ထားဝယ်မြို့တော် သန့်ရှင်း သာယာလှပရေး စတေကာ Campaign ပြုလုပ်

ထားဝယ်မြို့တော် သန့်ရှင်း သာယာလှပရေး စတေကာ Campaign ပြုလုပ်

ထားဝယ်၊ အောက်တိုဘာ (၂၇) ။          ။ တနင်္သာရီတိုင်း ဒေသကြီး တိုင်းရုံးစိုက်ရာ ထားဝယ်မြို့တွင် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက “ထားဝယ်မြို့တော် သန့်ရှင်းဖို့၊ စည်းကမ်း တကျ အမှိုက် ပစ်စို့” ခေါင်းစဉ်ဖြင့် လူထု လှုပ်ရှားမှု စတေကာ Campaign ပြုလုပ် ခဲ့သည်။

အဆိုပါ လူထု လှုပ်ရှားမှု စတေကာ Campaign  လှုပ့်ရှားမှုကို တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက် ပူးပေါင်း ခဲ့ကြောင်း သိရ သည်။

 “ ထားဝယ်မြို့တော် သန့်ရှင်းဖို့၊ စည်းကမ်းတကျ အမှိုက်ပစ်စို့” စာတမ်းပါ ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည့်အပြင်  “ထားဝယ်မြို့တွင် လမ်းပေါ်သို့ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ် ပါက စည်ပင် ဥပဒေ အရ အရေးယူခြင်း ခံရမည်” “မြို့တော် သန့်ရှင်း သာယာဖို့ ပူးပေါင်း ပါဝင်စို့” စာတမ်းပါ စတစ်ကာ စာရွက်များကို လမ်းသွား လမ်းလာများ၊ မော်တော်ယာဉ် အသုံးပြုသူ များ၊ သုံးဘီး မော်တော် ဆိုင်ကယ်များအား ကပ်ပေး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာ ကြရန်နှင့် လမ်းမပေါ်သို့ အမှိုက်များ မစွန့်ပစ်ကြရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့်အတူ  ပူးပေါင်းပါဝင်သူများက  ပြုလုပ်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required