မိုလ်ဘိုင်းဖုန်း နှင့်ဆက်စပ်ပစ္စည်းတင်သွင်းမှုမှ အခွန်အကောက် ပိုမိုရရှိဟုဆို

မိုလ်ဘိုင်းဖုန်း နှင့်ဆက်စပ်ပစ္စည်းတင်သွင်းမှုမှ အခွန်အကောက် ပိုမိုရရှိဟုဆို
Photo - EPA

ရန်ကုန်။ ။ အောက်တိုဘာ ၂၁ ။        ။ စနစ်တကျပြုပြင်ပြောင်းလဲကောက်ခံခဲ့မှုကြောင့် မိုလ်ဘိုင်းဖုန်းနှင့်ဆက်စပ်ပစ္စည်းတင်သွင်းမှုမှ အခွန် အကောက်ပိုမိုရရှိခဲ့သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆိုသည်။

“ကျွန်တော်တို့မှာအောင်မြင်ချက်တစ်ခုရှိပါတယ်။ မိုလ်ဘိုင်းတယ်လီဖုန်းတွေ ဆက်သွယ်ရေးကိရိယာတွေ သွင်းတဲ့နေရာမှာ အခွန်အကောက် ကောက်ခံရရှိမှုကဆိုရင် ဟိုတုန်းကဆိုရင် တစ်နှစ်လုံးမှ ၂ဘီလီယံ လောက်ပဲရတယ်ထင်ပါတယ်။ အတိအကျတော့ မဟုတ်ပါဘူး။သို့သော်လည်းအခု နှစ်လသုံးလအတွင်းမှာ စနစ်တကျ ပြုပြင်ပြောင်းလဲ ကောက်ခံခဲ့ တာကြောင့် ၃၀ဘီလီယံထိ အံသြလောက်အောင်အခွန် အကောက် တိုးလာ တယ်လို့သိရှိရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ထို့အပြင်မိုလ်ဘိုင်းဆက်သွယ်ရေးပစ္စည်းများကို အေဂျင်စီမှတစ်ဆင့် စနစ်တကျ တင်သွင်းခြင်းဖြင့် အရည် အသွေးမီသည့် ပစ္စည်းများ စနစ်တကျအရောင်းအဝယ် ပြုလုပ်နိုင်သည့်အပြင် တိုင်းပြည်အနေဖြင့် အလို အလျောက် အခွန်အကောက်များ ရရှိနိုင်ခြင်းကြောင့် မိုလ်ဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းရောင်းချသူများ အစု အဖွဲ့ကို စနစ်တကျ ဖွဲ့စည်းကာ ပြုပြင်ပြောင်းလဲကောက်ခံမှုများြပုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

အစိုးရအနေဖြင့် ပြီးခဲ့သည့် ဇွန်လပိုင်းကစတင်ကာ လက်ကိုင်ဖုန်းဟန်းဆက် နှင့်ဆက်စပ် အပိုပစ္စည်းများ တင်သွင်းရောင်းချသူများ၊ အရောင်းဆိုင်များမှ အရောင်းပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ကာ ရောင်းချခြင်းပုံစံကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစနစ်အရ ပစ္စည်းဝယ်ယူသူအနေဖြင့် ကျသင့်သောစုစုပေါင်း တန်ဖိုးအပေါ်တွင် ကုန်သွယ်လုပ်ငန်း ခွန် ၅ရာခိုင်နှုန်း ပေးဆောင်ရခြင်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly