မက္ကဆီကိုတွင် လူထောင်ချီစုပေါင်းပြီး ဧရာမဖဲကြိုးပုံစံ ပုံဖော်ကာ ရင်သားကင်ဆာတိုက်ဖျက်ရေး နှိုးဆော်

မက္ကဆီကိုတွင် လူထောင်ချီစုပေါင်းပြီး ဧရာမဖဲကြိုးပုံစံ ပုံဖော်ကာ ရင်သားကင်ဆာတိုက်ဖျက်ရေး နှိုးဆော်

အောက်တိုဘာ ၂၁ ။         ။ မက္ကဆီကိုနိုင်ငံ ဂွာဒါလာဂျာရာမြို့မှာ အောက်တိုဘာ ၁၉ ရက်က လူထောင်နဲ့ချီ စုဝေးပြီး ဧရာမ ဖဲကြိုးကြီးတစ်ခု ပုံစံအတိုင်း ဝိုင်းဝန်းပုံဖော်ခဲ့ကြပါတယ်။

ဒီ ဖဲကြိုး ပုံဖော်မှုကတော့ နိုင်ငံမှာ ရင်သား ကင်ဆာ တိုက်ဖျက်ရေးအတွက် ပြည်သူလူထုကို အသိပညာ ပေးနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ယခု ကြိုးပမ်းမှုနဲ့အတူ ကမ္ဘာ့အရှည်လျားဆုံးသော ပန်းရောင် ဖဲကြိုးကြီး ဖန်တီးမှု အဖြစ် ဂင်းနစ် ကမ္ဘာ့ စံချိန် တင်နိုင်ဖို့ကိုလည်း ကြိုးပမ်းခဲ့ကြပါတယ်။

“ မနှစ်ကဆိုရင် ဒီနိုင်ငံမှာ အမျိုးသမီး ၅၀၀ ကျော် ရင်သားကင်ဆာကြောင့် သေဆုံးခဲ့ရပါတယ်၊ ဒီတော့ ဒီနေ့ လုပ်တဲ့ အခမ်းအနားရဲ့ ရည်ရွယ်ချက်ကတော့ ဒီ ရင်သားကင်ဆာနဲ့ပတ်သက်လို့ တိုက်ဖျက်နိုင်ရေးအတွက် အသိပညာပေးဖို့ ဖြစ်ပါတယ်၊ ကိုယ့်ရဲ့ နေအိမ်တွေမှာပဲ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးစမ်းသပ်ခြင်းနဲ့အတူ စလုပ်သွားကြရပါမယ်” လို့ Jalisco ပြည်နယ် ကျန်းမာရေးဝန်ဆောင်မှုဌာန အကြီးအကဲ မာရီယာ ဒဲလ် ကွန်ဆူလို ဆီးရားက ပြောသွားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly