မက်ဆီရဲ့ ချန်ပီယံလိဂ် စံချိန်တစ်ခုကို ချိုးဖျက်ခဲ့သလို လူစားဝင်ပြီး အမြန်ဆုံးဟက်ထရစ်ရခဲ့တဲ့ အမ်ဘာပေ

မက်ဆီရဲ့ ချန်ပီယံလိဂ် စံချိန်တစ်ခုကို ချိုးဖျက်ခဲ့သလို လူစားဝင်ပြီး အမြန်ဆုံးဟက်ထရစ်ရခဲ့တဲ့ အမ်ဘာပေ
Photos: EPA

ပီအက်စ်ဂျီတိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေဟာ ကလပ်ဘရုဂေးကို (၅)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့လို့ ချန်ပီယံလိဂ်သမိုင်းမှာ အသက်အငယ်ဆုံးနဲ့ (၁၅)ဂိုးပြည့်မြောက်တဲ့ ကစားသမားအဖြစ် မက်ဆီကို ကျော်ဖြတ်ကာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

မက်ဆီက အသက် (၂၁)နှစ်နဲ့ (၂၈၈)ရက်အရွယ်မှာ ချန်ပီယံလိဂ် (၁၅)ဂိုးပြည့်မြောက်ခဲ့တာဖြစ်ပြီး အမ်ဘာပေကတော့ အသက် (၂၀)နဲ့ (၃၀၆)ရက်မှာ (၁၅)ဂိုး ပြည့်မြောက်ခဲ့လို့ မက်ဆီရဲ့ စံချိန်မှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

မက်ဆီက သူ့တုန်းက ရီးယဲလ်ဂန္တဝင်ရာအူးလ်ရဲ့ (၂၂)နှစ်နဲ့ (၁၆၃)ရက် စံချိန်ကို ချိုးခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ဘရုဂေးနဲ့ပွဲမှာ ဒုတိယပိုင်း (၅၂)မိနစ်ရောက်မှသာ လူစားဝင်ကစားခဲ့တာဖြစ်ပေမယ့် နောက်ထပ်စံချိန်မှတ်တမ်းတစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

ဒါကတော့ လူစားဝင်လာခဲ့ပြီးနောက် (၂၂)မိနစ်အတွင်းမှာပဲ သွင်းဂိုး (၃)ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်က အားလ်ဘော့အသင်းနဲ့ပွဲမှာ လူစားဝင်ပြီး ဗီလာရီးယဲလ်အသင်းအတွက် ဟက်ထရစ်သွင်းယူခဲ့တဲ့ လော်ရန်တီရဲ့ စံချိန်မှတ်တမ်းနောက်ပိုင်း ပီအက်စ်ဂျီကြယ်ပွင့်ရဲ့ ချန်ပီယံလိဂ်လူစားဝင် ဟက်ထရစ်ကလည်း ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

အမ်ဘာပေဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပေမယ့်လည်း လီဂူ-၁ လိဂ်မှာ အသင်းအတွက် (၅)ပွဲကစားပေးခဲ့ရာမှာ သွင်းဂိုး (၂)ဂိုးနဲ့ ဂိုးဖန်တီးမှု (၃)ကြိမ်ပြုလုပ်ထားတာကြောင့် သူဟာ ပြည်တွင်းလိဂ်မှာလည်း ခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required