ဆိုးယုတ်သည့် လုပ်ရပ်များ ကျူးလွန်ခြင်းအတွက် နန်းတွင်းအမှုထမ်း ၆ ဦးအား ထိုင်းဘုရင် ထုတ်ပယ်

ဆိုးယုတ်သည့် လုပ်ရပ်များ ကျူးလွန်ခြင်းအတွက် နန်းတွင်းအမှုထမ်း ၆ ဦးအား ထိုင်းဘုရင် ထုတ်ပယ်

အောက်တိုဘာ ၂၄ ။           ။ အလွန်တရာ ယုတ်ညံ့တဲ့ လုပ်ရပ်တွေ ကျူးလွန်ထားခဲ့၍ဟု ဆိုပြီး နန်းတွင်း အကြီးတန်း အမှုထမ်း ခြောက်ဦးအား ထိုင်းဘုရင် မဟာဝီဇရာလောင်ကွန်းက ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း ထိုင်းဘုရင့်နန်းတော်က အောက်တိုဘာ ၂၃ ရက်မှာ ကြေညာပါတယ်။

ဒါဟာ မကြာသေးခင်ကမှ တော်ဝင် ကြင်ယာတော်ဖြစ်သူ သစ္စာမဲ့လို့ဆိုပြီး ဖယ်ရှားခံရမှုအပြီး ယခုလို အမှုထမ်းတွေ ထုတ်ပယ်ခံရမှု ပေါ်ပေါက်လာတာဖြစ်ပါတယ်။

ယခုလို နန်းတွင်း အမှုထမ်းတွေအဖြစ်ကနေ ထုတ်ပယ်ခံသူ ခြောက်ဦးထဲမှာတော့ အမျိုးသမီးတစ်ဦး၊ အဆင့်မြင့်ရဲအရာရှိတစ်ဦးနဲ့ အခြား တော်ဝင် အစောင့်အကြပ်နှစ်ဦး ပါဝင်ကြောင်း သိရပါတယ်။

၎င်းတို့ အားလုံးဟာ ၎င်းတို့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွား ဒါမှမဟုတ် နီးစပ်သူတွေရဲ့ အကျိုးအတွက် ၎င်းတို့ရဲ့ ရာထူးတွေကို တလွဲအသုံးချထားခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ထိုင်းဘုရင်က အသက် ၃၄ နှစ်ရှိ ကြင်ယာတော် ဆီနီနတ် ဝေါင်ဗာဂျီရာပါကဒီ ကို သစ္စာမဲ့လို့ ဆိုပြီး သူမရဲ့ အဆောင်အယောင်တွေ ပြန်လည် ရုပ်သိမ်းထားခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags