ချီလီ အကြမ်းဖက်ဆန္ဒပြမှုတွေအတွင်း သေဆုံးသူ ၇ ဦးအထိ ရှိလာ

ချီလီ အကြမ်းဖက်ဆန္ဒပြမှုတွေအတွင်း သေဆုံးသူ ၇ ဦးအထိ ရှိလာ

အောက်တိုဘာ ၂၁။           ။ ချီလီနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြမှုတွေနဲ့ မငြိမ်မသက်မှုတွေအတွင်း သေဆုံးသူဦးရေဟာ ယခုအခါ ခုနစ်ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

အောက်တိုဘာ ၂၀ ရက်က ဆိုရင် မြို့တော် ဆန်တီယာဂိုအနီးက အထည်ချုပ်စက်ရုံတစ်ခု တိုက်ခိုက်လုယက်သူတစ်စုရဲ့ မီးရှို့ဖျက်စီးမှုကို ခံခဲ့ရပြီး လူငါးဦး သေဆုံးခဲ့ရပါတယ်။

ယင်း မတည်မငြိမ် အခြေအနေတွေကြောင့်ပဲ အာဏာပိုင်တွေက ကာဖျူးအမိန့်ထုတ်ပြန်မှုကို ဒုတိယ ည တစ်ညအဖြစ် ထပ်မံ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။

ဒါဟာ ယင်းနိုင်ငံမှာ မီးရထားလက်မှတ်ခအပြင် ကုန်စျေးနှုန်းတွေ မြှင့်တက်မှု၊ လူမှုဆိုင်ရာ တန်းတူညီမျှ မရှိမှုတို့အပေါ် ဆန့်ကျင်ဆန္ဒပြပွဲတွေဖြစ်ပေါ်ထားခဲ့ပြီး အပြန်အလှန် တိုက်ခိုက်မှုတွေ အပြင်းအထန် ဖြစ်ပေါ်ထားခဲ့ပါတယ်။

မြို့တော် ဆန်တီယာဂိုမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း ရဲတွေနဲ့ စစ်တပ်က မျက်ရည်ယိုဗုံးတွေ၊ ရေအမြှောက်တွေ သုံးပြီး ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့ပါတယ်။

လူဦးရေ ခုနစ်သန်းနီးပါး နေထိုင်တဲ့ မြို့တော်မှာ ဆိုရင် အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်အားလုံးနီးပါးလောက်ဟာလည်း ရပ်တန့်ထားရမှုတွေ ဖြစ်ပေါ်ခဲ့သလို စျေးဆိုင်တွေလည်း ပိတ်ထားရပါတယ်။

ဒါ့အပြင် မြို့တော်ရှိ နိုင်ငံတကာလေဆိပ်မှာလည်း လေယာဉ်ခရီးစဉ်အများစုကို ဖျက်သိမ်းထားရပါတယ်။

ဆန္ဒပြမှုတွေဘက်က ဘတ်စ်ကားတွေကို မီးရှို့တာ၊ မြေအောက်ဘူတာရုံတွေကို ဖျက်ဆီးတာ၊ ဆိုင်တွေမှာ ခိုးယူဖျက်ဆီးတာ တို့ ရှိခဲ့သလို မြို့တော် ဆန်တီယာဂိုမှာလည်း အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေနဲ့ အကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ထားခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly