ထိုင်းဘုရင်က ကြင်ယာတော်ကို အဆောင်အယောင် ပြန်ရုပ်သိမ်း

ထိုင်းဘုရင်က ကြင်ယာတော်ကို အဆောင်အယောင် ပြန်ရုပ်သိမ်း

အောက်တိုဘာ ၂၂။         ။ ထိုင်းဘုရင် မဟာ ဝီဇရာလောင်ကွန်းက ပြီးခဲ့တဲ့လအနည်းငယ်တုန်းကမှ အသစ် တင်မြှောက်ထားတဲ့ ကြင်ယာတော် ဆီနီနတ် ဝေါင်ဗာဂျီရာပက်ဒီကို တော်ဝင်အဆောင်အယောင် အားလုံးနဲ့ စစ်တပ် ရာထူးအဆင့်တွေ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ထိုင်းတော်ဝင် နန်းတော်က ကြေညာပါတယ်။

နိုင်ငံကို အံ့သြစေခဲ့တဲ့ ယခု ကြေညာချက်ထဲမှာတော့ သူမကို သစ္စာမဲ့လို့ ခုလို ဖယ်ရှားလိုက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါဟာ ထိုင်းဘုရင်အနေနဲ့ အသက် ၃၄ နှစ်ရှိ ဆီနီနတ် ဝေါင်ဗာဂျီရာပက်ဒီကို ချောင်ကွန်ဖရား ဘွဲ့ သို့မဟုတ် တော်ဝင် ကြင်ယာတော် ဘွဲ့ကို ပြီးခဲ့တဲ့ ဇူလိုင်လကမှ အပ်နှင်းထားခဲ့တာဖြစ်ပြီး ယင်းနောက် သုံးလသာသာအကြာမှာပဲ ပြန်လည် ဖယ်ရှားလိုက်တာဖြစ်ပါတယ်။

ဒါဟာ ထိုင်းဘုရင်အနေနဲ့ မိဖုရား ဆူသီဒါကို လေးဦးမြောက် ဇနီးအဖြစ် လက်ထပ်ပြီး နှစ်လသာသာအကြာ ဇူလိုင်လမှာပဲ ဆီနီနတ် ဝေါင်ဗာဂျီရာပက်ဒီဟာ ကြင်ယာတော်အဖြစ် တင်မြှောက်ခံခဲ့ရတာဖြစ်ပါတယ်။

ထိုင်းဘုရင့်နန်းတော်ရဲ့ တရားဝင် ကြေညာချက်ထဲမှာတော့ ဆီနီနတ် ဝေါင်ဗာဂျီရာပက်ဒီဟာ အင်မတန် ရည်မှန်းချက် ကြီးလွန်းခဲ့ကြောင်း၊ သူမဟာ သူမကိုယ်သူမ ဘုရင့်တရားဝင်မိဖုရားကြီးနဲ့အဆင့်အတန်းချင်း တူအောင် တန်းညှိဖို့ ကြိုးစားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required