ကမ္ဘာ့ ပထမဆုံး ဂီတာပုံသဏ္ဍာန် ဟိုတယ်ကြီး တရားဝင် ဖွင့်လှစ်

ကမ္ဘာ့ ပထမဆုံး ဂီတာပုံသဏ္ဍာန် ဟိုတယ်ကြီး တရားဝင် ဖွင့်လှစ်

အောက်တိုဘာ ၂၅ ။        ။ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ဟောလိဝုဒ်မြို့မှာ ကမ္ဘာ့ ပထမဆုံး ဂီတာပုံ ဟိုတယ်ကြီးကို ယမန်နေ့ အောက်တိုဘာ ၂၄ ရက်က တရားဝင်အခမ်းအနားနဲ့ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

အမြင့် ပေ ၄၅၀ (၁၃၇ မီတာ) ရှိ ယင်း ထူးခြားတဲ့ ဟိုတယ်ကြီးကိုတော့ ဖလော်ရီဒါ တောင်ပိုင်းရဲ့ အဓိက ခရီးသွား ဆွဲဆောင်ရာနေရာတစ်ခုဖြစ်စေဖို့ ဒေသခံ Seminole မျိုးနွယ်စုတွေက ဆန္ဒရှိနေကြပါတယ်။

ကမ္ဘာပေါ်က တစ်ခြားနေရာတွေမှာလည်း ခုလို ဂီတာပုံ ဟိုတယ်မျိုး မရှိတဲ့အတွက် ဒီ ထူးခြားတဲ့ ဟိုတယ်ကြီးကတော့  ဖလော်ရီဒါပြည်နယ် တောင်ပိုင်းအတွက် အဓိက ခရီးသွား ဆွဲဆောင်ရာနေရာ ဖြစ်လာဖို့ ရှိနေပါတယ်။

ယင်း ဟိုတယ်ကြီးမှာတော့ ဟိုတယ်ခန်းတွေအပြင် ကာစီနိုတွေကိုပါ ထည့်သွင်းပါရှိမှာ ဖြစ်ပါတယ်။ ယင်းကိုတော့ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ အကုန်အကျခံ တည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီ ကမ္ဘာ့ ပထမဆုံး ဂီတာ ပုံ ဟိုတယ်ကြီး ဖွင့်ပွဲအခမ်းအနားအတွင်း Seminole Hard Rock ကာစီနိုရုံကို ဂျွန်နီ ဒက်ပ် နဲ့ မော်ဂန် ဖရီးမင်းတို့ အပါအဝင် နာမည်ကျော်ပုဂ္ဂိုလ်တွေ တက်ရောက်လာခဲ့ကြပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly