ဒီဇင်ဘာအထိ ပြန်လာဖို့ မျှော်လင့်လို့ မရသေးတဲ့ ပေါ့ဂ်ဘာ

ဒီဇင်ဘာအထိ ပြန်လာဖို့ မျှော်လင့်လို့ မရသေးတဲ့ ပေါ့ဂ်ဘာ
Photo: EPA

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာဟာ ခြေကျင်းဝတ်ဒဏ်ရာရရှိထားတာကြောင့် ဒီဇင်ဘာလအထိ အနားယူရနိုင်ဖွယ်ရှိတယ်လို့ နည်းပြ ဆိုးလ်ရှားက အတည်ပြုသွားခဲ့ပါတယ်။

၂၀၁၆ ခုနှစ်က ပေါင် (၈၉)သန်းနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်အသင်းကွင်းလယ်လူဟာ စက်တင်ဘာလအကုန်က အာဆင်နယ်အသင်းကို တစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲအပြီးနောက်မှာ အသင်းအတွက် ကျန်ပွဲစဉ်အားလုံးကို လွဲချော်နေခဲ့သူဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ အသင်းအတွက် မကစားပေးနိုင်ခဲ့ဘဲ အနားယူနေရတာ တစ်လပြည့်နေပြီလည်းဖြစ်ပေမယ့် သူ့ရဲ့ ဒဏ်ရာက ပျောက်ကင်းသက်သာခြင်းမရှိသေးလို့ ဆက်လက်အနားယူရဦးမှာဖြစ်ပါတယ်။

"ပေါလ်ကို ဒီဇင်ဘာလမတိုင်ခင် ပြန်တွေ့ရမယ်လို့ ကျနော် မထင်ဘူး။ သူ ခဏလလောက်တော့ အနားယူပါလိမ့်မယ်။"လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။

"အပြည့်အဝပြန်ကောင်းလာဖို့ သူ အချိန်လိုအပ်ပါတယ်။ နိုင်ငံတကာပွဲတွေအပြီးမှာ ကစားရမယ့် ရှက်ဖီးလ်နဲ့ပွဲမှာမှ သူ ပြန်လာနိုင်ပါလိမ့်မယ်။"

ဒါ့ကြောင့် ယူနိုက်တက်တို့ဟာ နိုဝင်ဘာတစ်လလုံးကိုလည်း အဓိကကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ မပါဘဲ ကျော်ဖြတ်ရဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required