စင်္ကာပူမှာ စမ်းသပ်ပျံသန်းမှုပြုလုပ်ခဲ့တဲ့ Volocopter မိုးပျံတက္ကဆီ

စင်္ကာပူမှာ စမ်းသပ်ပျံသန်းမှုပြုလုပ်ခဲ့တဲ့ Volocopter မိုးပျံတက္ကဆီ
Photos: AFP & EPA

ဂျာမနီကုမ္ပဏီ Volocopter က လျှပ်စစ်စွမ်းအင်သုံး မိုးပျံတက္ကဆီကို အောက်တိုဘာ ၂၂ ရက်နေ့က စင်္ကာပူမှာ စမ်းသပ်ပျံသန်းမှုပြုလုပ်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုနောက်ကွယ်မှာတော့ ယာဉ်ကြောပိတ်ဆို့တဲ့ အာရှမြို့များမှာ သွားလာရေးကို ပြောင်းလဲပစ်နိုင်လိမ့်မယ်လို့ ကုမ္ပဏီက မျှော်လင့်နေပါတယ်။

Volocopter ခေါ်တဲ့ မိုးပျံတက္ကဆီဟာ ဒေါင်လိုက်ပျံတက်တာ၊ ဆင်းသက်တာ လုပ်နိုင်မှာဖြစ်သလို ခရီးသည် (၂)ယောက် တင်ဆောင်ကာ (၃၅)ကီလိုမီတာ အကွာအဝေးအထိ ပျံသန်းနိုင်မှာပါ။

Volocopter ဟာ ရဟတ်ယာဉ်နဲ့ ဆင်တူပေမယ့် ဒရုန်းနည်းပညာကို အခြေခံထားပြီး ပန်ကာဒလက် (၁၈)ခု အသုံးပြုထားပါတယ်။ လေယာဉ်မှူးနဲ့ မောင်းနိုင်သလို အဝေးထိန်းစနစ်နဲ့လည်း မောင်းနှင်နိုင်ပါတယ်။

စွမ်းအင်ရင်းမြစ်အနေနဲ့တော့ (၅)မိနစ်အတွင်း ပြန်လည်အစားထိုးနိုင်တဲ့ လီသီယမ်အိုင်းယွန်းဘက်ထရီတွေကို လဲလှယ်ပြီး အားပြန်သွင်းနိုင်ပါတယ်။

ဂျာမနီကုမ္ပဏီက ဒီယာဉ်ကို ဒူဘိုင်း၊ ဟယ်လ်စင်ကီ၊ ဂျာမနီနဲ့ လက်စ်ဗီးကစ်တို့မှာ စမ်းသပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် စင်္ကာပူမြို့လယ်မှာ ဒါဟာ ပထမဆုံး စမ်းသပ်ပျံသန်းမှုဖြစ်ပါတယ်။

မိုးပျံတက္ကဆီခရီးစဉ်အတွက် စျေးနှုန်းကို မသတ်မှတ်ရသေးပေမယ့်လည်း Volocopter က ရိုးရိုးတက္ကဆီစီးခရဲ့အထက်လောက်သာ ကုန်ကျမယ်လို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ဒီမိုးပျံတက္ကဆီကို မြို့တွင်း ဖြတ်သန်းလမ်းကြောင်းများအတွက် အနာဂတ်မှာ အသုံးပြုဖို့ စီစဉ်ထားပါတယ်။

ဂျာမနီကုမ္ပဏီအနေနဲ့ ဒီဝန်ဆောင်မှုကို အိန္ဒိယနဲ့ တရုတ်တို့ရဲ့ နေရာအချို့အပါအဝင် ဂျကာတာ၊ ၊ မနီလာနဲ့ ဘန်ကောက်မြို့တွေဆီ ပို့ဆောင်လိုတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly