ရန်လိုမှုများ ရပ်ဆိုင်းရန် အပစ်ရပ်လက်မှတ်ထိုးထားသည့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ စုပေါင်းဆောင်းဆို

ရန်လိုမှုများ ရပ်ဆိုင်းရန် အပစ်ရပ်လက်မှတ်ထိုးထားသည့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ စုပေါင်းဆောင်းဆို

အပစ်ရပ်သဘောတူ စာချုပ် အသက်ဝင်လာရန် ပစ်ခတ်မှုများနှင့် ရန်လိုမှုများ လျော့ချ ရပ်ဆိုင်းပါဟု တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ထိုးထားသည့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ရှစ်ဖွဲ့က အောက်တိုဘာ ၁၈ ရက် ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ကြေညာသည်။

“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်သည် အသက်ဝင်လာပြီ ဖြစ်၍ ပြည်ထောင်စု တစ်ဝှမ်းလုံးသို့ သက်ရောက်မှု ရှိစေရန် ပစ်ခတ်တိုက်ခိုက်မှုများ ရန်လိုမှုများ လျော့ချ ရပ်ဆိုင်းရန်” ဟု တောင်းဆိုထားသည်။

အချက်လေးချက်ပါသည့် ထုတ်ပြန်တောင်းဆိုချက်တွင် “ပစ်ခတ်တိုက်ခိုက်မှုများ၊ ရန်လိုမှုများ လျော့ချရပ်ဆိုင်းရန်” ဟူသည့် အချက်ကို ပထမဆုံး အချက်အဖြစ် တင်ပြတောင်းဆိုးထားပြီး မည်သူ့ကို ရည်ညွှန်းတောင်းဆိုသည်ကိုမူ ကြေညာချက်တွင် ဖေါ်ပြထားမထားပါ။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ခိုင်မာစေပြီး ပါဝင် လက်မှတ်ရေးထိုးထားသည့် နှစ်ဦးနှစ်ဘက် နိုင်ငံရေး ဆွေးနွေးပွဲများ ချောမွေ့စွာ ကျင်းပ အကောင်အထည်ဖေါ်နိုင်ရန်လည်း တောင်ဆိုထားသည်။ အလားတူ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများအတွက်လည်း အကူအညီများ အမြန်ဆုံးပေးရန် တောင်းဆိုထားသည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှုကြောင့် ဖမ်းဆီးခံထားရသော ကျောင်းသား ကျောင်သူများနှင့် ဝန်ရံသူများ အားလုံးကို မမြန်ဆုံး လွှတ်ပေးရန်လည်း တောင်းဆိုထားကြသည်။

အောက်တိုဘာ ၁၅ ရက် လက်မှတ်ထိုးမှုတွင် ကေအဲန်ယူ - ကရင် အမျိုးသားအစည်းအရုံး (KNU)
ကေအဲန်ယူ၊ ကေအဲန်အယ်လ်အေ (ငြိမ်းချမ်းရေး ကောင်စီ) (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ လက်မှတ် ရေးထိုးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly