ရုပ်အလောင်းတွေပါ ထရပ်ကားနဲ့ ပတ်သက်ပြီး အတည်ပြုချက်ပေးဖို့ ဗြိတိန်ကို တရုတ် တောင်းဆို

ရုပ်အလောင်းတွေပါ ထရပ်ကားနဲ့ ပတ်သက်ပြီး အတည်ပြုချက်ပေးဖို့ ဗြိတိန်ကို တရုတ် တောင်းဆို

ပေကျင်း၊ အောက်တိုဘာ ၂၅  ။       ။ လန်ဒန်မြို့အနီး ထရပ်ကားတစ်စီးပေါ်မှာ လူသေအလောင်း ၃၉ လောင်း တွေ့ရှိထားပြီး အဲဒီ အလောင်းတွေဟာ တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ သတင်းထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ဗြိတိန်ရဲတပ်ဖွဲ့က အတည်ပြုသေးချင်း မရှိဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာ ထုတ်ပြန်ပါတယ်။

စက်မှုဧရိယာအတွင်း ပါကင်ထိုးထားတဲ့ ထရပ်ကား ကွန်တင်နာအတွင်း အလောင်းတွေကို အရေးပေါ်လုပ်သားတွေ တွေ့ရှိပြီး နောက်တစ်နေ့မှာပဲ တရုတ်ကောင်စစ်ဝန်ရုံး တာဝန်ရှိသူတစ်ဦးက အက်ဆက်မြို့ဆီ ကြာသပတေးနေ့မှာ သွားရောက်ခဲ့ပါတယ်။

“အလောင်းတွေအားလုံးဟာ တရုတ်နိုင်ငံသားတွေ ဖြစ်နိုင်တယ်လို့ ယူဆရတယ်။”လို့ ဗြိတိန်ရဲတပ်ဖွဲ့က မှန်းဆပြောဆိုထားပါတယ်။ အဆိုပါ ထရပ်ကားဟာ ဘယ်ဂျီယံကနေ ကူးတို့သင်္ဘောနဲ့ ရောက်ရှိလာတဲ့ ထရပ်ကားဖြစ်ကြောင်း သိရပါတယ်။

“လူသေအလောင်းတွေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။ အလောင်းတွေဟာ တရုတ်နိုင်ငံသားတွေဆိုပြီး တစ်ထစ်ချ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တရုတ်ကောင်စစ်ဝန်အရာရှိ တုံရှုကျန်က ဗြိတိန်ရဲတပ်ဖွဲ့နဲ့ တွေ့ဆုံပြောဆိုပြီဖြစ်တယ်လို့ CCTV ရုပ်သံကနေ ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။

“ကျွန်တော်တို့ ဗြိတိန်ရဲတပ်ဖွဲ့ကို အမှန်တရား ဖော်ထုတ်ပေးဖို့ နောက်ထပ် စုံစမ်းမှုတွေ လုပ်ရန် တိုက်တွန်းထားပါတယ်။ မီဒီယာသတင်းတွေကိုလည်း ကျွန်တော်တို့ နားစွင့်နေပါမယ်။”လို့ တုံရှုကျန်က ပြောခဲ့ပါတယ်။`
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly