တိုင်းအစိုးရ မြေကွက်ရောင်းချမှုမှ လျှောက်လွှာကြေး ငွေကျပ်သိန်း ၈၀၀နီးပါးရရှိ

တိုင်းအစိုးရ မြေကွက်ရောင်းချမှုမှ လျှောက်လွှာကြေး ငွေကျပ်သိန်း ၈၀၀နီးပါးရရှိ

ရန်ကုန်။ ။ အောက်တိုဘာ ၂၁ ။           ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ မြေကွက်ရောင်းချမှုမှ အောက်တိုဘာလ ၂၁ရက်နေ့အထိ၁၄ရက် အ တွင်းငွေကျပ် သိန်း ၈၀၀ကျော်ရရှိထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတော်မှ သိရသည်။

တိုင်းအစိုးရအနေဖြင့် နေထိုင်ရေးလိုအပ်ချက်ရှိနေသူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အောက် တိုဘာ ၇ ရက်ကနေ့မှ စတင်ကာ ရန်ကုန်အရှေ့ပိုင်းခရိုင်စုပေါင်းရုံးတွင် လျှောက်လွှာများကို စတင် ရောင်းချပေးနေခြင်း ဖြစ်သည်။

အဆိုပါ လျှောက်လွှာများကို တစ်စောင်လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ရောင်းချခြင်းဖြစ်ပြီး အောက်တို ဘာ၂၁ရက်နေ့အထိ လျှောက်လွှာဝယ်ယူသူ ဦးရေ ရှစ်ထောင်နီးပါး ခန့်ရှိကြောင်း ကော်မတီက သိရသည်။

” လျှောက်လွှာကို တစ်သောင်းသတ်မှတ်ခြင်းသည် များတယ်လို့အများစုကပြောကြတယ်။ ငါးထောင် လောက်နဲ့ရောင်းသင့်တယ်လို့ပြောကြတာတွေရှိတယ်။ ကျွန်တော်တို့က လျှောက်လွှာအပေါ်မှာ၊ မြေ ကွက်အပေါ်မှာ အလေးထားစေချင်တဲ့အတွက် ဒီလိုလေးသတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်” ဟု YCDC မှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ဆိုသည်။

တိုင်းအစိုးရမှ ရောင်းချမည့် မြေကွက်စျေးနှုန်းတန်းဖိုးများနှင့်ပက်သက်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွက် ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုးစီစစ်ရေးအဖွဲ့မှ မြို့နယ်အလိုက် သတ်မှတ်ထားသည့် စျေးနှုန်းများကို အခြေပြု၍ ရောင်းချပေးခြင်းဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

သို့သော်ယင်းစျေးနှုန်းအပြင် လမ်း၊ရေနုတ်မြောင်း၊ ရေပိုက်လိုင်းနှင့်မီးတပ်ဆင်ခစသည့် Infrastructure တည်ဆောက်ခစရိတ်များကိုလည်းဝယ်ယူသူမှ ထပ်ဆောင်း ပေးဆောင် ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

“Infrastructure ကိစ္စ ဘာဖြစ်လို့ခုမှ ပြောသလဲဆိုရင် တစ်ချို့လိုနေတဲ့အပိုင်းတွေရှိပါတယ်။ မှုလ ကတည်းကလမ်းက ၉၀၊၉၅ရာခိုင်နှုန်းလောက်က ကွန်ကရစ်လမ်းတွေလမ်းဖောက်ပြီးသားပါ။ မီးတိုင် တွေစိုက်ပြီးသားပါ။ သွားကြည့်ပါ။ ဒါပေမယ့်တစ်ချို့နေရာတွေမှာတော့ မှန်ပါတယ်။ ချောင်ကျပြီးတော့ မြေနိမ့်တဲ့ နေရာတွေလည်းရှိ ကောင်းရှိမှာပဲ။ အားလုံးကတော့အဆင့်သင့်တော့မဟုတ်ဘူး။ ရေပေးဝေ ရေးနဲ့ပတ်သက်လို့ကျွန်တော်တို့မရှိပါဘူး။ ဒါတွေကလိုလိမ့်မယ်။ဒါကြောင့် ဖြည့်ဆည်းပေးဖို့ အတွက် ပိုကောင်းအောင် စီစဉ်ပေးတာပါ ” ၎င်းကဆက်လက်ပြောဆိုသည်။

သို့ဖြစ်ရာ Infrastructureတည်ဆောက်ရေးပိုင်းနှင့်ပတ်သက်၍ EOI ( စိတ်ဝင်စားမှုအဆိုပြုလွှာ) ခေါ်ယူသွားမည်ဖြစ်ကြောင်းသိရသည်။

“ဥပမာ ပြောရရင်သိန်း ၆၀ကျတယ်ဆိုရင်၊ ဒီ Infrastructure စရိတ်က သိန်း၅၀ ကျတယ်ဆိုရင် မြေကွက်တန်ဖိုးကသိန်း ၁၁၀ ဖြစ်သွား ပါမယ်။အဲတော့သိန်း ၆၀ကို မြေဖိုးအတွက် ငွေသွင်းရမယ်။ Infrastructure အတွက် သိန်း ၅၀သီးခြားတင်သွင်းရမယ်။အဲဒီ Infrastructure စရိတ်ရလာရင် ကုမ္ပဏီကို ပြန်သွင်းရပါမယ်။EOI ကို မကြာခင်ခေါ်ယူသွားမယ်”ဟုဦးသန်းကဆိုသည်။

မြေကွက်များ ရောင်းချရာတွင် ပထမအဆင့်အနေဖြင့် ဒဂုံလေးမြို့နယ်နှင့် ရွှေပြည်သာ၊ လှိုင်သာယာ မြို့နယ်တို့မှ မြေကွက် ၅၀၀ကျော်ကို ထုတ်ရောင်းပေးသွားမည်ဟုသိရပြီး၊ ဒုတိယအဆင့်အနေဖြင့် မြောင်းတကာ စက်မှုဇုန်တွင် စက်မှုမြေကွက်ဖော်ထုတ်ထားသည့် အကွက်ပေါင်း ၁၈၇ကွက်ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တတိယအဆင့်အနေဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ ယခင်စံပြစိုက်ပျိုး ရေးဇုန်ကြီးများအဖြစ် သတ်မှတ်ခဲ့သည့် ဧက ၉၃၀ဝကျော်ကို ရောင်းချပေးသွားမည်ဖြစ်ပြီး ပထမ အဆင့်တွင် မြေကွက်မရရှိသူများကို ကျန်အဆင့်များတွင်ဦးစားပေး ရောင်းချပေးသွားမည် ဖြစ်ကြောင်း ကော်မတီက သိရသည်။

အဆိုပါ မြေများမှာ ယခင်ကာလက မြို့သစ်များဖော်ထုတ်ခဲ့ပြီး မြို့ပြစီမံကိန်းအဖြစ် သတ်မှတ်ထား သော်လည်း ယနေ့အထိမြို့ပြစီမံကိန်းဖြစ်သော လူနေအဆောက်အဦများ အကောင်ထည် မဖော် နိုင်သေးဘဲ ကျန်ရှိနေသည့် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly