တူရကီအပေါ် အရေးယူဒဏ်ခတ်မှု အမေရိကန် ရုပ်သိမ်း

တူရကီအပေါ် အရေးယူဒဏ်ခတ်မှု အမေရိကန် ရုပ်သိမ်း

အောက်တိုဘာ ၂၄  ။        ။ တူရကီအပေါ် အရေးယူဒဏ်ခတ်ထားမှုတွေကို ပြန်လည် ဖယ်ရှားပေးလိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။

ဒါ့အပြင် ဆီးရီးယားနဲ့အကြား တူရကီနယ်စပ်တစ်လျှောက် အပစ်ရပ်စဲထားမှုဟာ အောင်မြင်မှု ရရှိနေပြီး ဒါဟာ ဆီးရီးယားမှာ အခက်အခဲပြဿနာတစ်ရပ်ကို အောင်မြင်ခြင်းဖြစ်ကြောင်း ထရမ့်က ထုတ်ဖော်သွားပါတယ်။

ဒါဟာ ဆီးရီးယားမြောက်ပိုင်းဒေသမှာ ကာ့ဒ်တပ်ဖွဲ့ဝင်တွေအပေါ် ထိုးစစ်ဆင်ခဲ့တဲ့ တူရကီတို့အပေါ် ချမှတ်ထားခဲ့တဲ့ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ထရမ့်က ကြေညာသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တူရကီတို့အနေနဲ့ တိုင်းရင်းသားတွေနဲ့ မျိုးနွယ်စု လူနည်းစုတွေကို ကာကွယ်ပေးမယ်ဆိုတဲ့ ကတိကဝတ် ပျက်ကွက်မယ်ဆိုရင်တော့ ဆန်ရှင်တွေ  ပြန်လည် ချမှတ်နိုင်ကြောင်း ထရမ့်က သတိပေးသွားပါတယ်။

ဒီလအစောပိုင်းက ဆီးရီးယားမြောက်ပိုင်းကနေ တပ်ဖွဲ့ဝင်တွေ ပြန်ရုပ်သိမ်းတဲ့  ဆုံးဖြတ်ချက်ကြောင့် သမ္မတထရမ့်အနေနဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ယင်းတပ်ဖွဲ့ဝင်တွေ ပြန်ရုပ်သိမ်းမှုကြောင့်ပဲ တူရကီတို့က ကာ့ဒ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့တာြဖစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly