ယူကေမှာ ထရပ်ကား ကုန်သေတ္တာတစ်ခုထဲကနေ အလောင်း ၃၉ လောင်း တွေ့ရှိမှု စုံစမ်းစစ်ဆေး

ယူကေမှာ ထရပ်ကား ကုန်သေတ္တာတစ်ခုထဲကနေ အလောင်း ၃၉ လောင်း တွေ့ရှိမှု စုံစမ်းစစ်ဆေး

 

 

အောက်တိုဘာ ၂၃

လန်ဒန်မြို့အနီး လော်ရီကား ကွန်တိန်နာတစ်ခုထဲမှာ အလောင်း ၃၉ လောင်း ရှာတွေ့ထားခဲ့ကြောင်း အောက်တိုဘာ ၂၃ ရက်က ဗြိတိန် ရဲတပ်ဖွဲ့ထံကနေ သိရပါတယ်။

Essex ကောင်တီမှာ အဆိုပါ အလောင်းတွေ တွေ့ရှိမှုကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေလျက်ရှိပါတယ်။

လက်ရှိအချိန်မှာတော့ လော်ရီကားဒရိုင်ဘာဖြစ်တဲ့ မြောက်အိုင်ယာလန်က အသက် ၂၅ နှစ်အရွယ် အမျိုးသားကို သံသယရှိ လူသတ်တရားခံအနေနဲ့ တာဝန်ရှိသူတွေက ထိန်းသိမ်းထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ယင်း ကားဟာ ဘူလ်ဂေးရီးယားကနေ လာတာဖြစ်ပြီး နိုင်ငံထဲကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်က ဝင်လာခဲ့တာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ အဆိုပါ အလောင်းတွေကို ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်ဖို့နဲ့ တစ်ခြား စုံစမ်းစစ်ဆေးမှုတွေကိုလုပ်ဆောင်ေနလျက် ရှိပါတယ်။

ခုလို ကားထဲ အလောင်းတွေ တွေ့ရှိမှုအတွက် များစွာ တုန်လှုပ်ခြောက်ခြားမိတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ပြောသွားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly