မလေးရှားနိုင်ငံသို့ အေးခဲသရက်သီးအနှစ်နှင့်သရက်သီးတုံးများ ပထမဆုံးစမ်းသပ်တင်ပို့မည်

မလေးရှားနိုင်ငံသို့ အေးခဲသရက်သီးအနှစ်နှင့်သရက်သီးတုံးများ ပထမဆုံးစမ်းသပ်တင်ပို့မည်

မန္တလေး၊ အောက်တိုဘာ ၁၉။            ။ မလေးရှားနိုင်ငံ၏ ပို့ကုန်စည်းကမ်းချက်များနှင့်အညီ အေးခဲသရက်သီးနှင့် သရက်သီးတုံးများကို ပထမဆုံးအကြိမ် စမ်းသပ်တင်ပို့မည်ဖြစ်ကြောင်း သဇင်နွယ် သရက်ခြံပိုင်ရှင် ဒေါ်သန်းသန်းဆွေထံက သိရသည်။

“မလေးရှားနိုင်ငံက ပို့ကုန်စည်းကမ်းသတ်မှတ်ချက်များတဲ့နိုင်ငံကို တင်ပို့နိုင်တဲ့အတွက် တခြားနိုင်ငံတွေ တင်ပို့နိုင်ဖို့လွယ်ကူသွားမှာပါ။ နောက်ထပ်လည်း ပြည်ပနိုင်ငံတွေကို ချိတ်ဆက်တင်ပို့နိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

မလေးရှားနိုင်ငံသို့ တင်ပို့ခွင့်ရရှိရန်အတွက် သတ်မှတ်စည်းကမ်းချက်များ ပြည့်မီရန် နိုင်ငံတကာပြပွဲ များသို့ သွားရောက်ပြသခြင်း၊ ထောက်ခံချက်လက်မှတ်များကိုရရှိအောင် လုပ်ဆောင်ရခြင်း၊ နမူနာ အဆင့်ဆင့်ကို တင်ပို့ရခြင်းတို့ ပြုလုပ်ပြီးနောက် ယခုကဲ့သို့တင်ပို့ခွင့်ရရှိခြဲ့ခင်းဖြစ်သည်။

“အောက်တိုဘာ ၂၁ရက်နေ့မှာ စတင်တင်ပို့သွားမှာဖြစ်ပါတယ်။ မလေးရှားနိုင်ငံက ခုမှတင်ပို့ခွင့်ရမှာ ဖြစ်ပါတယ်။ မန္တလေးလေဆိပ်ကနေ မလေးရှားတွေကိုတော့ တိုက်ရိုက် တင်ပို့တာဖြစ်ပါတယ်။ နေ့ ချင်းရောက်စနစ်နဲ့ တင်ပို့နေတာဖြစ်ပါတယ်” ဟု ဒေါ်သန်းသန်းဆွေက ဆက်ပြောသည်။

ယခုတင်ပို့သည့် အေးခဲသရက်သီးတုံး၊ သရက်သီးအနှစ်၊ သရက်ရေခဲချောင်းတို့မှာ ပြည်တွင်းတွင် ရောင်းအားကောင်းနေသော်လည်း စျေးနှုန်းအနေဖြင့် သိသာစွာမရရှိကြောင်း၊ ပြည်ပတင်ပို့ခွင့်ရရှိ ပါက ပြည်တွင်းမှသရက်သီးများကို တန်းဖိုးမြင့်ထုတ်ကုန်ပြုလုပ်ကာ ပိုမိုတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

“သရက်သီး အဆင့်မြင့်ထုတ်ကုန်တွေကို ပြည်ပစားသောက်ဆိုင်တွေက အများဆုံးဝယ်ယူလာကြ တယ်။ ဒီအတွက် ပိုမိုတိုးမြင့်ထုတ်လုပ်နိုင်ေအာင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ သရက်သီးအလုံးအ တိုင်းတင်ပို့တာထက် တန်ဖိုးမြင့် ထုတ်ကုန်အဖြစ်တင်ပို့တာက ပိုတွက်ချေကိုက်ပါတယ်” ဟု သရက်ခြံ
မန်နေဂျာ ဦးဌေးအောင်ကပြောသည်။

ယခုကဲ့သို့ တင်ပို့ရာတွင် သက်ဆိုင်ရာထောက်ခံချက်များ ရယူရခြင်း၊ နှစ်နိုင်ငံတင်ပိုရမည့် စာရွက် စာတမ်းများ လိုအပ်ချက်ကြောင့် စက်တင်ဘာလတွင် တင်ပို့ရမည် ဖြစ်သော်လည်း ယခုလ (အောက်တိုဘာ)မှ တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required