ဖောက်ခွဲရေးပစ္စည်းများနှင့်ဖမ်းမိခဲ့သော AA လက်နက်ကိုင်အဖွဲ့မှ ဒုအရာခံဗိုလ်တစ်ဦးအပါအဝင် ၆ ဦးကို ဒုတိယအကြိမ် ရုံးထုတ်

22 October 2019

=====================
မန္တလေးမြို့တွင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် AA လက်နက်ကိုင်အဖွဲ့မှ ဒုအရာဗိုလ် တစ်ဦးအပါအဝင် ၆ ဦးကို အောက်တိုဘာလ ၂၂ ရက် မွန်းလွဲ ၃ နာရီက မန္တလေးခရိုင် တရားရုံးတွင် ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။

စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်ကမန္တလေးမြို့ ချမ်းမြ သာစည်မြို့နယ်၊မြို့သစ် (၅) ရပ်ကွက်ရှိ လမ်း ၇၀၊ ဒဿနလမ်းရှိ နေအိမ်တစ်ခုတွင် အမျိုးသား (၄) ဦးနှင့်အတူ ဖောက်ခွဲဖျက်ဆီး ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့် ဆက်သွယ်ရေးပစ္စည်းများ ဖမ်းဆီရရှိခဲ့ပြီး နောက်ထပ်ဆက်စပ်သူ (၂) ဦးကို ဆက်လက်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အဆိုပါအမှုမှ ဆက်စပ်ပါဝင်သူ (၃) ဦးမှာ လွတ်မြောက်နေဆဲဖြစ်သည်။ ၎င်းတို့ကို တရားခံပြေးများအဖြစ် ဝရမ်းထုတ်ထားကြောင်းသိရသည်။

လာမည့် ရုံးချိန်းကို နိုဝင်ဘာလ ၄ ရက်နေ့သို့ ချိန်းဆိုထားပြီး အဆိုပါရုံးချိန်းတွင် မည်သို့ စစ်ဆေး သွားရမည်ကို မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အစည်းအဝေး ပြုလုပ်သွားမည်ဟု ဒေါ်မာလာထွဋ်က ဆိုသည်။
သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/61805
ရိုက်ကူး - အောင်ကိုဉီး/ မဇ္ဈိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly