ကယ်လီဖိုးနီးယားတွင် တောမီးလောင်ကျွမ်းမှုကြောင့် ဒေသခံ ၅ သောင်းခန့် ဘေးလွတ်ရာ ရွှေ့ပြောင်း

ကယ်လီဖိုးနီးယားတွင် တောမီးလောင်ကျွမ်းမှုကြောင့် ဒေသခံ ၅ သောင်းခန့် ဘေးလွတ်ရာ ရွှေ့ပြောင်း

အောက်တိုဘာ ၂၅ ။       ။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က ဝိုင်ထွက်ရာ ဒေသမှာ တောမီးတွေ အလျင်အမြန် ကူးစက်ပြန့်နှံ့လောင်ကျွမ်းနေလျက် ရှိတဲ့အတွက် အဆောက်အအုံတွေ မီးလောင်ပျက်စီးခဲ့သလို ဒေသခံ ၅၀,၀၀၀ ခန့်ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

လက်ရှိအခြေအနေအရ တောမီးတွေဟာ ပြည်နယ်တစ်ဝန်း ပိုမို ပြန့်နှံ့လောင်ကျွမ်းနိုင်တဲ့ အန္တရာယ် ရှိနေကြောင်း အာဏာပိုင်တွေကလည်း အောက်တိုဘာ ၂၄ ရက်မှာ သတိပေးထားပါတယ်။

ဆိုနိုမာ ကောင်တီ ကျေးလက်ဧရိယာတစ်ခုမှာ အဆိုပါ တောမီးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက် ညပိုင်းက စလောင်ခဲ့ပါတယ်။

အဆိုပါ တောမီးဟာ မူလက ဧကအနည်းငယ်မှာသာ လောင်ကျွမ်းနေတဲ့ အဆင့်ကနေ အချိန်တိုအတွင်းမှာပဲ ဟက်တာပေါင်း ၄,၀၀၀ အထိ ပြန့်နှံ့လောင်ကျွမ်းနေတဲ့ တောမီးကြီးအဖြစ် ပြောင်းလဲနေပြီဖြစ်ကြောင်း ကယ်လီဖိုးနီးယား မီးသတ်ဌာနဲ့ ဥပဒေစိုးမိုးရေး အရာရှိတွေက ပြောပါတယ်။

တောမီးတွေဟာ လေပြင်းတိုက်ခတ်မှုကြောင့် ထိန်းချုပ်ရ ခက်ခဲနေပြီး အလျင်အမြန်ကူးစက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လော့စ်အိန်ဂျလိစ်မြို့ မြောက်ပိုင်း မိုင် ၄၀ ခန့်အကွာမှာ လောင်ကျွမ်းနေလျက်ရှိတဲ့တောမီးေကြာင့် အနီးအနားက အဓိက အဝေးပြေးလမ်းမကြီးတစ်ခုအပါအဝင် လမ်းအများအပြားကိုလည်း ပိတ်ထားရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly