်ဖို့အတွက် လုပ်တဲ့အခါမှာ လွတ်တော်ထဲမှာလည်း တော်တော် ဆူဆူညံညံ တွေ့ရပါတယ် ၊ ဆိုတဲ့ အခါကျတော့ သုံးသပ်သူတွေ ဘယ်လိုပဲ ဖြစ်စေ NLD က ဒီလိုပြင်ဆင်ဖို့အတွက် ကြိုးစားတယ် ၊ ခုနကပြောသလိုပဲ တခြား အတိုက်အခံကပဲဖြစ်ဖြစ် တပ်မတော်သား လွတ်တော်အမတ်တွေကပဲဖြစ်ဖြစ် ကန့်ကွက်သည်ဖြစ်စေ၊ ထောက်ခံသည် ဖြစ်စေ၊ NLD ကနေပြီးတော့ ဒါသေချာပေါက် အမြတ်ရမယ် ဆိုပြီးတော့မှ တွေးတာပေါ့နော်၊ ဒီလို Mind set တွေလည်းရှိတယ် အဲဒီအပေါ်မှာ အန်ကယ်နည်းနည်းပါးပါး ပြောပေးပါဦး။

ဖြေ။                 ။အန်ကယ်ကတော့ ဒီလိုတွက်တယ် အန်ကယ်တို့ရဲ့ခေါင်းဆောင် ပေါ့နော် ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်ပေါ့ အန်ကယ်တို့အမြင်နဲ့ အန်ကယ်တို့ ခေါင်းဆောင်က လက်ရှိစဉ်းစားနေတဲ့ စဉ်းစားပုံက မတူဘူး ၊ သူနဲ့ကိုယ်နဲ့ကြားထဲမှာ ပြိုင်ဆိုင်ပြီးတော့ သူရှုံးတယ် ကိုယ် မြတ်တယ်၊ သို့မဟုတ်ရင် ကိုယ်မြတ်တယ် သူရှုံးတယ်၊ အဲဒီလိုဆို NLD ကအမြတ်ရတယ် ဆိုတဲ့ ပုံစံမျိုး၊ ဘယ်သူက အမြတ်ရသွား တယ် ဆိုတဲ့ ပုံစံမျိုး အန်ကယ်တို့က သိပ်အာရုံမစိုက်ဘူး။ ဆိုတော့ နိုင်ငံတော်အတွက် ပြည်ထောင်စု အတွက် ဘယ်လောက် အမြတ်ရမလဲဆိုတာ စဉ်းစားချင်တာ။ ဆိုချင်တာက အန်ကယ်တို့က ပေးလိုက်ရတာလည်း ရှိချင်ရှိမယ်၊ ကျန်တဲ့အဖွဲ့အစည်းတွေက ပေးလိုက်ရတာလည်း ရှိချင်ရှိမယ် အန်ကယ်တို့ရဲ့ ဖြစ်ချင်တဲ့ဆန္ဒကို လျော့လိုက်ရတာလည်းရှိချင်ရှိမယ် ဟိုဘက်ကလည်း အခြားအဖွဲ့အစည်းကလည်း လျော့လိုက်ရတာလည်း ရှိချင်ရှိမယ် ဒါပေမယ့်လို့ ဘယ်သူက လျော့လိုက်ရတာပဲ ဖြစ်ဖြစ် ဘယ်သူက ရလိုက်တာပဲ ဖြစ်ဖြစ် အဓိက အခြေကနေက သူရှုံးသွားဖို့ ကိုယ်ရှုံးသွားဖို့ သူမြတ်ဖို့ ကိုယ်မြတ်ဖို့ ဆိုတာထက် အန်ကယ်တို့ အခုလိုဆောင်ရွက်လိုက်တဲ့ ညှိနိူင်းလိုက်တဲ့ အနေအထားက ဘယ်သူက မြတ်စေချင်တာလဲဆိုရင် နိုင်ငံတော်က မြတ်စေချင်တယ် ပြည်ထောင်စုက မြတ်စေချင်တယ် ၊ အဲ့ဒီတော့ NLD က အမြတ်ရသွားမယ် မရဘူးဆိုတာမျိုး အန်ကယ်တို့ မစဉ်းစားဖူးဘူး ၊ အန်ကယ်တို့ အဓိကထားတာကတော့ ပြည်ထောင်စုအတွက် နိုင်ငံတော်အတွက် ဘယ်လောက်အမြတ်ရသွားနိုင်မလဲဆိုတာပဲ မျှော်လင့်ပါတယ်။

မေး။                 ။နောက်ထပ် ဒါကလည်း မမေးမဖြစ်လို့ပါပဲ  ပုဂ္ဂိုလ်ရေးတော့ မဟုတ်ပါဘူး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောတယ်ပေါ့နော်၊ ပြင်ဆင်သင့် ပြင်ဆင်ထိုက်တဲ့ ပုဒ်မတွေကို ပြင်ဆင်သင့် ပြင်ဆင်ထိုက်တဲ့ အချိန်မှာ ပြင်ဆင်မယ်ဆိုပြီးတော့ ဒါမျိုးပြောတယ်ပေါ့နော်။ ဆိုတော့ ဒီပေါ်မှာရော အန်ကယ် ဘယ်လို သုံးသပ်လဲ ။

ဖြေ။                 ။  ဒါက တကယ်တမ်း ရည်ရွယ်ချက်မှန်ပြီးတော့ စေတနာလည်းမှန်တယ်ဆိုရင် အင်မတန် တန်ဖိုးရှိတဲ့ စကားစု အားဖြင့်တော့ အင်မတန် တန်ဖိုးရှိတဲ့စကားရပ်ပါပဲ၊ အဲ့ဒီထက် တကယ်စေတနာမှန်ပြီးတော့ အကောင်အထည်ဖော်နိုင်ဖို့ပဲ လိုတာပဲ၊ အဲ့ဒီဟာကိုလည်း အန်ကယ်တို့က လုပ်တာပဲ၊ အခု ဒီလိုဆိုပါတော့ အန်ကယ်တို့ လုပ်တဲ့ လုပ်ငန်းဆိုပါတော့ ၄၅ ဦး ပူးပေါင်းကော်မတီနဲ့ အပြင်ဘက်မှာ ဥပဒေကြမ်းတွေကို ညှိနှိုင်းတဲ့ အဆင့် တပ်မတော်သားအစုအဖွဲ့တွေ လည်းပါဝင်တယ် ၊လုပ်ပေးတယ် လုပ်ပေးဖို့ ဒီလိုလမ်းကြောင်းကို တီထွင်တယ်ဆိုတာကိုက အဲဒီဟာပဲ တကယ်လို့ကာကွယ်ရေး ဦးစီးချုပ်ကြီးအနေနဲ့ တကယ်တမ်း ဒါ ပြင်ဆင်သင့် ပြင်ဆင်ထိုက်တဲ့ အချိန်မှာ ပြင်ဆင်သင့်ပြင်ဆင်ထိုက်တာတွေကို ပြင်ဆင်မယ်လို့သာ တကယ်လို့ ရည်ရွယ်ချက်ရှိရင် အခုလို လုပ်လိုက်တဲ့အတွက် လွတ်တော်ထဲကို ဥပဒေကြမ်းကြီးနဲ့ တိုက်ရိုက် မတင်လိုက်သေးခင်မှာ ဥပဒေကြမ်းတစ်ရပ်ဖြစ်ဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ တကယ်လို့သာ ဆန္ဒရှိရင် ဒီအချိန်ကတော့ ဒီလောက်ကေတာ့ ပြင်လို့ ကောင်းတယ်၊ ဒီလောက်ကေတာ့ ပြင်လို့မကောင်းဘူးလို့ ဆိုရင် အဲ့ဒီတာဝန်ရှိတဲ့ ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ပူးပေါင်းပါဝင်လာနိုင်တယ်၊ လိုအပ်လာရင် လမ်းညှွန်မူတွေ ပြုလာနိုင်တယ် ။ သူတို့ရဲ့ အကြံပြုချက်တွေ ဖြစ်လာနိုင်တယ် ၊တကယ်လို့ ဒီလိုမလုပ်ဘဲနဲ့ ဥပေဒ ကြမ်းကို NLD အနေနဲ့ ဥပဒေကြမ်း မူကြမ်းကို တစ်ခါတည်း လွွတ်တော်ထဲကိုပဲ ကောက်တင်လိုက်မယ်ဆိုရင် ဒီအခွင့်အရေးကိုမရနိုင်ဘူး၊ အဲ့ဒီတော့ အခုလိုလုပ်တာရဲ့ အဓိကရည်ရွယ်ချက်က နိုင်ငံမှာအဆုံးဖြတ်ပြုနိုင်တဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေဟာ နိုင်ငံတော်အတွက် စေတနာထားပြီးတော့ ငါတို့တော့ဖြင့် ဘယ်အခြေအနေမျိုးကိုတော့ တိုင်းပြည်အတွက် ဘယ်လောက်လုပ်ပေးလို့ရှိရင်ဖြင့် ကောင်းပြီလဲလို့ အကြံပြုနိုင်မယ့် ညွှန်ကြားနိုင်မယ့်  လမ်းညွှန်ပေးနိုင်မယ့် လမ်းကြောင်းပြပေးနိုင်မယ့် အခွင့်အလမ်းရအောင် အင်မတန်တန်ဖိုးရှိတဲ့ အခွင့်အလမ်းတစ်ခုကို ဖော်ဆောင်ပေးနေတာပဲ။ အဲ့ဒီရည်ရွယ်ချက်နဲ့ အန်ကယ်တို့ လုပ်နေတာပဲဖြစ်ပါတယ်။

မေး ။ ။ လမ်းဖွင့်ထားတာပေါ့နော်။ ခုနကရည်ရွယ်ချက်ကောင်းတွေနဲ့လည်း လုပ်ခဲ့တယ်ဆိုတော့ အဲ့ဒီလမ်းကို လျှောက်ဖို့က တစ်ဖက်ကနေရော ဘယ်လောက်ထိ။

ဖြေ။                 ။အဲ့ဒါကျ အခါကျတော့လေ အန်ကယ်လည်း အရင်ကလည်းပြောဖူးတယ် သူတစ်ပါးရဲ့ စိတ်ကူးစိတ်သန်း ရည်ရွယ်ချက်ဆိုတာမျိုးကိုကျတော့ အန်ကယ်တို့အနေနဲ့ ဒါဘယ်လို ဘာဖြစ်လို့ ဘယ်လိုကြံဆိုတာကို အန်ကယ်တို့မြင်ဖို့ ခက်တယ် ၊ တကယ်တမ်းကျတော့ အန်ကယ့် အိမ်က ဆွမ်းကျွေးလုပ်လို့ အန်ကယ် ဖိတ်တာပဲ၊ လာတာ မလာတာကတော့ အဖိတ်ခံရတဲ့သူရဲ့ ပုဂ္ဂိုလ် အပေါ်မှာပဲ မူတည်တာပဲ ၊ အဓိကကတော့   နောက်ဆုံး နိုင်ငံတော်အတွက် ဘာအတွက် ဘာပြောချင်လဲဆိုတာ နိဂုံးချုပ်မေးလေ့မေးထ ရှိကြတယ် ၊ အန်ကယ်တို့ကိုလည်း တစ်ချို့မေးတယ် အခုဒီလိုဆိုရင် ဒီလောက်ထိအခက်အခဲဖြစ်နေလား၊ အောင်ရော အောင်မြင်မှာလား။ အောင်မြင်မယ် အောင်မြင်ဖို့ဘယ်လောက်ထိ မျှော်လင့်သလဲ။ မအောင်မြင်ရင်ရော ဘာလုပ်မှာလည်း  ဆိုတဲ့မေးခွန်းတွေ ပေါ်ပါတယ် ၊ အန်ကယ်တို့ကတော့ ရည်ရွယ်ချက်ကဘာလဲဆိုတော့ အန်ကယ်တို့က တကယ်တမ်းတိုင်းပြည်ကို လိုအပ်နေတဲ့ အခြေအနေမှာ ၊ ဒီအခြေအနေမျိုးမှာ ဒီလုပ်ငန်းကတော့ ဖြစ်သင့်ပြီ။ အဲ့ဒီတော့ ဖြစ်သင့်တဲ့အခါမှာ ဘယ်ဟာတွေကတော့ ဖြင့် ပြင်ဖို့မသင့်သေးဘူး၊ ဘယ်ဟာတွေကတော့ဖြင့် ပြင်ဖို့ သင့်ပါပြီ  ဆိုတဲ့အနေအထားမျိုးနဲ့ တကယ်တမ်း အနာဂတ်နိုင်ငံတော်အတွက် နောက်ထပ် မျိုးဆက်သစ်တွေ အတွက် အန်ကယ်တို့ တကယ်တမ်းပွင့်ပွင့်လင်းလင်း ပြောရင် အန်ကယ်တို့ ဖြတ်သန်းလာတဲ့ဘဝ မှာရှင်းရှင်းပြောရင် ငိုချင်း ရှည်ကြီးတစ်ပုဒ်ကို ကနေရတာ အခုချိန်ထိ ကနေရတုန်းပဲ၊ ဒါ ကြောင့်မို့လို့ ဒီငိုချင်းရှည်ကြီးကို အန်ကယ်တို့ရဲ့ သားသမီးတွေ မြေးမြစ်တွေ နောက်လူငယ်တွေ ထိတော့ ဒီငိုချင်းရှည်ဇာတ်လမ်းကို မဆက်စေချင်တော့ဘူး၊ မဆက်စေချင်တဲ့အတွက် အန်ကယ်တို့က ဒါကိုလုပ်တာ။   အဲ့ဒီတော့ တစ်ချို့ကလည်း ဘာဖြစ်လဲ အောင်မြင်မယ် ထင်လား မထင်ဘူးလား ဆိုတော့ အန်ကယ်တို့ကတော့ ထင်တယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် ရှိနေတဲ့ အချိန်မှာ အောင်မြင်နိုင်လောက်တဲ့ လမ်းကြောင်း နဲ့ အောင်မြင်နိုင်လောက်တဲ့ အခွင့်အလမ်းတွေ ရအောင် ဆောင်ရွက်ပေးဖို့ကတော့ အန်ကယ်တို့ တာဝန် အဲ့ဒီတော့ အောင်မြင်ခြင်း မအောင်မြင်ခြင်းဆိုတာကတော့ အကြောင်းအချင်းအရာ အများကြီးပေါ်မှာ မူတည်တယ် ။ နည်းနည်းရှည်သွားမလား တော့မသိဘူး၊ အန်ကယ်ကတော့ တစ်ခါတစ်ခါ ခေါင်းထဲမှာ မှတ်ထားတာ ရှိတယ် ၊ဟို ဒေသနာတော်ထဲမှာ ရှိတယ်မှတ်လား ပင်လယ်ထဲမှာ သင်္ဘောပျက်တော့ ဇနက ရေကူးနေတယ် နတ်သမီးက သွားမေးတယ် ကမ်းလည်းမမြင်ဘူးတဲ့ လမ်းလည်း မမြင်ဘူး ဘာဖြစ်လို့ ကူးနေတာလဲလို့မေးတော့ ပြန်ဖြေတာလေးကို သဘောကျတယ် ကမ်းကိုမမြင်တာလည်းသိတယ် လမ်းကို မမြင်တာလည်း သိတယ် ဒါပေမယ့် ကမ်းကိုမမြင်သည်ဖြစ်စေ လမ်းကိုမမြင်သည်ဖြစ်စေ အကျိုးကိုမြင်လို့ ကူးတာ လို့ သူကဖြေခဲ့ဖူးတယ် ၊ အခုလည်း ဒီလိုပဲ အန်ကယ်တို့ အခုကြိုးစားနေတာက ကမ်းကိုမြင်သည် ဖြစ်စေ လမ်းကိုမြင်သည်ဖြစ်စေ ဘယ်လောက်ထိ အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာကို မှန်းဆနိုင်သည်ဖြစ်စေ မမှန်းစနိုင်သည်ဖြစ်စေ အခု ဒီအချိန်နဲ့ ဒီအခါမှာ ဒီလိုအလုပ်လုပ်ပြီးတော့ ဒီလိုလေးများ ညှိနိုင်းလိုက်နိုင်ကြမယ်ဆိုရင်  အကျိုးတစ်ခုခုတော့ ရှိမယ်လို့ ယုံကြည်တယ် ၊ NLD မြတ်ခြင်းမမြတ်ခြင်းဆိုတာထက် တိုင်းပြည်အတွက် အကျိုးတစ်ခုခုတော့ သေချာပေါက်ရှိနိုင်ပါတယ်လို့ ယုံကြည်တဲ့အတွက် အန်ကယ်တို့ဆောင်ရွက်နေတာပါ ။

မေး။                 ။ ဒုတိယ လွှတ်တော် သက်တမ်းမှာဆိုရင် တော်တော်လေးကို ဆူဆူညံညံ စိတ်ဝင်စားတဲ့ issue ပေါ့နော်၊  ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေး ဆွေးနွေးကြတဲ့ ကိုယ်စားလှယ် အရေအတွက်တွေကလည်း တော်တော်များတယ်ပေါ့နော်။ အလုပ်လည်းတော်တော်လေး လုပ်ကြတယ်ပေါ့နော်၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လွှတ်တော်ထဲက အခင်းအကျင်းလေးလည်း ဆွေးနွေးကြတဲ့ဟာလေး အဲ့ဒီဟာလေးလည်း နည်းနည်းပြောပြ စေလိုပါတယ် ။

ဖြေ။                 ။လွှတ်တော်ထဲက အခင်းအကျင်းကတော့ အန်ကယ်ကတော့ ဒီလိုထင်တယ် ၊လွှတ်တော်ထဲမှာ အခုဆိုရင်တော်တော်များများ ဆွေးနွေးကြတယ်။ အထူးသဖြင့်ဆိုရင် အရေအတွက် တော်တော်များများက ဟို တပ်မတော် အစုအဖွဲ့ကလည်း လွှတ်တော်ထဲမှာ အင်မတန်ကို   စိတ်ဝင်တစား ဆွေးနွေးကြတဲ့ အနေအထားမျိုးတွေ ရှိလာတာပေါ့နော် ။

မေး။                 ။ ကျွန်တော်တို့ မှတ်မိသလောက်ဆိုလို့ရှိရင် တပ်မတော်သား  လွှတ်တော်အမတ်တွေ အမျိုးသမီးတွေဟာ ဆိုလို့ရှိရင် ဆွေးနွေးလေ့ ဆွေးနွေးထမရှိဘူးပေါ့နော်၊ ဒါပေမယ့် ဒီဖွဲ့စည်းပုံမှာတော့ သူတို့ပါ ဆွေးနွေးကြတာတွေ့ရတယ်ပေါ့နော်၊ ဒါတော်တော် ထူးထူးဆန်းဆန်း အခြင်းအရာပေါ့နော်။

ဖြေ ။                ။ဆိုလိုချင်တာ ဒီပုံစံကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရေးကိုပဲ ဖြစ်ပါစေ၊ မပြင်ရေးကိုပဲဖြစ်စေ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ကိစ္စရပ်ပေါ်မှာတော့  သူတို့ အထူးကို စိတ်ဝင်စားတယ်ဆိုတာတော့ မြင်သာတဲ့ အနေအထားမျိုးရှိတာပေါ့၊ ဒါပေမယ့် တစ်ခုရှိတယ် ဆူဆူညံညံ ဖြစ်တဲ့နေရာမှာ အန်ကယ်တစ်ခုပဲ ပြောချင်တာက လွှတ်တော်ထဲမှာဆွေးနွေးကြတဲ့ အခါမှာ အခုတွေ့နေရတာက လွှတ်တော်ထဲမှာ လွှတ်တော်ရဲ့ အခင်းအကျင်း၊ လွှတ်တော်ထဲမှာ ဝင်ဆွေးနွေးနေတဲ့ အစုအဖွဲ့တွေရဲ့ ဂုဏ်အင်္ဂါ ဂုဏ်သိက္ခာနဲ့ အညီ လျှော်ညီစွာဆွေးနွေး၊ တစ်ချို့ ပြင်းပြင်းထန်ထန် ဆွေးနွေးတာမျိုးတွေလည်းကြားရတယ် ။ အဲ့ဒီဟာကတော့ အန်ကယ်တို့ သိပ်သဘောမကျဘူး စိတ်မကောင်းဘူးပေါ့နော်။ အဲ့ဒီဟာကလည်း လွှတ်တော် ဥပဒေမှာ ရှိပြီးသား   လွှတ်တော်နည်းဥပဒေမှာ ပြဋ္ဌာန်းထားပြီးသား၊ နည်းဥပဒေ ပုဒ်မ ၁၉ မှာအသေးစိတ် ပြဋ္ဌာန်းထားတယ်၊ အဲ့ဒီဟာတွေက ဘာတွေလည်းဆိုတော့ လွှတ်တော်ထဲမှာဆွေးနွေးကြတဲ့ အခါမှာဆိုရင် လွှတ်တော်ထဲမှာ ဆွေးနွေးတာနဲ့ ပတ်သက်ပြီး မဖွယ်မရာ စကားလုံးတွေ မသုံးရဘူး။ နောက် လွှတ်တော် ကိုယ်စားလှယ်ဆိုတဲ့အခါမှာ ကိုယ်အမူအရာအားဖြင့် သော်လည်းကောင်း၊  နူတ်အမူ  အရာအားဖြင့် သော်လည်းကောင်း  ယဉ်ကျေးဖို့လိုအပ်တယ်။ လွှတ်တော်ထဲမှာ ဆွေးနွေးရင်းနဲ့ မိမိကိုယ်ကို ဂုဏ်သိက္ခာ မြင့်တင်ပေးခြင်းဖြင့်သော်လည်းကောင်း၊ တစ်ဖက်လူကို ဂုဏ်သိက္ခာချခြင်းဖြင့်သော်လည်းကောင်း လွှတ်တော်မှာရတဲ့ ဆွေးနွေးဖို့ အခွင့်အရေးကို အလွဲသုံးစားမလုပ်ဖို့ လွှတ်တော်ထဲမှာ ပြဋ္ဌာန်းထားတယ်လေ ၊ ဒါကြောင့် လွှတ်တော်ထဲမှာဆွေးနွေးကြတဲ့အခါမှာ စိတ်ဝင်စားတာကောင်းပါတယ် ။  ဆွေးနွေးတဲ့အခါမှာတော့ လွှတ်တော်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လွှတ်တော်ထဲမှာရှိတဲ့   ဂုဏ်သိက္ခာနဲ့ လျှော်ညီအောင် ဆွေးနွေးကြရင်‌တော့ တိုင်းပြည်ရဲ့ပုံရိပ် ပိုပြီးလှတာ‌‌ပေါ့ဗျာ ။        

မေး။                 ။ ကျွန်တော်တို့ ဦးတည်ပြီးတော့ပြောနေတာက ဘာလဲဆိုတော့ တပ်မတော်ကနေ ၂၅% လွှတ်တော်ထဲကို ရောက်နေလို့ ပြင်ဆင်ရ ခက်တယ်ဆိုပြီးတော့  အဲ့ဒီဟာက တစ်ချက်ပေါ့နော်။ နောက်တစ်ချက်က အတိုက်အခံဆိုပြီးတော့မှ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြောနေတယ် ဆိုတဲ့အခါကျတော့ ဒီဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အတိုက်အခံပါတီ ကနေပြီးတော့ ကန့်ကွက်တာတွေ ဥပမာ အဆိုမှာ ကန့်ကွက်တာမျိုးတွေပေါ့၊ မေးခွန်းတွေကို ကန့်ကွက်တာမျိုးတွေပေါ့၊ ဖြစ်လာတဲ့အခါကျတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အတွက် ဘယ်လောက်ထိ အဟန့်အတားဖြစ်လဲ ဒါတွေက။

ဖြေ ။                ။ အဲ့ဒီဟာက အထူးတော့ သိပ်မရှိဘူး၊ ဒါကိုအဟန့်အတားလို့ တွက်လို့မရဘူး၊ အဲ့ဒီဟာက သဘာဝပဲ။ လွှတ်တော်ထဲမှာ သဘောထားချင်းတူရင် ထောက်ခံမယ်၊ သဘောထားချင်းမတူရင် ကန့်ကွက်မယ်။ ဒါလွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းပါပဲ၊ လွှတ်တော်ရဲ့ ပုံသဏ္ဌန်ပါပဲ၊  အဲ့ဒီဟာကိုတော့ အခက်အခဲလို့ ပြောလို့မရဘူးပေါ့ ၊ တစ်ခုပဲရှိတယ် ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော် သက်တမ်းတုန်းက အန်ကယ်တို့NLD က ၄၄ ယောက်ရှိတယ်ပေါ့နော် အခုလွှတ်တော်သက်တမ်းမှာတော့ ကြံ့ခိုင်ရေးက ၄၃ ယောက်ရှိတယ်ပေါ့နော် ဟိုတုန်းက အန်ကယ်တို့က အတိုက်အခံပဲ၊ ဟိုတုန်းကြံ့ခိုင်ရေးက ဦးတည်ပြီးတော့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီလိုပဲ အရေးပေါ်အဆိုတင်ခဲ့တာပဲ ပထမဆုံး အရေးပေါ်အဆိုတင်ခဲ့တုန်းကလည်း အဲ့ဒီလိုပဲ ၁၀၉ ဦးပါတဲ့ လေ့လာသုံးသပ်ရေး  ကော်မရှင်ဆိုပြီးဖွဲ့မယ်ပြောတယ်။ အန်ကယ်တို့ကလည်း အတိုက်အခံ ၊ အိုခေ ကောင်းတယ်။ အန်ကယ်တို့က ပူးပေါင်းပါဝင်တာပဲ ပူးပေါင်းပါဝင်တယ်ဆိုတဲ့အခါမှာ အကုန်လုံးကို ဝင်ပြီးထောက်ခံတာလည်း မဟုတ်ဘူး၊ အန်ကယ်တို့က အန်ကယ်တို့ အမြင်နဲ့ ကန့်ကွက်တာလည်း ရှိတယ်၊ တင်ပြတာလည်းရှိတယ် ဆွေးနွေးတာလည်း ရှိတယ် ၊ ဒါပေမယ့် အန်ကယ်တို့က အတိုက်အခံကောင်းတစ်‌ယောက် အနေနဲ့ အတိုက်အခံ အဖွဲ့အစည်းတစ်ခု အနေနဲ့ အဲ့ဒီသွားတဲ့လမ်းကြောင်းမှာပဲ ဘာမှ အနှောင့်အယှက်ပေးတာမျိုးမလုပ်ဘူး၊ ဝင်ပြီးဆွေးနွေးတယ်တင်ပြတယ်၊ တင်ပြရန် တာဝန်ရှိလို့ တင်ပြတယ်၊ ကိုယ့်တာဝန်ကိုယ် ကျေအောင်လုပ်တယ်။ တစ်ခါ ၁၀၉ ဦးကနေ လေ့လာသုံးသပ်ပြီးတဲ့ အခါကျတော့ နောက်ဆုံး ၃၂ ဦးပါသော ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်ဖော်ရေးကော်မတီ လို့ လုပ်တယ်၊ အဲ့ဒီကော်မတီမှာ NLD က ဘယ်နှယောက်ရလဲ ၂ ယောက်ပဲရတယ် ၊ အခုဒီ ၄၅ ဦးမှာလည်း ကြံ့ခိုင်ရေးက ၂ ယောက်ရတယ်။ တပ်မတော်က ၈ ဦးရတယ်၊ ရခိုင်က ၂ ဦးရတယ်၊ ရှမ်းက ၂ဦးရတယ်၊ ကျန်တဲ့ပါတီတွေက တစ်သီး ပုဂ္ဂလ တစ်ဦးစီ ရတယ်ပေါ့။ အချိုးအစု အရတော့ အန်ကယ်တို့က ၁၈ ဦး ရတယ်ပေါ့နော်။ ဟိုတုန်းက လည်း အဲ့ဒီလိုပဲ ဖွဲ့တာပဲ အဲံဒီတုန်းကလည်း NlD က ဘယ်နှယောက်ပဲရတုန်း ၂ယောက်ပဲရတယ်၊ အဲံဒီ ၂ ယောက်ထဲမှာ အဲံဒီလို အန်ကယ်နဲ့ သမ္မတကြီး ဦးဝင်းမြင့်နဲ့ ၂ယောက်ပေါ့၊ အန်ကယ်တို့ အဲ့ဒီမှာ ဘောင်ထဲမှာပဲ အန်ကယ်တို့ သွားတယ်၊ ဒီသွားနေတဲ့ လုပ်ငန်ရပ်ကြီးကို အခက်အခဲ အနှောင့် အယှက် အဟန့်အတားဖြစ်သွား အောင် အန်ကယ်တို့ ဘာမှ ဖန်တီးခဲ့တာမရှိဘူး။ ဒီထဲမှာပဲ ဝင်တယ် ဆွေးနွေးတယ် ၊ အဲဒီလိုနည်းတွေနဲ့ပဲ ကိုယ်တွေရဲ့ သဘောထားမျိုးတွေ ပြောတာပေါ့နော်။ အဲံဒီတော့ ဆိုချင်တာက ဆွေးနွေးကြတယ်  ငြင်းခုန်ကြတယ်ဆိုတာမျိုး ရှိမယ်၊ အဲ့ဒီလို ရှိတဲ့ အပေါ်မှာ မူတည်ပြီးတော့ လုပ်ငန်းစဉ်အရ ဒီလိုပဲ သွားရမှာပဲ ဖြစ်ပါတယ် ၊ဒါတွေက အထူးအနှောင့်အယှက်တော့ ပြောလို့မရပါဘူး။

မေ။                  ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အာဏာရပါတီ သက်တမ်းအတွင်းမှာ  ၂၀၂၀ အတွင်းမှာပေါ့နော် ဖွဲ့စည်းပုံ ပြင်ဆင်ရေးက ဘယ်လောက်ထိ ကျွန်တော်တို့ အလားအလာ ကောင်းနိုင်လဲ။

ဖြေ။                 ။ အလားအလာကောင်းနိုင်လဲဆိုတာက အလားအလာ ကောင်းအောင်ကြိုးစားနေတယ်လို့ ပြောလို့ရတာပေါ့ ၊အဲံဒီတော့ ဒီလက်ရှိ ဒီသက်တမ်းအတွင်းထဲမှာပဲ အန်ကယ်တို့ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး မူကြမ်းတစ်ရပ် တက်သွားပြီးတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအဆုံးအဖြတ် တစ်ခု ရပြီးတဲ့အခါမှာ အကယ်၍များ အဲ့ဒီပြောင်းလဲရမယ့် အချက်တွေထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပုဒ်မ ၄၃၆ က အရ လူထုဆန္ဒခံယူရမယ်ဆိုတဲ့ ကိစ္စရပ်မျိုးတွေ ပါလာတဲ့ အထိတောင် အဲံဒီဟာတောင်မှ ဒီသက်တမ်း အတွင်းမှာ ပြီးမြောက်အောင်၊ အောင်မြင်အောင် ဆောင်ရွက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ အဲံဒီလို အောင်မြင်အောင် ဆောင်ရွက်သွားကြရအောင်ဆိုတဲ့ အနေအထားမျိုးနဲ့  စည်းရုံးပြီး ကြိုးစား ဆောင်ရွက် နေပါတယ်။

မေ။                  ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ ဝင်တဲ့အခါကျတော့ ရွေးကောက်ပွဲ ကြေညာစာတမ်း ထုတ်တဲ့အခါမှာ ကျွန်တော်တို့ ကြည့်တဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးက တကယ့်ကို အန္တိမရည်မှန်းချက်ဖြစ်တယ်လေ ၊   ဒါပေမယ့် ပြန်ကြည့်တဲ့အခါမှာ အခုဆို ၃ နှစ်ကျော် ၃နှစ်ခွဲ ဆိုတဲ့အခါကျတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ လွှတ်တော်ထဲမှာ ဆွေးနွေးတုန်းပဲလို့ တွေ့ရတယ် ၊ ပြည်သူတွေကလည်း ဒါကိုအားမလို အားမရ ဖြစ်တယ်ပေါ့နော် ။ ဆိုတော့ အန်ကယ်တို့ ပါတီကို အာဏာရအောင် မဲပေးလာကြတဲ့ မဲဆန္ဒရှင်တွေကိုရော ဘာများပြောချင်လဲ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး။

ဖြေ။                 ။အဲ့ဒီဟာကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အန္တိမရည်မှန်းချက်လို့ သုံးရင်တော့ အဲ့ဒီ နာမဝိသေသနက မှားမယ်ထင်တယ် ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကြီးက ၁၉၈၈ ခုနှစ်ကတည်းကနေ စပြီးတော့ နိုင်ငံရေးမှာ စပြီးတော့ တစ်စိုက်မတ်မတ် ဆောင်ရွက်လာတဲ့ အခါကတော့ မြန်မာနိုင်ငံမှာ ဘယ်သောအခါမှ အာဏာရှင်စနစ်မျိုးပြန်လည် ပေါ်ပေါက်လာခြင်း မရှိဘဲနဲ့ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်မူကို ကျော်လွှားပြီးတော့ လူတွေဟာ လူရဲ့ဂုဏ်သိက္ခာနဲ့လျှော်ညီစွာ ဖြစ်တဲ့ ၊ ထိုက်သင့်တဲ့ လူအခွင့်အရေးကိုလည်း အပြည့်အဝရရှိတဲ့ နိုင်ငံရေးစနစ်မျိုး ဒီထက်ပိုပြီးပြောရမယ်ဆိုရင် ဒီမိုကရေစီစနစ်မျိုး ဒီထက်ပိုပြီး ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ အရင်တုန်းက အင်မတန်ပြောဖို့ခက်တဲ့ ဖက်ဒရယ်ဆိုတဲ့ စာလုံးကို ဘယ်သူမှ မသုံးရဲတဲ့ အချိန်ကတည်းကိုက NLD ကမြန်မာနိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံအဖြစ်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးကို သွားမယ်။ ရည်ရွယ်ချက်ပန်းတိုင်က အဲ့ဒါ၊ အဲ့ဒီမြန်မာနိုင်ငံကို တကယ်တမ်းဖြစ်ပေါ်တဲ့ ဖြစ်ပေါ်လာနိုင်တဲ့၊ နိုင်ငံမှာ စည်းလုံးညီညွှတ်မူနဲ့ ခိုင်မာတောင့်တင်းတဲ့ ငြိမ်းချမ်းရေးလည်း အပြည့်အဝရှိတဲ့ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံကြီးတစ်ခု တည်ဆောက်သွားနိုင်အောင်၊ နောက် ဒီမိုကရေစီ အမြစ်တွယ်ရအောင် ဆိုတာကမှ တကယ့် ရည်ရွယ်ချက်ပဲ။ အဲံဒီ ဒီမိုကရေစီ အမြစ်တွယ်ဖို့နဲ့ အဲံဒီမြန်မာနိုင်ငံမှာ တကယ်တမ်း ဟိုး ပင်လုံ ကတိကဝတ်တွေေတည်း ရှိနေခဲ့တဲ့ မြန်မာနိုင်ငံဟာ တကယ့်ကို ဒီမိုကရေစီဖက်ဒရယ် နိုင်ငံတော်ကြီး တည်ဆောက်မယ် ဆိုတာကမှ အန္တိမရည်ရွယ်ချက်ဖြစ်ပါတယ်။ အဲ့ဒီ အန္တိမရည်ရွယ်ချက်အတွက် လိုအပ်နေတဲ့ တစ်ထောင့် တစ်ခုဖြစ်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလို့ သုံးသပ်တာက ပိုမှန်မယ်လို့ထင်တယ် ။

မေး။                 ။ကျေးဇူးတင်ပါတယ် ၊ ကျွန်တော်တို့ Mizzima ပရိသတ်တွေကို ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အားပေးတဲ့ မဲဆန္ဒရှင် ပရိသတ်တွေကို ဘာများထပ်ပြောချင်ပါသလဲ ခင်ဗျ။

ဖြေ။                 ။ နှစ်ပေါင်း ၅၀ ကျော်လောက် အတွင်းထဲမှာ အခြေခံကျကျကို နေရာအတော်များများမှာကို၊ ဒီမိုကရေစီနဲ့ အံဝင်ခွင်ကျမဖြစ်တဲ့ အလေ့အထလည်း မရှိတဲ့ အနေအထားမျိုးကနေ ပြင်နေရတဲ့ အတွက် အခုဒီလိုအခြေအနေမျိးမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားမျိုးနဲ့ ပြောမယ်ဆိုရင် ဒီမိုကရေစီ အမြစ်တွယ်နိုင်ရေ
...

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly