မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ဥပဒေ အကြောင်းအရာများ ဟောပြောဆွေးနွေးပွဲ

21 October 2019
မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ဥပဒေ အကြောင်းအရာများ ဟောပြောဆွေးနွေးပွဲ

မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ဥပဒေ အကြောင်းအရာများ ဟောပြောဆွေးနွေးပွဲ
=================================

မူးယစ်ဆေးဝါး အန္တရာယ်ကြိုတင်ကာကွယ်သည့်အနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ဥပဒေ အကြောင်းအရာများ ဟောပြောဆွေးနွေးပွဲကို အောက်တိုဘာလ ၂၁ ရက် မွန်းလွဲ ၂ နာရီက မန္တလေး မြို့၊ အောင်မြေသာစံမြို့နယ် ၁၉ လမ်း ၈၆လမ်းနှင့် ၈၇လမ်းကြားရှိ ရွှေပြည်ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုများဖြင့် နာမည်ကျော်ဇောနေသည့် နေရာအနီးတွင် ယခုကဲ့သို့ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေး ဟောပြောဆွေးနွေးပွဲ ပြုလုပ်ရခြင်းသည် ရပ်ကွက် နေပြည်သူများအနေဖြင့် မူးယစ်ဆေးဝါး အန္တရာယ်ကြိုတင်ကာကွယ် ရှောင်ရှားနိုင်စေရန်အတွက် ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲကို အောင်မြေသာစံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့နှင့်"IBJ Myanmar"မန္တလေး တရားမျှတမှုစင်တာတို့ ပူးပေါင်း လုပ်ဆောင် ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေရေးရာအထောက်အကူပြုအဖွဲ့မှ အဖွဲ့ဝင်ဖြစ်သောတရားလွှတ် တော်ရှေ့နေ ဦးဟန်ထွန်းလင်းနှင့်ရပ်မိရပ်ဖတစ်ဦးဖြစ်သော ဦးကျော်ကျော်ဝင်းတို့ ယခုကဲ့သို့ ပြောသည်။
(ရိုက်ကူး - အောင်ကိုဦး/မဇ္ဈိမ)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly