စပိန်မှာ ရေကြီးမှုကြောင့် တစ်ဦး သေဆုံးပြီး လေးဦး ပျောက်ဆုံးနေ

စပိန်မှာ ရေကြီးမှုကြောင့် တစ်ဦး သေဆုံးပြီး လေးဦး ပျောက်ဆုံးနေ

မက်ဒရစ်၊ အောက်တိုဘာ ၂၄ ။         ။ စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလွှမ်းမှု ဖြစ်ပေါ်ရာမှာ တစ်ဦးသေဆုံးကာ လေးဦး ပျောက်ဆုံးနေသလို ကားလမ်းနဲ့ လေကြောင်းခရီးစဉ်တွေ အမျှင်ပြတ်နေကြောင်း တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဘာစီလိုနာမြို့ရဲ့ မြောက်ဖက် ၂၅ မိုင်အကွာခန့်က ကယ်ဒက်စ်မြို့မှာ လူတစ်ဦး ပျောက်ဆုံးနေကြောင်း တိုင်ချက်လာဖွင့်ပြီးနောက်ပိုင်း ကမ်းခြေတစ်နေရာမှာ အင်္ဂါနေ့နှောင်းပိုင်းက ၎င်း ပျောက်ဆုံးနေတယ်ဆိုသူရဲ့ ရုပ်အလောင်းကို တွေ့ရှိတာဖြစ်တယ်လို့ ဌာနေရဲဌာနက တွစ်တာမှာ ရေးသားပါတယ်။

တာရာဂိုနာဆိပ်ကမ်းက မိုင် ၂၀ အကွာ ဗီလာဗက်အရပ်မှာ ရေကြီးမှုကြောင့် နေအိမ်မျောပါပြီး ပျောက်ဆုံးနေတဲ့ မိခင်တစ်ဦးနဲ့ အရွယ်ရောက် သားတစ်ဦးတို့ကို ရဟတ်ယာဉ်တွေ အကူအညီနဲ့ မီးသတ်တပ်ဖွဲ့က ရှာဖွေနေကြောင်းလည်း သိရပါတယ်။

အဲဒီအရပ်မှာပဲ မြစ်တစ်မြစ်အနီး ကားတစ်စီးကို တွေ့ရှိပြီး ကားပေါ်လိုက်ပါသူ နှစ်ဦး ပျောက်ဆုံးနေတယ်ဆိုတာကြောင့် ကယ်ဆယ်ရေးသမားတွေက လိုက်လံရှာဖွေလျက် ရှိနေပါတယ်။

တစ်ညလုံးလိုလို မိုးသည်းထန်တာကြောင့် ကာတာလိုနီးယားအရပ်မှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး ရေဘေးသင့်ပြည်သူပေါင်း ၂၅၀၀၀ ကျော်မက ရှိနေကာ ရေကြီးမြေပြိုမှုတွေကြောင့် ကားလမ်း ၄၀ ကျော်ကို ပိတ်ထားရပါတယ်။

ပြီးခဲ့တဲ့လက စပိန်နိုင်ငံမှာ စံချိန်တင်မိုးကြီးတာကြောင့် လူ ခုနစ်ဦး သေဆုံးခဲ့ပါတယ်။ မနှစ်ကလည်း မိုးသည်းထန်ပြီး မြစ်ရေလျှံတက်မှုတွေကြောင်း လူ ၁၃ ဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly