အမေရိကန် စစ်ဆင်ရေးအတွင်း အိုင်အက်စ်ခေါင်းဆောင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားဟု ထရမ့် အတည်ပြု

အမေရိကန် စစ်ဆင်ရေးအတွင်း အိုင်အက်စ်ခေါင်းဆောင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားဟု ထရမ့် အတည်ပြု

ဝါရှင်တန်၊ အောက်တိုဘာ ၂၈ ။        ။ ဆီးရီးယား အနောက်မြောက်ပိုင်းမှာ အမေရိကန်ရဲ့ စစ်ဆင်ရေးတစ်ရပ်အတွင်း ပြည်ပြေးအိုင်အက်စ်ခေါင်းဆောင်ဟာ ကိုယ့်ကိုယ်ကိုယ်  အဆုံးစီရင်သွားကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုပါတယ်။

အမေရိကန် စစ်ခွေးတွေ လိုက်လံတာကြောင့် အိုင်အက်စ်ခေါင်းဆောင် ဘဂ္ဂဒါဒီဟာ တူးမြောင်းတစ်ခုထဲ ထွက်ပြေးပြီး ၎င်းမှာ ဝတ်ဆင်ထားတဲ့ အသေခံဗုံးဝတ်စုံကို ဖောက်ခွဲလိုက်တာဖြစ်တယ်လို့ အိမ်ဖြူတော်မှာ ထရမ့်က ပြောပါတယ်။

၂၀၁၄ ခုနှစ်မှာ ဘဂ္ဂဒါဒီဟာ အိုင်အက်စ်ခေါင်းဆောင်အဖြစ် အာဏာကြီးစိုးလာပြီး အီရတ်နဲ့ ဆီးရီးယား နယ်မြေတော်တော်များများကို သိမ်းပိုက်ကာ အစ္စလာမ္မစ်နိုင်ငံတော်အဖြစ် ကြေညာခဲ့တာ ဖြစ်ပါတယ်။

အိုင်အက်စ်အုပ်စုဟာ ရက်စက်ကြမ်းကြုတ်မှုများစွာကို ကျူးလွန်ခဲ့တာကြောင့် လူထောင်သောင်းများစွာ သေဆုံးခဲ့ရတာပါတယ်။

ဂျီဟတ်အုပ်စု အိုင်အက်စ်တွေဟာ ၎င်းတို့ သိမ်းပိုက်ထားရာ နယ်မြေတွေမှာ လူမဆန်စွာ အုပ်ချုပ်ခဲ့သလို ကမ္ဘာ့တစ်လွှားမှာလည်း တိုက်ခိုက်မှုများစွာကို ကျုးလွန်ခဲ့တာပါ။

အိုင်အက်စ်တွေရဲ့ အစ္စလာမ္မစ်နိုင်ငံတော် ကျဆုံးသွားပြီလို့ အမေရိကန်က ခုနှစ် အစောပိုင်းမှာ ကြေညာခဲ့ပေမယ့် ဒေသတွင်းနဲ့ အခြားနေရာတွေမှာ အိုင်အက်စ်စစ်သွေးကြွတွေရဲ့ လှုပ်ရှားမှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။

ဘဂ္ဂဒါဒီ သေဆုံးမှုဟာ သမ္မတ ထရမ့်အတွက်တော့ ကြီးမားတဲ့ အောင်မြင်မှုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ထရမ့်ဟာ ဆီးရီးယား မြောက်ပိုင်းက အမေရိကန် တပ်တွေကို ရုပ်သိမ်းတာကြောင့် အပြင်းအထန် ဝေဖန်ခံနေရချိန်နဲ့ ဒီမိုကရက်တွေရဲ့ ၎င်းအပေါ် ပြစ်တင်စွဲဆိုဖို့ လုပ်ဆောင်နေတာကို ရင်ဆိုင်နေရချိန်မှာ ခုလို အိုင်အက်စ်ခေါင်းဆောင် ကျဆုံးသွားတာက ထရမ့်အတွက် မျက်နှာပန်းလှစရာ ဖြစ်လာတာကြောင့်ပါပဲ။

 Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly