ဂျပန်ဘုရင်သစ် နာရူဟီတို တရားဝင် နန်းတက်

ဂျပန်ဘုရင်သစ် နာရူဟီတို တရားဝင် နန်းတက်

အောက်တိုဘာ ၂၂။           ။ ဂျပန်ဧကရာဇ် နာရူဟီတိုကတော့ ယနေ့ အောက်တိုဘာ ၂၂ ရက်မှာ ကျင်းပပြုလုပ်တဲ့ ထီးနန်းတက်ပွဲအခမ်းအနားမှာ ကမ္ဘာတစ်ဝန်းက တက်ရောက်လာကြတဲ့ ခေါင်းဆောင်တွေ၊ တော်ဝင်ပုဂ္ဂိုလ်တွေ ရှေ့မှောက်မှာပဲ တရားဝင် ထီးနန်းတက်ခဲ့ပြီ ဖြစ်ပါတယ်။

ဂျပန်ဘုရင့်နန်းတော်မှာ ကျင်းပပြုလုပ်တဲ့ ထုံးတမ်းအစဉ်အလာ ပွဲတော်အခမ်းအနားမှာပဲ ဘုရင်သစ် နာရူဟီတိုဟာ ထီးနန်းတက်မှုကို တရားဝင် ပြီးမြောက်စေခဲ့ပြီ ဖြစ်ပါတယ်။

သက်တော် ၅၉ နှစ်ရှိပြီဖြစ်တဲ့ နာရူဟီတိုဟာ ၎င်းရဲ့ ခမည်းတော် ယခင်ဘုရင်ဟောင်း အကီဟီတို ထီးနန်းစွန့်ပြီးခဲ့ပြီးနောက် ပြီးခဲ့တဲ့ မေလမှာပဲ ဂျပန်ဘုရင်သစ်အဖြစ် တရားဝင် ထီးနန်းရယူထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ယခု အစဉ်အလာ ရိုးရာ အခမ်းအနားနဲ့အတူ ၎င်းအနေနဲ့ ယခုအခါမှ တရားဝင် နန်းတက်ပွဲ ပြုလုပ်ပြီး နန်းတက်ခဲ့တာဖြစ်ပါတယ်။

ဒီ ထီးနန်းတက်ပွဲမတိုင်မီ နိုင်ငံမှာ ဟာဂီဘစ် တိုင်ဖွန်းမုန်တိုင်းဝင်ပြီး လူ ၈၀ ဦးထက်မနည်း သေဆုံးစေခဲ့တဲ့ သဘာဝဘေးဒဏ်ကြုံတွေ့ခဲ့ရတဲ့အတွက် ဒီနန်းတက်ပွဲ စီတန်းလှည့််လည်ပွဲအခမ်းအနားတစ်ခုကိုလည်း နောက်ဆုတ်ခဲ့ရပါသေးတယ်။

အဆိုပါ ဂျပန်ဧကရာဇ်ရဲ့ နန်းတက်ပွဲအခမ်းအနားမှာ ပြည်ပနိုင်ငံတွေက အကြီးအမှူးတွေ၊ ခေါင်းဆောင်တွေလည်း တက်ရောက်ကြပြီး ၎င်းတို့အနက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်တက်ရောက်လျက် ရှိပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly