ရွေးကောက်ပွဲအား စောင့်ကြည့်မည့် ပြည်တွင်းအဖွဲ့ဝင် ခြောက်ထောင်ကျော်ရှိပြီ

ရွေးကောက်ပွဲအား စောင့်ကြည့်မည့် ပြည်တွင်းအဖွဲ့ဝင် ခြောက်ထောင်ကျော်ရှိပြီ

အောက်တိုဘာ ၁၇ ရက် ။          ။ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲအား စောင့်ကြည့်မည့် ပြည်တွင်းစောင့်ကြည့်လေ့လာသူ ဦးရေ အောက်တိုဘာ ၁၅ ရက်နေ့အထိ ၆၂၆၁ ဦးရှိသွားပြီဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးသည့် 'သက်သေခံကတ်ပြား' ဖြင့် စောင့်ကြည့်မည့် ၎င်းတို့သည် 'အသိအမှတ်ပြုလွှာ' များရထားသော ပြည်တွင်းအဖွဲ့အစည်း ၉ ဖွဲ့ မှ ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ထုတ်ပြန်သည်။

ရွေးကောက်အားစောင့်ကြည့်လေ့လာလိုသည့် အခြားအဖွဲ့များအနေဖြင့်လည်း အောက်တိုဘာ ၂၄ ရက် (စနေနေ့) နောက်ဆုံးထား၍ လျှောက်ထားနိုင်သည်ဟု UEC က အောက်တိုဘာ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်တိုက်တွန်းထားသည်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ အစိတ်အပိုင်းအားလုံးအား စောင့်ကြည့် လေ့လာရန်အတွက် အခွင့်အရေးရှိသည်ဟုလည်းဆိုသည်။

ပြည်ပအဖွဲ့အစည်းများအနေဖြင့် EU၊ Nippon Foundation၊ Carter Centre၊ ANFREL foundation စသည်တို့ကလည်း ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာကြမည်ဖြစ်သည်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအနေဖြင့် ၂၀၁၅ ခု မတ်လနှင့် ဇွန်လတို့တွင် ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ လေ့လာသူများနှင့် ပတ်သက်သော "ကျင့်ဝတ်" များနှင့် "ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များ" ကို သိရှိထားရန်လိုအပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly